စက်တင်ဘာလ (၁၃)ရက်။
မနေ့က တနင်္သာရီမြို့မှာ ဗုံးလာကြဲတဲ့ စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ KNU-မြိတ်ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်က မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းက သွန်းခွန်းရွာအနီးဝန်းကျင်ကို ဗုံးလာကြဲတဲ့အချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့ကြတာ” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်တစင်းဟာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းရွာအနီးဝန်းကျင်ကို ဗုံးလာကြဲတဲ့အချိန် KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုပစ်ခတ်ခံရတာကြောင့် စစ်တပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ဟာ အထိအခိုက်ရှိခဲ့ပြီး မြိတ်မြို့ဘက်ကို ပြန်လှည့်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗုံးလာကြဲတဲ့ စစ်တပ်လေယာဉ်ကို KNLA တပ်မဟာ(၄)ရဲ့ လက်အောက်ခံ တပ်ရင်း(၁၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့ရာ ထိခိုက်တဲ့ အသေးစိတ်ကိုတော့ ပြောဆိုထားတာမရှိသေးပါတယ်။
ပြည်သူ့ခုခံစစ် (၄)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်တပ်လေယာဉ် (၁၂)စီးအထိ ပစ်ချနိုင်ခဲ့ပြီး (၈)စီးခန့် ပျက်ကျခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
