နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက်

မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည် အရာရှိအား ကားဖြင့်တိုက်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သူမက ဆိုသည်။ သို့သော်လည်း အဆိုပါပစ်ခတ်မှုမှာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းဖြစ်သည်ဆိုသည့် အချက်ကို ပြည်နယ်နှင့် ဒေသန္တရ အာဏာပိုင်များက ငြင်းဆိုထားကြသည်။ CNN မှ စစ်ဆေးကြည့်ရှုခဲ့သည့် ဗီဒီယိုမှတ်တမ်းများအရ အခြေအနေမှာ ရှုပ်ထွေးနေပြီး ပစ်ခတ်မှုမဖြစ်ပွားမီ ဘာတွေအတိအကျ ဖြစ်ပျက်ခဲ့သည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ပစ်သတ်ခံရသူမှာ အသက် ၃၇ နှစ်အရွယ် ရီနေးနစ်ကောလ် ဂွတ် (Renee Nicole Good) ဖြစ်ပြီး သူမသည် မင်နီဆိုတာသို့ မကြာသေးမီကမှ ပြောင်းရွှေ့လာသည့် ကလေးသုံးယောက် မိခင်တစ်ဦး ဖြစ်သည်။

ဒီမိုကရက်အုပ်ချုပ်ရေးမှူး တင်မ်ဝေ့ါဇ်(Tim Walz) က သူ၏ပြည်နယ်အတွင်း ICE ၏ လုပ်ဆောင်ချက်များသည် ပြည်သူ့ဘေးကင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေကြောင်း “ရက်သတ္တပတ်ပေါင်းများစွာကတည်းက သတိပေးခဲ့သည်” ဟု ပြောကြားခဲ့သည်။

မင်နီယာပိုလစ်မြို့တော်ဝန် ဂျကော့ဘ် ဖရေး(Jacob Frey) ကလည်း ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန (DHS) ၏ ထွက်ဆိုချက်ကို ငြင်းဆိုခဲ့ပြီး ICE အေးဂျင့်များကို “မင်နီယာပိုလစ် ကနေ အခုချက်ချင်း ထွက်သွားကြ” ဟု ပြောဆိုခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့် က ဤသေဆုံးမှုကို “ရက်စက်ကြမ်းကြုတ်တဲ့ အခြေအနေ” ဟု ခေါ်ဆိုခဲ့ပြီး သေဆုံးသူ ဂွတ်သည် ICE အေးဂျင့်ကို ကားဖြင့်တိုက်ရန် ကြိုးပမ်းခဲ့ပုံရသည်ဟု ပြောကြားခဲ့သည်။ “ဒါကိုကြည့်ရတာ တကယ့်ကို ထိတ်လန့်စရာပဲ။ မ‌ကောင်းဘူး၊ ကျွန်တော် ဒါမျိုးကို မမြင်ချင်ဘူး” ဟု အခင်းဖြစ်ပွားရာ ဗီဒီယိုကို ကြည့်ရှုပြီးနောက် သူက ပြောဆို ခဲ့သည်။


Renee Good အတွက် အမှတ်တရအဖြစ် အေးစိမ့်သော ရာသီဥတုကြားတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် လူပေါင်းရာနှင့်ချီ စုဝေးခဲ့ကြသည်။

သွေးစွန်းနေသော နှင်းများရှိရာ နေရာနှင့် ခြေလှမ်းအနည်းငယ်အကွာ၊ အလွန်အေးမြလှသော မင်နီယာပိုလစ်၏ ဆောင်းရာသီတွင် ICE အေးဂျင့်၏ ပစ်သတ်ခြင်းခံရသည့် အမျိုးသမီး အတွက် အထိမ်းအမှတ် ဂုဏ်ပြုပွဲမှာ နာရီနှင့်အမျှ လူစည်ကားလျက်ရှိသည်။

ဗုဒ္ဓဟူးနေ့ညက ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲသို့ နောက်ခံလူတန်းစား ပေါင်းစုံမှ ဆန္ဒပြသူ ရာပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး၊ သူမ၏ SUV ကားအတွင်း၌ ပစ်သတ်ခံခဲ့ရသည့် Renee Good အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။ အများစုမှာ “ICE ကို လက်မခံ” သို့မဟုတ် Good သေဆုံးခဲ့သည့်နေ့စွဲဖြစ်သော “1.7.26 ကို သတိရပါ” ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။

