နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ ကြောက်မက်ဖွယ် အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း CNN သို့ ပြောကြားခဲ့ပြီး၊ အမျိုးသမီးတစ်ဦးကမူ ဆေးရုံတစ်ခုအတွင်း၌ “အလောင်းများ တစ်ခုပေါ်တစ်ခု ထပ်ပုံနေသည်” ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦးနှင့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးတို့က ကြာသပတေးနှင့် သောကြာနေ့များတွင် အီရန်မြို့တော်၏ လမ်းမများပေါ်၌ အသက်အရွယ် မရွေး လူပေါင်းစုံ ထွက်ပေါ်လာကြသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောပြသည်။ သို့သော် သောကြာနေ့ညတွင် စစ်သုံးရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက “လူအများအပြား” ကို သတ်ဖြတ်ခဲ့ကြောင်း၊ လုံခြုံရေးအကြောင်းပြချက်ဖြင့် အမည်မဖော် လိုသူ ၎င်းတို့က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်က တီဟီရန်ရှိ ဈေးများတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုအပေါ် ကန့်ကွက်သည့် ဆန္ဒပြပွဲများအဖြစ် စတင်ခဲ့ပြီးနောက်၊ ယခုအခါ မြို့ပေါင်း ၁၀၀ ကျော်သို့ ပျံ့နှံ့သွားခဲ့ရာ ၎င်းမှာ နှစ်ပေါင်းများစွာအတွင်း အီရန်အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့သည်။

အကယ်၍ လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို သတ်ဖြတ်ပါက အီရန်ကို တိုက်ခိုက် မည်ဟု သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့တွင် ထပ်လောင်း ခြိမ်းခြောက်ခဲ့ပြီးနောက်၊ အမေရိကန် ပြည်ထောင်စုအနေဖြင့် အီရန်ပြည်သူများကို ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက စနေနေ့တွင် ပြောကြားခဲ့သည်။

အင်တာနက် ဖြတ်တောက်ထားဆဲ ကာလအတွင်း ဆန္ဒပြပွဲများ၏ အခြေအနေကို ရှားရှား ပါးပါး သိရှိရမှုအရ၊ တီဟီရန်ရှိ အခြားရပ်ကွက်တစ်ခုမှ ဆန္ဒပြသူများက နှိမ်နင်းမှုအတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို ကူညီခဲ့ရကြောင်း CNN သို့ ပြောသည်။ ၎င်း၏ ခြေထောက်များတွင် ကျည်စကလေးပေါင်း ၄၀ ခန့် ငြိနေပြီး လက်တစ်ဖက်လည်း ကျိုးနေကြောင်း ၎င်းတို့က ဆိုသည်။

၎င်းတို့သည် ထိုအမျိုးသားအား ဆေးရုံအချို့သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနိုင်ရန် ကြိုးစားခဲ့သော်လည်း အခြေအနေမှာ “လုံးဝ ပရမ်းပတာ ဖြစ်နေသည်” ဟု ဆိုသည်။

အခြားသော ဆန္ဒပြသူများကမူ လမ်းမများပေါ်သို့ ထွက်လာသည့် လူဦးရေမှာ ယခင်က ကြုံဖူးသမျှနှင့် နှိုင်းယှဉ်၍မရအောင် များပြားကြောင်းနှင့် ထိုမြင်ကွင်းမှာ “မယုံနိုင်လောက် အောင် လှပပြီး မျှော်လင့်ချက် ရှိလှသည်” ဟု CNN သို့ ပြောကြားခဲ့သည်။

သို့သော် သောကြာနေ့ညတွင် နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ၏ ရုပ်မြင်သံကြား မိန့်ခွန်းက ထိုအခြေအနေကို ပြောင်းလဲပစ် ခဲ့သည်။ ၎င်းနောက်ပိုင်းတွင် နှိမ်နင်းမှုများသည် အလွန်အမင်း အကြမ်းဖက်သည့် အသွင်သို့ ကူးပြောင်းသွားကြောင်း ဆန္ဒပြသူများက ဆိုသည်။

“ဝမ်းနည်းစရာကောင်းတာက ဒီအစိုးရဟာ ပြင်ပအင်အားမပါဘဲနဲ့ အရှုံးပေးပြီး ဆင်းသွားမှာ မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်” ဟု ဆန္ဒပြသူတစ်ဦးက CNN သို့ ပြောသည်။

ပြည်ထဲရေးဝန်ကြီး အက်စ်ကန်ဒါ မိုမေနီ (Eskandar Momeni) က “အားနည်းချက်အချို့” ရှိကြောင်း ဝန်ခံခဲ့သော်လည်း အီရန်ပြည်သူများအတွက် “ပိုမိုကောင်းမွန်သော စီးပွားရေး အနာဂတ်” ရှိလာလိမ့်မည်ဟု စနေနေ့တွင် နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။

သောကြာနေ့က တီဟီရန်ရှိ ဆန္ဒပြပွဲတစ်ခုတွင် ပါဝင်ခဲ့သည့် အီရန် လူမှုဝန်ထမ်းတစ်ဦးကမူ အာဏာပိုင်များက ဆန္ဒပြသူများကို တိုက်ခိုက်ချိန်တွင် အခြေအနေမှာ “အိပ်မက်ဆိုး” တစ်ခုကဲ့သို့ ဆိုးရွားသွားခဲ့ကြောင်း ပြောသည်။

“သေနတ်ကျည်ဆံတွေလား၊ မျက်ရည်ယိုဗုံးတွေလား၊ ဘာပဲဖြစ်ဖြစ် သင်တွေးမိသမျှ အကုန်လုံးနဲ့ သူတို့ ပစ်ခတ်ခဲ့ကြတယ်” ဟု သူမက ဆိုသည်။ “ပြီးတော့ အဲဒါက အရမ်းကို ကြောက်စရာကောင်းပါတယ်”

မိန်းကလေးတစ်ဦးမှာ လျှပ်စစ်ကိရိယာဖြင့် လည်ပင်းကို အတို့ခံရပြီး “သတိလစ်သွားသည် အထိ” ဖြစ်ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်းနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်၏ သားဖြစ်သူမှာ လည်း အသတ်ခံရသူများထဲတွင် ပါဝင်ကြောင်း သူမက ပြောကြားခဲ့သည်။

အီရန်ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် မျက်မြင်သက်သေများကလည်း အခြားသော ထိတ်လန့်ဖွယ် မြင်ကွင်းများကို ပြုပြင်ပြောင်းလဲရေးလိုလားသည့် IranWire သတင်းဌာနသို့ ပြောပြခဲ့ကြသည်။

သောကြာနေ့က တောင်ပိုင်းမြို့ဖြစ်သော ရှီရပ်ဇ် (Shiraz) တွင် ဦးခေါင်းကို သေနတ်ဖြင့် အပစ်ခံရသည့် အမျိုးသမီးတစ်ဦးအား ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ပြုစုပေးခဲ့ကြသည်။

“ကျွန်တော့်ဘဝမှာ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး” ဟု IranWire သို့ မျှဝေထားသည့် ဗီဒီယိုတစ်ခုတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦး ပြောနေသည်ကို ကြားရသည်။ “အရှက်မရှိတဲ့ လူတွေက (သူ့ကို) ခေါင်းနဲ့ လည်ပင်းကို ပစ်ခဲ့ကြတာ။ အခုထိ လူနာ ဘယ်လောက်တောင် များနေပြီလဲဆိုတာ ခင်ဗျားတို့ သိလား”

အရှေ့ပိုင်းမြို့ဖြစ်သော နေရှာဘူရီ (Neyshabur) မှ ဆရာဝန်တစ်ဦးကလည်း လုံခြုံရေးတပ်ဖွဲ့ များသည် သောကြာနေ့တွင် အဆောက်အအုံများ ပေါ်မှနေ၍ ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ ကြောင်း ပြောသည်။ လမ်းသွားလမ်းလာ မိသားစုဝင် ၆ ဦးနှင့် အိမ်အပြန်လမ်းပေါ်ရှိ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၏ ပြုစုစောင့်ရှောက်သူ (nurse) တို့လည်း အပစ်ခံခဲ့ရ ကြောင်း ထိုဆရာဝန်က ဆိုသည်။

ကြာသပတေးနေ့က နာဂျာဖာဘတ် (Najafabad) တွင် လုံခြုံရေးတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများကို မွန်တာဇာရီ (Montazeri) ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ထိုနေရာရှိ ဆေးဘက်ဆိုင်ရာ သတင်းမြစ်တစ်ခုအရ သိရသည်။

“လူတွေဟာ သူတို့ကလေးတွေရဲ့ အလောင်းတွေကို ယူဖို့ ဆေးရုံကို အပြေးအလွှား လာကြ တယ်။ ပြီးတော့ ကလေးတွေကို အဲဒီဝတ်စုံတွေနဲ့ပဲ ချက်ချင်း သင်္ဂြိုဟ်လိုက်ကြတယ်” ဟု ထိုဝန်ထမ်းက ဆိုသည်။ အီရန် မွတ်စလင် ယဉ်ကျေးမှုတွင် ကွယ်လွန်သူ၏ ရုပ်အလောင်းကို ပုံမှန်အားဖြင့် ရေချိုးပေးပြီးနောက် အဖြူရောင်ချည်ပိတ်စဖြင့် ပတ်ကာ သင်္ဂြိုဟ်လေ့ရှိသည်။

တီဟီရန်တွင် ပညာသင်ကြားခဲ့သည့် ချီကာဂိုအခြေစိုက် ဆရာဝန် မိုဟာမက် လီဆန်ပီ ဇက်ရှ်ကီ (Mohammad Lesanpezeshki) က အီရန်ရှိ ဆေးရုံများတွင် အလုပ်လုပ်နေသော သူ၏ သူငယ်ချင်းများမှာ နှိမ်နင်းမှုအတွင်း ဒဏ်ရာရသူများ များပြားလာသဖြင့် လက်မလည် အောင် ဖြစ်နေကြောင်း CNN သို့ ပြောသည်။

“အရိုးခွဲစိတ်ဆရာဝန်တစ်ဦးက သူတို့ရဲ့ အရေးပေါ်ဌာနမှာ အလောင်းတွေ အများကြီးရှိနေပြီး အနည်းဆုံး လူ ၃၀ လောက်ကတော့ ခြေလက်တွေကို သေနတ်နဲ့ အပစ်ခံထားရတယ်လို့ ပြောပါတယ်” ဟု လီဆန်ပီဇက်ရှ်ကီက ဆိုသည်။

တီဟီရန်ရှိ ဖာရာဘီ မျက်စိဆေးရုံတွင် မျက်လုံးအတွင်း ကျည်စကလေးများ မှန်ထားသည့် လူနာပေါင်း ၂၀၀ မှ ၃၀၀ ခန့်အထိ ရှိနေပြီး လူနာများ သိသိသာသာ မြင့်တက်လာကြောင်း လည်း သူ၏ သူငယ်ချင်းများက ပြောပြခဲ့သည်။

အမေရိကန်အခြေစိုက် အီရန်လူ့အခွင့်အရေး လှုပ်ရှားသူများ သတင်းအေဂျင်စီ (HRANA) က ပြီးခဲ့သည့် ၁၄ ရက်အတွင်း ဆန္ဒပြပွဲများနှင့် ဆက်နွှယ်၍ အနည်းဆုံး ဆန္ဒပြသူ ၇၈ ဦး သေဆုံး ခဲ့ကြောင်း စနေနေ့တွင် ခန့်မှန်းထုတ်ပြန်ခဲ့သည်။

အီရန်အရေးကို အဓိကထားသည့် ထိုအဖွဲ့က ဆန္ဒပြပွဲများအတွင်း စုစုပေါင်း အနည်းဆုံး ၁၁၆ ဦး သေဆုံးခဲ့ပြီး၊ ထိုအထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၈ ဦး ပါဝင်ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

သေဆုံးခဲ့သည့် ဆန္ဒပြသူများအနက် အနည်းဆုံး ၇ ဦးမှာ အသက် ၁၈ နှစ်အောက်များ ဖြစ်ကြောင်း HRANA က ဆိုသည်။ ထို့ပြင် အနည်းဆုံး လူပေါင်း ၂,၆၃၈ ဦး ဖမ်းဆီးခံထား ရကြောင်းလည်း ထိုအဖွဲ့က သတင်းပို့ထားသည်။

“၁၄ ရက်မြောက်နေ့အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၃၁ ခုစလုံးက မြို့ပေါင်း ၁၈၅ မြို့မှာ ဆန္ဒပြတဲ့နေရာပေါင်း ၅၇၄ ခုကို အတည်ပြု နိုင်ခဲ့ ပါတယ်” ဟု ထိုအဖွဲ့က ဆိုသည်။ ဤအရေအတွက်မှာ ဒီဇင်ဘာ ၂၈ ရက်ကတည်းက စတင်ခဲ့သည့် ဆန္ဒပြပွဲများ၏ စုစုပေါင်း အရေအတွက် ဖြစ်သည်။

CNN အနေဖြင့် ဝါရှင်တန်ရှိ အီရန်အကျိုးစီးပွားကဏ္ဍနှင့် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန တို့ထံ မှတ်ချက်ပေးရန် ဆက်သွယ်ထားသော်လည်း အကြောင်းပြန်ချက် မရသေးပေ။

စနေနေ့တွင် တီဟီရန်အနီးရှိ ဘာဟာရက်စတန် (Baharestan) ခရိုင်၌ လူထုအေးချမ်းမှုကို နှောင့်ယှက်ခြင်းနှင့် “အဓိကရုဏ်း” များကို ဦးဆောင်ခြင်းတို့ကြောင့် လူပေါင်း ၁၀၀ ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦးက Tasnim သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

သေဆုံးသူ သို့မဟုတ် ဖမ်းဆီးခံရသူ အရေအတွက်ကို CNN အနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပါ။

အင်တာနက် ဖြတ်တောက်မှုက ပို၍ ဆိုးကျိုးသက်ရောက်စေကြောင်း ဒေသခံတစ်ဦး ပြောကြား

အင်တာနက် ဖြတ်တောက်လိုက်ခြင်းက နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် လူအများအပြား ပိုမိုပါဝင်လာစေရန် မည်သို့တွန်းအားပေးခဲ့သည်ကို တီဟီရန်မြို့ခံတစ်ဦးက စနေနေ့တွင် CNN သို့ ပြောပြခဲ့သည်။

“အင်တာနက် ဖြတ်တောက်လိုက်တာက ဆိုးကျိုးပဲ ဖြစ်စေပုံရပါတယ်။ ပျင်းရိငြီးငွေ့မှုနဲ့ စိတ်ပျက်အားမလိုအားမရ ဖြစ်မှုတွေကြောင့် လူတွေ လမ်းမပေါ်ကို ပိုပြီး ထွက်လာကြတယ်” ဟု လုံခြုံရေးအကြောင်းပြချက်ဖြင့် အမည်မဖော်လိုသည့် အသက် ၄၇ နှစ်အရွယ် တီဟီရန် မြို့ခံ တစ်ဦးက ဆိုသည်။

“အသက်အရွယ်မရွေး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါ ပါဝင်နေကြတယ်။ ပြတင်းပေါက်တွေကနေ ကြွေးကြော်သံတွေ အော်ဟစ်ကြသလို လူအုပ်ကြီးနဲ့လည်း စုဝေးနေကြတယ်”

အီရန်နိုင်ငံ၏ မြို့ကြီးများတွင် နေဝင်ရီတရော အချိန်ရောက်သည်နှင့် လူထုက လမ်းမပေါ် ထွက်ရန် မည်သို့စောင့်ဆိုင်းနေကြကြောင်း ထိုမြို့ခံက ရှင်းပြသည်။ ဆန္ဒပြပွဲများ ပြင်းထန် လာသည်နှင့်အမျှ “တားဆီး၍မရသော အရှိန်အဟုန်” တစ်ခုကို ခံစားရကြောင်း သူက ဆိုသည်။

ဆန္ဒပြပွဲများသည် ကနဦးတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စတင်ခဲ့ခြင်း ဖြစ်သော်လည်း၊ နိုင်ငံရေး မတည်ငြိမ်မှုများနောက်ပိုင်းတွင် ဥနှင့် နို့ကဲ့သို့သော အခြေခံစားသောက်ကုန်များမှာ “သိသိသာသာ ပိုမိုဈေးကြီးလာသည်” ဟု အဆိုပါ မြို့ခံက ပြောသည်။

အီရန်စစ်တပ်အကြီးအကဲ အာမီ ဟာတာမီ (Amir Hatami) ကမူ စနေနေ့တွင် နိုင်ငံပိုင်မီဒီယာ မှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခု၌ အီရန်ပြည်သူများအနေဖြင့် “နိုးနိုးကြားကြားရှိရန်” တိုက်တွန်း ခဲ့ပြီး၊ “ရန်သူများ၏ မကောင်းသော ရည်မှန်းချက်များ မအောင်မြင်စေရန်” ညီညွတ်ကြဖို့ တောင်းဆိုခဲ့သည်။

အင်တာနက် ဖြတ်တောက်ထားသော်လည်း ခါမေနီကမူ လူမှုမီဒီယာပေါ်တွင် ဆက်လက် ပို့စ်တင်နေဆဲဖြစ်ပြီး X ပလက်ဖောင်းကို အသုံးပြုကာ ဆန္ဒပြသူများကို “ဖျက်ဆီးလို စိတ်ရှိသူများ” ဟု သမုတ်ခဲ့ကာ သမ္မတ ထရန့်ကိုလည်း သောကြာနေ့က ဝေဖန်ခဲ့သည်။

အင်တာနက် ပြတ်တောက်မှုများကို လေ့လာသည့် ကျွမ်းကျင်သူ ဒေါ့ဂ် မာဒိုရီ (Doug Madory) က အာဏာပိုင်များက ဆက်သွယ်ရေးများကို ပိတ်ပင်ထားသော်လည်း အီရန်သည် “နည်းပညာအရ အင်တာနက်နှင့် ချိတ်ဆက်ထားဆဲ” ဖြစ်ကြောင်း စနေနေ့တွင် CNN သို့ ပြောကြားခဲ့သည်။

“ဒါကြောင့် သူတို့က တစ်ခုခုကို ပြန်ဖွင့်ပေးချင်တယ်ဆိုရင် ဘယ်သူ့ကိုမဆို ဒါမှမဟုတ် သီးခြား အင်တာနက် ချိတ်ဆက်မှုတစ်ခုခုကို ဖွင့်ပေးလို့ရတယ်” ဟု မာဒိုရီက ဆိုသည်။

“အင်တာနက် အသုံးပြုမှု အနည်းငယ် ထွက်ပေါ်နေတာကို ကျွန်တော်တို့ မြင်နေရပါတယ်။ အရမ်းနည်းပေမယ့် သုညတော့ မဟုတ်ဘူး။ ဒါဟာ ဆက်သွယ်ရေး ချိတ်ဆက်ခွင့် ရထားတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တချို့ ဖြစ်နိုင်ပါတယ်”

သောကြာနေ့က အီရန်နိုင်ငံ တီဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်တွင် ဆန္ဒပြသူများ စုဝေးနေကြသည်။ Khosh Iran/Middle East Images/AFP/Getty Images

ကြာသပတေးနေ့က အီရန်နိုင်ငံ၊ ကာမန်ရှာမြို့တွင် ပြုလုပ်သော ဆန္ဒပြပွဲတစ်ခုအတွင်း ဆန္ဒပြသူများ လမ်းမတစ်ခုကို ပိတ်ဆို့ထားစဉ်။ Kamran/Middle East Images/AFP/Getty Images(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက