နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

“နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ် စတင်ခဲ့သည်မှာ နောက်ဆုံးတွင် ဝန်ကြီးချုပ်တစ်ဦးကို ဖြုတ်ချပြီး နီပေါနိုင်ငံတွင် နှစ်များအတွင်း အသေအပျောက်အများဆုံး လူမှုရေးမငြိမ်မသက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ယခုအခါတွင် ဘာဆက်ဖြစ်လာမည်နည်းဆိုသည့် ရှုပ်ထွေးသောမေးခွန်း ပေါ်ပေါက်လာသည်။

ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ကတ်မန်ဒူမြို့၏ တိတ်ဆိတ်သောလမ်းများပေါ်၌ စစ်သားများက ညမထွက်ရအမိန့်ကို လိုက်နာရန် အတင်းအကျပ်ဆောင်ရွက်နေစဉ် ခေါင်းဆောင်မဲ့ဂျင်ဇီမျိုးဆက်များ၏လှုပ်ရှားမှု၊ စစ်တပ်နှင့် သမ္မတတို့အကြား ဖြစ်နိုင်ဖွယ် တွေ့ဆုံမှု တစ်ခုအကြောင်း ကောလာဟလများ ပျံ့နှံ့နေခဲ့သည်။

လူပေါင်းသောင်းနှင့်ချီ၍ လမ်းများပေါ် ထွက်လာပြီး ၎င်းတို့၏ ဒေါသများကို ဖော်ထုတ်ကာ နိုင်ငံတော်၏ အဓိက သင်္ကေတများဖြစ်သည့် လွှတ်တော်နှင့် တရားရုံးချုပ်တို့ကို မီးရှို့ခဲ့ပြီး ၎င်းတို့ကို ထိန်းချုပ်ရန်စေလွှတ်ထားသော အစိုးရတပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် နှစ်ညတာ ရှုပ်ထွေးမှုများအပြီးတွင် မရေရာသော အေးဆေးငြိမ်သက်မှုတစ်ခု ဖြစ်ပေါ်နေပုံရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ ပဋိပက္ခများတွင် လူ ၃၀ သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

မငြိမ်မသက်မှုများသည် စက်တင်ဘာလအစောပိုင်းတွင် စတင်ခဲ့သည်။ ထိုအချိန်က ပိုလစ်စီယံများ၏ သားသမီးများက ၎င်းတို့၏ ဒီဇိုင်နာလက်ကိုင်အိတ်များနှင့် ဇိမ်ခံခရီးသွားမှုများ အကြောင်း တင်နေသည်ကို မြင်ရပြီး လူအများစုကတော့ ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေကြရသည်ကို စိတ်ကုန်နေသော နီပေါလူငယ်အုပ်စုတစ်စုက ငြိမ်းချမ်းသော ဆန္ဒပြပွဲတစ်ခုကို စီစဉ်ခဲ့သည်။

နိုင်ငံ၏ ဆိုးရွားလာနေသော လူငယ်အလုပ်လက်မဲ့ပြဿနာနှင့် စီးပွားရေးအခွင့်အလမ်းများ နည်းပါးမှုအပေါ် ဒေါသများသည် နှစ်များစွာကြာအောင် ပြည်ပတ်နေခဲ့သည်။ ထို့အပြင် နိုင်ငံ၏ အထက်တန်းလွှာနှင့် သာမန်ပြည်သူများအကြား ကြီးထွားလာနေသော ကွာဟမှုအဖြစ် အများက ရှုမြင်ခဲ့ကြပြီး ယင်းသည် ဒေါသကို ပိုမိုဆိုးရွားစေခဲ့သည်။

လူဦးရေ သန်း ၃၀ ရှိသော ဟိမဝန္တာနိုင်ငံတွင် သတင်းများ လျင်မြန်စွာ ပျံ့နှံ့ခဲ့သည်။ ထို့နောက်၊ ပြီးခဲ့သည့်အပတ်က Instagram, Facebook နှင့် WhatsApp အပါအဝင် လူမှုကွန်ရက် ပလက်ဖောင်း ၂၀ ကျော်ကို အစိုးရက ပိတ်ပင်ခဲ့မှုက မီးပေါ် လောင်စာထပ်တင်သလို ဖြစ်ခဲ့သည်။

ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ဆာရီရှား ရွှိသက CNN သို့ ပြောကြားရာတွင် “စိတ်ပျက်မှုတွေ စုပုံလာတာက ဒီလှုပ်ရှားမှုကို ဖြစ်စေခဲ့တာပါ” ဟု ပြောကြားခဲ့ပြီး လူမှုကွန်ရက်ပိတ်ပင်မှုကို “နောက်ဆုံးပေါက်ကွဲသွားစေတဲ့ အရာ” အဖြစ် ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် နီပေါ၏ အသက် ၁၅-၂၄ နှစ်ကြား လူငယ်များ အတွက် အလုပ်လက်မဲ့နှုန်းသည် ၂၀.၈% ရှိခဲ့ပြီး လူငယ်များစွာကို အလုပ်ရှာရန် နိုင်ငံခြားသို့ ပြောင်းရွှေ့ရန် တွန်းအားပေးခဲ့သည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ နီပေါ၏ GDP သုံးပုံတစ်ပုံ ကျော် (၃၃.၁%) သည် ပုဂ္ဂိုလ်ရေးငွေလွှဲမှုများမှ လာခဲ့ပြီး ယင်းအရေအတွက်သည် လွန်ခဲ့သောဆယ်စုနှစ် သုံးခုအတွင်း တည်ငြိမ်စွာ မြင့်တက်လာခဲ့သည်။

“လူမှုကွန်ရက်က ကျွန်တော်တို့ စကားပြောနိုင်၊ မျှဝေနိုင်ပြီး ကမ္ဘာ့မီဒီယာကို လိုက်ပါနိုင်တဲ့ တစ်ခုတည်းသော ပလက်ဖောင်းပါ” ဟု ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် နီပေါမှ ရုပ်ရှင် ဖန်တီးသူ တစ်ဦးဖြစ်သူ ပရာမင်က ပြောသည်။ “ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစု ဝင်တွေ၊ အစ်ကိုတွေရဲ့ အများစုက နိုင်ငံပြင်ပမှာ ရှိနေကြတာဖြစ်လို့ အဲဒါက ဆက်သွယ်ရေးရဲ့ အဓိကနည်းလမ်းဖြစ်ခဲ့ပါတယ်” ဟုလည်း ဆိုသည်။

တနင်္လာနေ့နံနက်ပိုင်းတွင် ကျောင်းဝတ်စုံဝတ်ထားသူများစွာ အပါအဝင် လူငယ်ထောင်ပေါင်း များစွာသည် ဖက်ဒရယ်လွှတ်တော်အဆောက်အအုံအနီး ကတ်မန်ဒူမြို့လယ်ရှိ မိုက်တီဂါ မန်ဒလာ အထိမ်းအမှတ်နေရာတွင် စုရုံးခဲ့ကြသည်။

သို့သော် ဆန္ဒပြသူအချို့သည် လွှတ်တော်အဆောက်အအုံဆီသို့ ရောက်ရှိလာပြီး ဂိတ်ကို တက်ကာ ရဲများနှင့် ပဋိပက္ခဖြစ်ပွားသောအခါ ဆန္ဒပြပွဲများသည် ထိန်းချုပ်မရဖြစ်ခဲ့သည်။ ရိုက်တာသတင်းဌာန၏ အဆိုအရ ရဲများက ဆန္ဒပြသူများအား ကျည်အစစ်များ၊ ရေအမြှောက် များနှင့် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။

နီပေါအာဏာပိုင်များ၏ အဆိုအရ တနင်္လာနေ့ ပဋိပက္ခများတွင် လူ ၁၉ ဦးနီးပါး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်။

“ကျွန်တော်တို့အားလုံး အဲဒီအချိန်မှာ မျှော်လင့်ချက်မဲ့ပြီး ဘာမှမတတ်နိုင်ဘူးလို့ ခံစားခဲ့ရ ပါတယ်” ဟု ရွှိသက ပြောသည်။

ပြည်ထဲရေးဝန်ကြီးအပါအဝင် အစိုးရဝန်ကြီးများစွာသည် အဆိုပါ အကြမ်းဖက်မှုများကြောင့် နီပေါနိုင်ငံတွင်းရော နိုင်ငံတကာတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ဒေါသထွက်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။

အင်္ဂါနေ့တွင် လူမျိုးမရွေး၊ အသက်အရွယ်မရွေး လူများက ညမထွက်ရအမိန့်ကို ဖီဆန်ကာ အစိုးရ၏ ရက်စက်သော နှိမ်နင်းမှုအား ဆန္ဒပြရန် လမ်းပေါ်ထွက်လာသောကြောင့် ဆန္ဒပြပွဲ များ ပိုမိုကြီးထွားလာခဲ့သည်။

“ဂျင်ဇီမျိုးဆက် (Gen Z) တွေက ဒီအကျင့်ပျက်ခြစားမှုတွေ၊ ဒီအကျင့်ပျက်နေတဲ့ နိုင်ငံရေး သမားတွေရဲ့ ကလေးတွေရဲ့ ဇိမ်ခံဘဝနေထိုင်မှုပုံစံအတွက် တာဝန်ခံမှုနဲ့ တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုကို တောင်းဆိုခဲ့ပါတယ်” ဟု လူငယ်များ သတ်ဖြတ်ခံနေရကြောင်း သတင်း များကြားပြီးနောက် ဆန္ဒပြပွဲများသို့ သွားခဲ့သူ ရွှီ ဂူရုန့် (Shree Gurung)က ပြောသည်။

“ဒါပေမယ့် ကံမကောင်းစွာပဲ ကျွန်တော်တို့ တွေ့ခဲ့ရတာက အစိုးရဟာ အင်အားကို အလွန်အကျွံ သုံးပြီး ဒီလူငယ်တွေကို သတ်ဖြတ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ပိုမိုဆိုးရွားလာခြင်း

ထိုအချိန်မှစ၍ မငြိမ်မသက်မှုများ ပိုမိုဆိုးရွားလာသည်။

ဆန္ဒပြသူများသည် ပြတင်းပေါက်များကို ရိုက်ခွဲကာ ဒေသခံစီးပွားရေးလုပ်ငန်းများကို လုယက်ခဲ့ပြီး အစိုးရအဆောက်အအုံများကို မီးရှို့ခဲ့သည်။ နီပေါလေကြောင်း ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျနာယန်ဒြာဘူလ်က CNN သို့ ပြောကြားရာတွင် နိုင်ငံ၏ အဓိက နိုင်ငံတကာလေဆိပ်သည် အကြမ်းဖက်မှုကြောင့် ၂၄ နာရီကြာ ပိတ်ထားခဲ့ပြီး နောက် ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။ တရားရုံးချုပ်နှင့် နီပေါအစိုးရ ဝန်ကြီးဌာနများ ထားရှိရာ ကတ်မန်ဒူရှိ နန်းတော်အဆောက်အအုံကြီးဖြစ်သည့် စင်ဂါ ဒူရ်ဘာ (Singha Durbar) ကိုလည်း မီးရှို့ခဲ့သည်။

ဓာတ်ပုံများတွင် လွန်ခဲ့သောနှစ်က အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားများ ဦးဆောင် သော ပုန်ကန်မှုဖြင့် အစိုးရကို ဖြုတ်ချခဲ့သည့် မြင်ကွင်းများနှင့် ဆင်တူစွာ ဆန္ဒပြသူများက စင်ဂါ ဒူရ်ဘာပေါ်တွင် မတ်တပ်ရပ်၍ နီပေါအလံကို ဝှေ့ယမ်း ပြသနေသည်ကို တွေ့ရသည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ဆန္ဒပြသူများသည် ဝန်ကြီးချုပ် ကေပီရှာမာအိုလီ (KP Sharma Oli) ၏ ကိုယ်ပိုင်နေအိမ်ကို အင်္ဂါနေ့တွင် ဖျက်ဆီးနေသည့် ဗီဒီယိုလည်း ပေါ်ထွက်ခဲ့သည်။ ဆန္ဒပြသူများအုပ်စုသည် နေအိမ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ပြီး ပရိဘောဂများကို ဖျက်ဆီးကာ မီးရှို့နေသည်ကို တွေ့ရသည်။

အသက် ၁၃ နှစ်မှ ၂၈ နှစ်ကြား လူများ (ဂျင်ဇီမျိုးဆက် (Generation Z) ဟုခေါ်သော အစုအဖွဲ့) က ဦးဆောင်သည့် ဆန္ဒပြပွဲများသည် နီပေါတွင် နှစ်များအတွင်း အဆိုးရွားဆုံး မငြိမ်မသက်မှု ဖြစ်သည်။

CNN နှင့် စကားပြောခဲ့သော ဂျင်ဇီမျိုးဆက် ဆန္ဒပြသူများသည် နောက်ပိုင်းတွင် ဖြစ်ပွား ခဲ့သော ရှုပ်ထွေးမှုများမှ မိမိတို့အနေနှင့် ခပ်ခွာခွာနေခဲ့ကြပြီး ၎င်းတို့က သူတို့၏ လှုပ်ရှားမှုထဲသို့ ခိုးဝင်လာသော အခွင့်အရေးသမားများကြောင့်ဟု အပြစ်တင်ခဲ့သည်။

“သူတို့က အကုန်လုံးကို ဖျက်ဆီးပစ်ခဲ့ပါတယ်” ဟု တနင်္လာနေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ သော်လည်း ဖျက်ဆီးမှုများကို စိတ်မကောင်းဖြစ်ခဲ့သည့် ရှေ့နေတစ်ဦးဖြစ်သူ ဆာဟက်ဒက်ဗ် ခက်ထရီ (Sahadev Khatry ) က ပြောသည်။

“ဒါတွေဟာ အဆောက်အအုံတွေ၊ အုတ်တွေသက်သက် မဟုတ်ပါဘူး” ဟု ခက်ထရီ က ပြောသည်။ “ဒီအဆောက်အအုံတွေဟာ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်း၊ ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေကို သယ်ဆောင် ထားပါတယ်” ဟုလည်း ဆိုသည်။

အိုလီ (Oli) သည် နိုင်ငံတွင်းရှိ “ထူးခြားဆန်းပြားသော အခြေအနေ” ကို ကိုးကား၍ အင်္ဂါနေ့ တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု ထိပ်တန်းအရာရှိတစ်ဦးက လူမှုကွန်ရက်တွင် တင်ခဲ့သော မှတ်တမ်းမိတ္တူတွင် ပါရှိသည်။

မြို့တော် မီးဟုန်းဟုန်းတောက်လောင်နေချိန်တွင် ကတ်မန်ဒူမြို့ပေါ်တွင် အမှောင်ထု ဖုံးလွှမ်း နေခဲ့သည်။ ယင်းသည် နိုင်ငံကို လွှမ်းခြုံနေသော မငြိမ်မသက်မှု၏ လက္ခဏာတစ်ရပ် ဖြစ်သည်။

ဝန်ကြီးချုပ်အိုလီ နုတ်ထွက်ပြီး နာရီပိုင်းအကြာတွင် နီပေါစစ်တပ်က ဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းသော ဖြေရှင်းနည်းတစ်ခုကို အယူခံဝင်ခဲ့ပြီး “ဒီလို အရေးကြီးတဲ့ အခြေအနေမှာ နောက်ထပ် အသက်ဆုံးရှုံးမှုနဲ့ ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ မဖြစ်အောင် ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူ အားလုံးကို သတိထားကြဖို့” တိုက်တွန်းခဲ့သည်။

ဆန္ဒပြသူများသည် အမြစ်တွယ်နေသော ပြဿနာများ၏ သင်္ကေတအဖြစ် ၎င်းတို့ ယူဆသည့် ခေါင်းဆောင်ကို ဖြုတ်ချနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုနေကြသော်လည်း များစွာသောသူတို့သည် ဆုံးရှုံးခဲ့ရသည့် လူငယ်များ၏ အသက်များနှင့် ယခုသီတင်းပတ်၏ ရှုပ်ထွေးမှုများကြောင့် ၎င်းတို့မြို့အတွက် ပေးဆပ်ခဲ့ရသည့် တန်ဖိုးကို တွေးပြီး စိတ်မကောင်းဖြစ်နေကြဆဲဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် မီးလောင်ကျွမ်းထားသော အပျက်အစီးများဖြင့် ပြန့်ကျဲနေသော ကတ်မန်ဒူ မြို့၏ လမ်းများသည် အများအားဖြင့် တိတ်ဆိတ်နေခဲ့သည်။ အချို့သော အဆောက်အအုံ များသည် ယခင်နေ့က မီးလောင်မှုများကြောင့် မီးခိုးများ ဆက်လက်ထွက်နေခဲ့ပြီး ရိုင်ဖယ် သေနတ်များ ကိုင်ဆောင်ထားသော စစ်သားများက နိုင်ငံတစ်ဝန်း ညမထွက်ရအမိန့်ကို အတင်းအကျပ်ဆောင်ရွက်နေခဲ့သည်။

ဘာဆက်ဖြစ်လာမည်ဆိုသည်မှာ မရေရာသေးပေ။

နီပေါသမ္မတ ရမ်ချန်ဒရာ ပေါဒယ်လ် (Ramchandra Paudel) က ဆန္ဒပြသူများအား “ငြိမ်းချမ်းသော ဖြေရှင်းမှုတစ်ခု အတွက် ပူးပေါင်းဆောင်ရွက်ရန်” တိုက်တွန်းခဲ့ပြီး လူငယ်ဆန္ဒပြသူများအား “စကားပြောရန် လာရောက်ရန်” ခေါ်ဆိုခဲ့သည်။

နီပေါတရားရုံးချုပ် ရှေ့နေအသင်းအတွင်းရေးမှူး ရာမန် ကူမာ ကာရ်နာ(Raman Kumar Karna )က CNN သို့ ပြောကြားရာတွင် ယခင်တရားသူကြီးချုပ် ဆူရှီလာ ကာကီ(Sushila Karki )သည် ဆန္ဒပြသူများက ထောက်ခံသည့် ကြားဖြတ်အစိုးရကို ဦးဆောင်မည့် အဓိက ကိုယ်စားလှယ်လောင်းအဖြစ် ပေါ်ထွက်လာသည်ဟု ဆိုသည်။ ၎င်းက သူမကို အစိုးရတာဝန်တစ်ခုသို့ တိုက်ရိုက်ခန့်အပ်ရန် ဥပဒေနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခက်အခဲများရှိကြောင်းနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

CNN နှင့် စကားပြောခဲ့သော ဆန္ဒပြသူအချို့က ဂျင်ဇီမျိုးဆက် (Gen Z) ကိုယ်စားပြုမှု ပိုမိုပါဝင်သည့် ခေါင်းဆောင်မှုအသစ်ကို ၎င်းတို့ မြင်လိုကြောင်း ပြောသည်။

“နီပေါဟာ အတွေ့အကြုံရှိတဲ့သူတွေနဲ့အတူ လူငယ်မျက်နှာသစ်တွေကို မြင်ဖို့ အသင့်ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်” ဟု ခါထရီ (Khatry) က ပြောသည်။

အခြားသူများကတော့ နှစ်များအတွင်း ၎င်းတို့၏ အကြီးမားဆုံးသော စိန်ခေါ်မှုကို ခံစားခဲ့ရသော အုပ်ချုပ်သူလူတန်းစား၏ တုံ့ပြန်မှုအပေါ် စိုးရိမ်နေကြသည်။

“ဒါဟာ အရမ်းရှုပ်ထွေးနေပါတယ်။ WhatsApp အုပ်စုတွေအားလုံးက ဆွေးနွေးမှုတွေနဲ့ ကြောက်ရွံ့မှုတွေကြောင့် ပေါက်ကွဲနေပါတယ်” ဟု ကတ်မန်ဒူမှ အသက် ၂၄ နှစ်အရွယ် ဥပဒေကျောင်းသားတစ်ဦးက CNN သို့ အမည်မဖော်လိုဘဲ ပြောသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကိုလည်း ပစ်မှတ်ထားမှာကို ကျွန်တော်တို့ ကြောက်နေပါတယ်” ဟုလည်း ဆိုသည်။

တနင်္လာနေ့တွင် နီပေါနိုင်ငံ၊ ကတ်မန်ဒူမြို့ရှိ ဖက်ဒရယ်လွှတ်တော်အဆောက်အအုံထဲသို့ ဆန္ဒပြသူများ ဝင်ရောက်ခဲ့ကြသည်။ အဘီရှက်ခ် မဟာရ်ဂျန်/ဆီပါ(ဓာတ်ပုံ)

တနင်္လာနေ့တွင် နီပေါနိုင်ငံ၊ ကတ်မန်ဒူမြို့၌ အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်ဆန္ဒပြနေစဉ် ကြွေးကြော်သံများ ဟစ်အော်နေသော ဆန္ဒပြသူတစ်ဦး။ နဗစ်ျ ချီတရ်ကာရ်/ရိုက်တာ (ဓာတ်ပုံ)

အင်္ဂါနေ့တွင် ကတ်မန်ဒူမြို့၌ ဆန္ဒပြမှုတစ်ခုအတွင်း မီးရှို့ခံရပြီးနောက် နီပေါအစိုးရရုံးများ၏ ရုံးချုပ်ဖြစ်သည့် စင်ဂါ ဒူရ်ဘာတွင် ဆန္ဒပြနေသော ဆန္ဒပြသူများ။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်