ကြာသပတေးနေ့ နံနက်စောစောပိုင်းတွင် Renee Good ပစ်သတ်ခံခဲ့ရသည့် နေရာ၌ ဝမ်းနည်းပူဆွေးသူများက ဖယောင်းတိုင်များနှင့် ပန်းစည်းများစွာကို ထားရှိကာ ဂုဏ်ပြုခဲ့ကြသည်။

Renee Nicole Good သေဆုံးမှုနှင့် ပတ်သက်၍ နောက်ဆုံးရရှိထားသော နောက်ဆက်တွဲ သတင်းအချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အသတ်ခံရသူ၏ အသေးစိတ်အချက်အလက်များ

အမေရိကန်နိုင်ငံသားဖြစ်ခြင်း: Renee Nicole Good သည် အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူမသည် ကဗျာဆရာမတစ်ဦးဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် တွင် Old Dominion တက္ကသိုလ်မှ ကဗျာဆု ရရှိခဲ့သူဖြစ်သည်။

မိသားစုအခြေအနေ။ သူမတွင် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ကလေး ၃ ဦးရှိသည်။ သူမ၏ မိခင်ဖြစ်သူက Renee သည် “အလွန်ကြင်နာတတ်ပြီး အမြဲတမ်း သူတစ်ပါးကို ကူညီတတ်သူဖြစ်သည်” ဟု ပြောကြားခဲ့ကာ ပစ်ခတ်မှုဖြစ်စဉ်အတွင်း Renee သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပုံရသည်ဟု ဆိုသည်။

အငြင်းပွားဖွယ်ရာ အချက်အလက်များ

ရှေ့နောက်မညီသော အမိန့်များ။ မျက်မြင်သက်သေများနှင့် ဗီဒီယိုမှတ်တမ်းများအရ ICE အေးဂျင့်များသည် Renee အား ရှေ့နောက်မညီသော အမိန့်များ ပေးခဲ့သည်ဟု ဆိုသည်။ အေးဂျင့်တစ်ဦးက သူမအား ကားမောင်းထွက်သွားရန် ပြောနေချိန်တွင် အခြားအေးဂျင့် တစ်ဦးက ကားထဲမှ ထွက်လာရန် အော်ဟစ်ကာ ကားတံခါးကို ဆွဲဖွင့်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

မိမိကိုယ်ကိုယ် ခုခံကာကွယ်မှု ဟုတ်၊ မဟုတ်။ အေးဂျင့်သည် သူမ၏ မျက်နှာကို သုံးချက်တိတိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုမှတ်တမ်းများအရ သူမ၏ ကားသည် အေးဂျင့်များကို တိုက်ရန် ရည်ရွယ်ချက်ရှိရှိ မောင်းနှင်ခြင်းထက် ထိုနေရာမှ လွတ်မြောက်ရန် ကွေ့ရှောင်မောင်းနှင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။

အစိုးရနှင့် တာဝန်ရှိသူများ၏ တုံ့ပြန်မှု

သမ္မတ ထရန့်၏ မှတ်ချက်။ သမ္မတ ထရန့်က Renee အား “ကြေးစား ဆူပူလှုံ့ဆော်သူ” (Professional Agitator) ဟု ခေါ်ဆိုခဲ့ပြီး၊ သူမက အေးဂျင့်အား ရက်ရက်စက်စက် တိုက်သတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း Truth Social တွင် ရေးသားခဲ့သည်။

ပြည်နယ်နှင့် မြို့ပြအာဏာပိုင်များ။ မင်နီဆိုတာ အုပ်ချုပ်ရေးမှူး Tim Walz က “ဒါဟာ ရှောင်လွှဲလို့ရတဲ့ ကိစ္စဖြစ်ပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ ဘေးအန္တရာယ်တစ်ခုပဲ” ဟု ပြောကြား ခဲ့သည်။ မြို့တော်ဝန် Jacob Frey က ICE ၏ ထွက်ဆိုချက်များကို “အဓိပ္ပာယ်မရှိသော စကားများ” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

စုံစမ်းစစ်ဆေးမှု။ FBI နှင့် မင်နီဆိုတာ ရာဇဝတ်မှုခင်းဗျူရို (BCA) တို့က ဤဖြစ်စဉ်ကို သီးခြားစီ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီ ဖြစ်သည်။

ကန့်ကွက်ဆန္ဒပြမှုများ။ မင်နီယာပိုလစ်မြို့တွင်သာမက ပေါ့တလန် (Portland) ကဲ့သို့သော အခြားမြို့ကြီးများတွင်လည်း “Justice for Renee” (Renee အတွက် တရားမျှတမှု) ခေါင်းစဉ်ဖြင့် ဆန္ဒပြမှုများ ပြန့်နှံ့လာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက