နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

ယူကရိန်း

ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

စစ်သားတယောက်တိုင်းအတွက်ဒရုန်းတစင်း

CNN သတင်း။

ဂျာမနီနိုင်ငံ၊ Wiesbaden မြို့ရှိ ကွန်ဖရင့်စင်တာတစ်ခုတွင် ဇူလိုင်လက ယူကရိန်းစစ်တပ်အကြီးအကဲများသည် ဒရုန်းများတွင် ရင်းနှီးမြှုပ်နှံရန် NATO အဖွဲ့၏ လိုအပ်ချက်ကို NATO စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ပြည့်နေသည့် အခန်းထဲတွင် ပြတ်ပြတ်သားသား အကဲဖြတ်တင်ပြခဲ့သည်။

ယူကရိန်းနိုင်ငံ၊ မောင်းသူမဲ့လေယာဉ်စနစ်တပ်ဖွဲ့၏ တပ်မှူး ဗိုလ်မှူး ရောဘတ်မက်ယာဘရိုဗ်ဒီ (Robert “ Madyar” Brovdi) က “လမ်းပေါ်က ဘယ်တင့်ကားမှ” FPV (First-Person View) ဒရုန်းလို့ လူသိများတဲ့ ဒရုန်းတွေကို မခုခံနိုင်ဘူး” ဟု လောင်းကြေးထပ် ပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့ အတွေ့အကြုံဟာ ဒီနေရာမှာရှိတဲ့ လူအားလုံးအတွက် အလွန်တန်ဖိုးရှိတယ်ဆိုတာ ခင်ဗျားတို့ နားလည်ထားသင့်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး အတွေ့အကြုံမျိုး ဘယ်နိုင်ငံမှ ခုချိန်ထိ မရှိသေးလို့ပါ” ဟု ဗိုလ်မှူး ဘရိုဗ်ဒီက သူ့ရဲ့ ဘာသာပြန်သူကနေတဆင့် ပြောခဲ့သည်။

ယူကရိန်းစစ်ဦးစီးချုပ်ရုံးရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ဗိုလိုဒီမာ ဟော်ဘာတီယတ် (Volodymyr Horbatiuk) ကလည်း အမြောက်များနှင့် တင့်ကားဖျက်ဒုံးကျည်တွေဟာ အရေးပါပေမဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ကိ့ဗ် ရဲ့ အောင်မြင်မှုဟာ ၈၀% ခန့်အထိ ဒရုန်းတွေကနေ လာတာဖြစ်တယ်လို့ ပရိသတ်ကို ပြောကြားခဲ့သည်။

ဒါဟာအနာဂါတ်အတွက်မဟုတ်ပါဒါဟာစစ်ပွဲကိုကျွန်တော်တို့လက်တွေ့ဘဝမှာ ပုံမှန် ဘယ်လိုဆင်နွှဲနေသလဲဆိုတာပါဘဲ ဟု ဟော်ဘာတီယတ်ထပ်လောင်းပြောကြားခဲ့သည်။ အမေရိကန်အရာရှိတွေလည်း အလားတူကောက်ချက်ချခဲ့ကြသည်။ CNN သတင်းဌာနနှင့် ပြောဆိုခဲ့သည့်စစ်ဘက်ခေါင်းဆောင်များက တပ်ဖွဲ့ဝင်တွေလက်ထဲသို့ ဒရုန်းများ ပိုမိုမြန်မြန်ရောက်ရှိဖို့ အတွက် အရေးပါသည့်အချက်အဖြစ် ဟက်ဂ်ဆက် (Hegseth) ၏ ဇူလိုင်လမှတ်စုတွင် အကြိမ်ကြိမ် ထောက်ပြခဲ့ကြသည်။

အဆိုပါ မှတ်စုတွင် စစ်ဘက် ခေါင်းဆောင်တွေအနေနှင့် စွန့်စားလုပ်ဆောင်ခြင်းကို ရှောင်ရှားရန် မဟုတ်ဘဲ ရင်ဆိုင်လက်ခံ လုပ်ဆောင်သင့်ကြောင်း အလေးပေး ဖော်ပြထားပြီး၊ ထိုချဉ်းကပ်ပုံက စစ်တပ်၏ စစ်ရေးဆောင်ရွက်မှု လုပ်ရိုးလုပ်စဉ်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါသည်။

“သေနိုင်တယ်ဆိုတာကို ကိုယ့်ဖာသာကိုယ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကနေ တားဆီးနိုင်စေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ တီထွင်ခဲ့တဲ့ နည်းပညာတွေကို အသုံးချတဲ့နေရာမှာအသုံးချဖို့ နှေးကွေးခဲ့ရင်ဖြစ်ပါတယ်” ဟု ဟက်ဂ်ဆက်က ရေးသားခဲ့သည်။ “ဒရုန်းနည်းပညာက အလွန်လျင်မြန်စွာ တိုးတက်နေတာကြောင့် ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဟာ အန္တရာယ်ကို ရှောင်ရှားခြင်းပဲ ဖြစ်ပါတယ်”။

၎င်းက ဆက်လက်ပြီး “လာမယ့်နှစ်မှာတော့ ဒီစွမ်းရည်ကို အချင်းချင်းရင်ဆိုင်တိုက်ခိုက်ရတဲ့ ဒရုန်းစစ်ပွဲများအပါအဝင် သက်ဆိုင်ရာ တိုက်ခိုက်ရေးလေ့ကျင့်မှုတွေအားလုံးမှာ ပေါင်းစပ်ထည့်သွင်းလာတာကို တွေ့ရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုမှတ်စုဖော်ပြချက် တစ်ခုတည်းကပင် စစ်ဘက်ခေါင်းဆောင်များစွာကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အကာအကွယ်ကို ပေးခဲ့သည်။ သို့သော် တပ်မတော်သည် လက်နက်များနှင့် နည်းပညာအသစ်များကို မိတ်ဆက်ပေးသည့် ပိုမိုကျယ်ပြန့်သော ခေတ်မီရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုလမ်းကြောင်းအတိုင်း ရွေ့လျားနေခဲ့ ပြီးဖြစ်သည်။ ဘလစ်ခံတပ်(Fort Bliss) ရှိ လုပ်ငန်းမျိုးစုံသုံး ထောက်လှမ်းရေးကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က စတင်ခဲ့သော ထိုကြိုးပမ်းမှု၏ ရလဒ်ဖြစ်သည်။

စစ်တပ်ထဲသို့ မောင်းသူမဲ့လေယာဉ်များ ထည့်သွင်းပေါင်းစည်းအသုံးပြုရေးကို ကြီးကြပ်နေသည့် ဗိုလ်မှူးကြီး နစ်ခ် ရိုင်ယန် (Nick Ryan) က ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စစ်တပ်ရှိ ယူနစ်တိုင်း “ မောင်းသူမဲ့လေယာဉ်စနစ်များ ရရှိစေရန်” အတွက် “ အစီအစဉ်များ ရှိနှင့်ပြီးသား” ဖြစ်ကြောင်း CNN သတင်းဌာနကို ပြောကြားခဲ့သည်။

အဆုံးစွန်သော ရည်မှန်းချက်မှာ စစ်သားများအနေဖြင့် ဒရုန်းများကို “၎င်းတို့၏ ကိုယ်ပိုင်လက်နက်၊ ရေဒီယို၊ ညကြည့် မှန်ဘီလူး (သို့) လက်ပစ်ဗုံးကဲ့သို့” သဘောထားရန်ဖြစ်ကြောင်း ရိုင်ယန်က ပြောခဲ့သည်။ “ဒါဟာ သူတို့အလွန် အကျွမ်းတဝင် ရှိပြီး အသုံးပြုလေ့ရှိတဲ့အတွက် သူတို့သွားလေရာရာကို ယူဆောင်သွားတဲ့ ပုံမှန်ကိရိယာအစိတ်အပိုင်းတစ်ခုလိုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဒရုန်း ၁၀၁ က ကြိုဆိုပါသည်
Fort Bliss တွင် ပြုလုပ်သည့် ကနဦးနှစ်ပတ်ကြာ သင်တန်းသည် စာသင်ခန်းထဲတွင် စတင်ပြီး စစ်သားများက ကိုယ်ပိုင်ဒရုန်းများကို မည်သို့တပ်ဆင်ရမလဲဆိုတာ လေ့လာကြပါသည်။ ထိုအသိပညာသည် စစ်မြေပြင်တွင် တစ်ခုခုမှားသွားခဲ့လျှင် မည်သို့ ပြုပြင်ရမလဲဆိုခြင်းကို သိရှိရန်အတွက် အရေးကြီးသည်။ ထို့ပြင် သူတို့သည် ဗီဒီယိုဂိမ်း ထိန်းချုပ်ကိရိယာနှင့် အလားတူသည့် simulator များနှင့် ပျံသန်းပုံကို လေ့ကျင့်ကြရပါသည်။

ထို့နောက် ကျွမ်းကျင်လာသည့်အခါတွင် စစ်သားများသည် သူတို့၏ဒရုန်းများကို “ FPV ကစားရုံ” ဟုခေါ်သည့် နေရာသို့ ယူဆောင်သွားပြီး ချိတ်ဆွဲထားသည့် တာယာများ၊ တံခါးပေါက်များနှင့်အွန်လိုင်းမှ ရှာဖွေရရှိသည့် ရန်သူ့သံချပ်ကာယာဉ်များနှင့် တိကျသည့် အတိုင်းအတာများနှင့် ပြုလုပ်ထားသော ကတ်ထူပြားပုံစံတူထဲသို့ ပျံသန်းဝင်ရောက်ပုံကို လေ့ကျင့်နိုင်ပါသည်။

ဤကဲ့သို့ လေ့ကျင့်မှုမျိုးကို တက္ကဆက်ပြည်နယ်တခုထဲမှာတွင် ပြုလုပ်နေခြင်း မဟုတ်ပါ။ ဥရောပတွင် ရောက်ရှိနေသည့် အမေရိကန်စစ်တပ် ယူနစ်တိုင်းဟာ လက်ရှိဒေသကနေ လှည့်လည်ပြောင်းရွှေ့အမှုထမ်းနေစဥ်အတွင်း ဒရုန်းများကို အသုံးပြုနိုင်သည့် တပ်ရင်းအဆင့် (တပ်သား ၈၀-၂၅၀) အထိ လေ့ကျင့်ထားသည့် သင်တန်းသားများနှင့်အတူ ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး၊ ထိုသင်တန်းများထဲတွင် တကယ့်ဗုံးအစစ်များကို ဒရုန်းများပေါ်မှ ပစ်ချသည့် အသုံးပြုပုံလည်း ပါဝင်ကြောင်း ဂျာမနီနိုင်ငံ၊ ၇ ကြိမ်မြောက် တပ်မတော် လေ့ကျင့်ရေးဌာန၏ တပ်မှူး ဗိုလ်မှူးချုပ် တယ်ရီ တီးလစ် (Terry Tillis) က ဇူလိုင်လတွင် Wiesbaden ၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

အောက်တိုဘာလမှာ စတင်မယ်လို့ မျှော်လင့်ရတဲ့ ဂျော်ဂျီယာပြည်နယ်၊ ဘန်းနင်းခံတပ်စစ်စခန်း (Fort Benning) တွင် သင်တန်းအသစ်တစ်ခုက “ အခြေခံသင်တန်း” များကို ပေးအပ်မှာဖြစ်ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။
“စစ်သားသစ်တွေအားလုံးအတွက် ဒရုန်းအခြေခံနဲ့ သူတို့ချပေးထားတဲ့အလုပ်တွေအတွက် အဆင့်မြင့်လေ့ကျင့်ခန်းတွေကို ပေါင်းစပ်ပေးထားတဲ့ ယူနစ်စခန်းတခုသင်တန်း (One Station Unit Training) မှာ တက်ရောက်သင်ကြားမယ့် စစ်သားတွေ အားလုံး ဒရုန်းတွေနဲ့ ပတ်သက်တဲ့အခြေခံလေ့ကျင့်ခန်းတွေနဲ့ သူတို့အတွက် သီးသန့်ချမှတ်ပေးထားတဲ့ အဆင့်မြင့် နယ်ပယ်တွေမှာ ကျွမ်းကျင်မှု ရှိစေဖို့အတွက် လေ့ကျင့်သင်ကြားကြရမှာ ဖြစ်တယ်”

ထို့အပြင် “အမေရိကန်စစ်တပ်ရဲ့ နာမည်ကျော် လေထီးတပ်ရင်း ၈၂ ရဲ့ အိမ်ဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ Fort Bragg တပ်စခန်းမှာ ၂၀၂၃ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ တပ်ရင်းအသစ်တစ်ခုဟာ ဒရုန်းတွေအပါအဝင် နယ်ပယ်များစွာမှာ တီထွင်ဆန်းသစ်မှုတွေကို ဦးဆောင်နေပါတယ်။ အဲဒီ ဂိုင်နီ တပ်ရင်း (Gainey Company) ဟာ တပ်ရင်းထဲက တခြားသူတွေ ကိုလည်း ဒရုန်းအကြောင်း သင်တန်းပေးဖို့ လုပ်ဆောင်နေကြောင်း” တပ်ရင်းမှူး ဗိုလ်ကြီး စီဂျေ ဒရူး (Capt. CJ Drew) က CNN သတင်းဌာနကို ပြောကြားခဲ့သည်။

အဲဒီသင်တန်းတွေကို တခြားအမေရိကန်စစ်သားတွေဆီက ရတဲ့ အကြံပြုချက်တွေအပြင် ယူကရိန်းမှာ စစ်တပ်က ဒရုန်းစစ်ပွဲတွေနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကိုပါ အသုံးပြုပြီး အဆက်မပြတ် ပြောင်းလဲပြင်ဆင်နေပါတယ်။

နိုင်ငံ၏အရေးပေါ်တုံ့ပြန်မှုတပ်ဖွဲ့ဖြစ်သည့် ၈၂ လေထီးတပ်ရင်း၏ထူးခြားသည့်မစ်ရှင် (နာရီပိုင်းအချိန်အတွင်း ကမ္ဘာအနှံ့သို့ စေလွှတ်နိုင်ဖို့ ပြင်ဆင်ထားသည့် တပ်မဟာတစ်ခု) သည် ဒရုန်းတီထွင်ဆန်းသစ်မှုနှင့် နည်းပညာအသစ်များသည် အန္တရာယ်ရှိသည်နေရာများတွင်ရှိသည့် စစ်သားများအားအရေးပါသည့် အားသာချက်တစ်ခုကို ဖန်တီးပေးနိုင်ကြောင်း ဖော်ပြနေပါသည်။

ဒရုန်းငယ်တစ်ခုဟာ “ရှေ့တန်းသို့ စောင့်ကြည့်လေ့လာသူ”အဖြစ်ပို့လွှတ်နိုင်ပြီး (အမြောက်ကြီးတွေ ပစ်ခတ်ဖို့ ဒါမှမဟုတ် လေကြောင်းပစ်ကူအတွက် ပစ်မှတ်တွေကို ရှာဖွေဖော်ထုတ်ပေးတဲ့ စစ်သား) ရဲ့နေရာကို ယူနိုင်ပါတယ်” ဟု ၈၂ လေထီးတပ်ရင်း စစ်ဆင်ရေးဆိုင်ရာ ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ် အန်ဒီ ကိုင်ဇာ (Brig. Gen. Andy Kiser) က CNN သတင်းဌာနကို ပြောခဲ့သည်။
“သူတို့ဟာ ရန်သူတပ်ဖွဲ့တွေအကြောင်း သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် ထောက်လှမ်းရေးနဲ့ တခြားမစ်ရှင်တွေကို အဓိကတာဝန်ယူရတဲ့ မြင်းစီးထောက်လှမ်းရေးသမားတွေ (cavalry scouts) လို နေရာလုပ်ငန်းတာဝန်ကိုလည်း ဆောင်ရွက်ပေးနိုင်တယ်” ဟု ၎င်းက ဆိုပါသည်။

“ဒီနည်းပညာက ကြိုတင်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါတယ်” ဟု ကိုင်ဇာက ပြောကြားခဲ့သည်။ “ဖြစ်နိုင်ခြေရှိတဲ့ သံချပ်ကာယာဉ်တွေနဲ့ အသေးစားချုံခိုတိုက်ခိုက်မှုတွေကိုလည်း ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ ကျွန်တော်တို့က အဆောက်အအုံတွေထဲကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြတင်းပေါက်တွေထဲကို ကြည့်နိုင်တာကြောင့် ရှေ့တိုးလာတဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ဘယ်သူတွေက အသင့်အနေအထားရှိနေသလဲဆိုတာကိုလည်း အတိအကျ သေချာစေနိုင်ပါတယ်”။

ပင်တဂွန်၏ သုတေသနနှင့် အင်ဂျင်နီယာရုံးကို ဦးစီးနေသည့် Uber အမှုဆောင်ဟောင်း အီမီလ်မိုက်ကယ် (Emil Michael) က “အရေးတကြီး ကြိုးပမ်းဆောင်ရွက်မှုတွေဟာ တကယ်တမ်းတိုက်ခိုက်ရေးမှာ ဒရုန်းတွေကို အသုံးပြုတာထက် ပိုတယ်” ဟု CNN ကို ပြောပါသည်။

အဲဒါတွေက အရေးပါတဲ့ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့တာနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီ ပေးတာလိုမျိုး အရန်အခန်းကဏ္ဍတွေကိုပါ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

မိုက်ကယ်၏ရုံးသည် နည်းပညာ ဆန်းသစ် တီထွင်မှုဆိုင်ရာ ပင်တဂွန်၏ လုပ်ငန်းများကို ကြီးကြပ်ပြီး ကာကွယ်ရေးဝန်ကြီးကို ကုန်ထုတ်လုပ်မှု၊ အင်ဂျင်နီယာနှင့် သုတေသနဆိုင်ရာ ကိစ္စများတွင် အကြံဉာဏ်ပေးသည်။

“လူသားတွေအတွက် အန္တရာယ်ရှိတဲ့ ကိစ္စများစွာကို စက်တွေနဲ့ လုပ်ဆောင်နိုင်ပါတယ်” ဟု မိုက်ကယ်က ပြောတိ။ “ဒါဟာ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။ ဘာလို့လဲဆိုတော့ သင့်တပ်ဖွဲ့ဝင်တွေကို အရင်ကထက် ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်မှာဖြစ်လို့ပါ”။

ယူကရိန်းဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ခြင်း
ယနေ့ စစ်မျက်နှာပြင်တွင် ယူကရိန်းစစ်သားများ အသုံးပြုနေသည့် ဒရုန်းအများစုသည် ယူကရိန်းနိုင်ငံတွင် ထုတ်လုပ်ထားသည်။ သို့ရာတွင် စစ်ပွဲစသည့် ပထမဆုံးလများတွင်မူ အမေရိကန်နိုင်ငံလုပ် တိုက်ခိုက်ရေးဒရုန်းများဖြစ်သည့် Switchblade loitering munitions ၁၀၀ ကို အမေရိကန်၏ လက်နက်အကူအညီအထုပ်တွေထဲတွင် ထည့်သွင်း ပေးခဲ့ပါသည်။

အလေးချိန်ပေါ့ပါးသည့် အတောင်ပံတပ် ဒရုန်းများကို ယူကရိန်း အထူးတပ်ဖွဲ့များအတွက် ချန်လှပ်ထားခဲ့ပါသည်။ ၎င်းက မဟာမိတ်များဆီက ရခဲ့သည့်ပထမဆုံး ခေတ်မီလက်နက်များထဲက တစ်ခုဖြစ်သည့်အတွက် Kyiv က နည်းပညာကို မည်မျှအထိ တန်ဖိုးထားသည်ဆိုခြင်းကို ပြသနေသည့် လက္ခဏာတစ်ခု ဖြစ်သည်။ သို့ရာတွင် နောက်ပိုင်းတွင်တော့ ရုရှား၏ အီလက်ထရောနစ်စစ်ပွဲများကို တန်ပြန်ရန် တခြားရွေးချယ်စရာများလောက် ထိရောက်မှု မရှိဘူးဆိုသည့် ယူကရိန်းစစ်သားများ၏ အကြံပြုချက်များကြောင့် အမေရိကန်က ယူကရိန်းကို Switchblade ဒရုန်းများ ပံ့ပိုးပေးခြင်းကို ရပ်တန့်ခဲ့သည်။

စစ်ပွဲအတွင်းတွင် ယူကရိန်းနှင့် ရုရှားတို့ကြား နည်းပညာဆိုင်ရာ လက်နက်ပြိုင်ဆိုင်မှုတစ်ခု ရှိနေပြီး တစ်ဖက်နှင့် တစ်ဖက်က တီထွင်မှု အသစ်ကိုများကို ပိုမိုကောင်းမွန်အောင် ကြိုးစားနေကြသည်။ ၎င်းအချက်က စစ်မြေပြင်တွင်ရှိသည့် စစ်သားများနှင့် တိုက်ရိုက်ထိတွေ့မှု မရှိသည့် ပြည်ပက ပြိုင်ဘက်များထက် ယူကရိန်းကုမ္ပဏီများကို အသာစီးရစေခဲ့ပါသည်။

“ဘယ်သူက သူတို့ရဲ့နည်းပညာကို အမြန်ဆုံး အပ်ဒိတ်လုပ်နိုင်သလဲဆိုတာကပဲ အနိုင်ရသူဖြစ်ပါတယ်” ဟု ယူကရိန်းဝန်ကြီး ဖက်ဒိုရော့ဗ် (Fedorov) က ပြောပါသည်။ “ယူကရိန်းကုမ္ပဏီတွေဟာ ဒီနေရာမှာ ရှိနေပြီး အကြံပြုချက်တွေ ရယူ နိုင်တာကြောင့် တကယ်တမ်း အလုပ်မလုပ်တဲ့ တခြားဒရုန်းအမျိုးအစားတွေကို ကျော်တက်နိုင်ခဲ့ပါတယ်”။

ထို့ကြောင့် အမေရိကန် ထိပ်တန်းဒရုန်းထုတ်လုပ်သူအချို့ဖြစ်သည့် နီရိုးလ် (Neros) နှင့် Anduril တို့က သူတို့အဖွဲ့များကို ကိ့ဗ်ကို စေလွှတ်ပြီး သူတို့၏ ဒရုန်းများကို ရှေ့တန်းသို့ ရောက်ရှိရန် ယူကရိန်းအစိုးရနှင့် သဘောတူညီမှုများ ရယူခဲ့ပါသည်။

“FPV ဒရုန်းတစ်စင်းကို တည်ဆောက်ပြီးနောက် ယူကရိန်းကို ယူဆောင်မလာဘူးဆိုရင် အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု နီရိုးလ် (Neros) စီအီးအိုနဲ့ ပူးတွဲတည်ထောင်သူ ဆိုရန်မွန်ရိုး အန်ဒါဆန် (Soren Monroe-Anderson) က ပြောကြားခဲ့သည်။

နီရိုးလ်ကုမ္ပဏီသည် ယူကရိန်းကို ခြောက်လအတွင်း FPV တိုက်ခိုက်ရေးဒရုန်းအစင်း ၆,၀၀၀ ပေးပို့ရန်အတွက် စာချုပ်ကို ယခုနှစ် အစောပိုင်းတွင် ရရှိခဲ့သည်။ ယင်းကုမ္ပဏီသည် နှစ်နှစ်သာ ရှိသေးပြီး Northrop Grumman နှင့် Lockheed Martin ကဲ့သို့ ကုမ္ပဏီကြီးများက ရိုးရာအရ လွှမ်းမိုးထားသည့် ကာကွယ်ရေးလုပ်ငန်းနယ်ပယ်ထဲက အမေရိကန် ကုမ္ပဏီသစ်များထဲက တစ်ခုဖြစ်ပါသည်။ နီရိုးလ်ကို ဘီလျံနာ ပီတာ သီအယ် (Peter Thiel) က စွန့်ဦးတီထွင်လုပ်ငန်း ရန်ပုံငွေ အစောပိုင်း ရယူခဲ့သည့် နည်းပညာစတင်ထူထောင်စ ကုမ္ပဏီ (Tech Startup) တစ်ခုလည်း ဖြစ်ပါသည်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ ကုမ္ပဏီစတင်ချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန (DoD) ဟာ ကျွန်တော်တို့ လုပ်နေတာကို သိပ်စိတ်မဝင်စားပါဘူး” ဟု မွန်ရိုး-အန်ဒါဆန်က CNN သတင်းဌာနကို ပြောကြားခဲ့ပါသည်။ “အဲဒါဟာ အရေးကြီးတဲ့ ထုထည်ပမာဏနဲ့ ဈေးပေါတဲ့ ဒရုန်းတွေတည်ဆောက်တာဆိုတဲ့ စကားလုံးတွေပဲဖြစ်ပြီး ဘယ်သူကမှ FPV ဒရုန်းဆိုတာ ဘာလဲဆိုတာ မသိကြသလို ဒရုန်းလေးတွေအပေါ်လည်း ဘယ်သူမှ စိတ်မဝင်စားကြပါဘူး”။

မွန်ရိုး-အန်ဒါဆန်က ယူကရိန်းကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ချိန်တွင် “FPV ဒရုန်းပုံစံငယ် ၃၀ ကို ယူဆောင်သွားခဲ့တယ်” ဟု ပြောပါသည်။ နီရိုးလ်ကုမ္ပဏီသည် ယူကရိန်းကို ဆက်တိုက်သွားရောက်ခဲ့သည့် ခရီးစဉ်များတစ်လျှောက် ဒရုန်းနှင့် ပတ်သက်ပြီး “အကြိမ်ပေါင်းများစွာ” ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်ခဲ့ပါသည်။

“ကျွန်တော်တို့ဟာ ယူကရိန်းကနေ ရရှိတဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး နည်းပညာတွေ ဆက်လက်တီထွင်နေခဲ့သလို အဲဒီနေရာမှာ စဉ်ဆက်မပြတ် စမ်းသပ်မှုတွေ လုပ်ဆောင်ပြီး ယူကရိန်းကို သွားရောက်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။ “ပြီးတော့ နောက်ဆုံးမှာ အဲဒီအရာဟာ ကာကွယ်ရေးဝန်ကြီးဌာန (DoD) ရဲ့ အမြင်မှာ အလွန်အဖိုးတန် လာခဲ့ပါတယ်”။

‘စစ်မြေပြင်မှာ စစ်သားတစ်ယောက်ရဲ့ လက်ထဲကို ဒရုန်းတခုရောက်ချိန်မှာ ခေတ်မမီတဲ့ ပစ္စည်းတစ်ခု ဖြစ်နေရင် ဒါကို တီထွင်ဖို့ ဒါမှမဟုတ် အဆင့်မြှင့်တင်ဖို့ ကုမ္ပဏီတွေအနေနဲ့ နှစ်ပေါင်းများစွာ အချိန်ယူဖို့ မဖြစ်နိုင်တော့ပါဘူး ။ ဒါကြောင့် အချိန်နဲ့အညီ အဆင့်မြှင့်တင်ဖို့ အစဥ်တစိုက် လေ့လာလုပ်ဆောင်နေဖို့ လိုပါတယ်။

Anduril စက်မှုလုပ်ငန်း၏ ဥက္ကဋ္ဌဖြစ်သူ ခရစ်ဘို့စ် (Chris Bose) က အမေရိကန် ကာကွယ်ရေးဌာန ပင်တဂွန်သည် သမိုင်း တစ်လျှောက်မှာ ဒရုန်းများကို ကြီးမားသည့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ဝယ်ယူသည့်အတိုင်း သဘောထားခဲ့သည်ဟု ဆိုပါသည်။ Bose က CNN နှင့် အင်တာဗျူးတစ်ခုတွင် “ဒီလို ဈေးနှုန်းသက်သာတဲ့၊ ကိုယ်ပိုင်ထိန်းချုပ်နိုင်တဲ့၊ မောင်းသူမဲ့ စနစ်တွေ ဝယ်ယူတာကို ကျွန်တော်တို့ရဲ့ ရိုးရာစစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်တွေနဲ့ ပြောင်းပြန်ပုံစံမျိုး အခြေခံအားဖြင့် ပုံဖော်ရမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့သည်။

ယူကရိန်းကုမ္ပဏီများသည် သူတို့၏ ဒရုန်းများတွင် တရုတ်လုပ် ဈေးပေါသည့် အစိတ်အပိုင်းများနှင့် ချစ်ပ်များကို အများအားဖြင့် အသုံးပြုကြသော်လည်း ယင်းအစိတ်အပိုင်းများကို အမေရိကန်လက်နက်များမှာ အသုံးပြုဖို့ တားမြစ်ထားသည်။ နီရိုးလ်ကုမ္ပဏီ၏ ပြောကြားချက်အရ ယင်းအစိတ်အပိုင်းများကို အမေရိကန်တွင် ထုတ်လုပ်ပါက တချို့ပစ္စည်းများတွင် “အဆ ၁၀၀ ပိုစျေးကြီးတယ်” ဟု သိရသည်။ “အမြောက်အမြား ထုတ်လုပ်မယ်ဆိုရင် ကုန်ကျစရိတ်ကို လျှော့ချနိုင်ပေမဲ့ ဒီလောက်ကြီးမားတဲ့ လိုအပ်ချက်မျိုး မရှိသေးပါဘူး။”

ထို့အပြင် DJI ကဲ့သို့ တရုတ်ကုမ္ပဏီများက အရပ်သုံးဒရုန်းနယ်ပယ်ကို လွှမ်းမိုးထားခြင်းကြောင့် အမေရိကန် FPV ဒရုန်းထုတ်လုပ်သူများသည် ပင်တဂွန်၏ စာချုပ်များပေါ်တွင် မှီခိုနေရသော်လည်း ယင်းစာချုပ်များကလည်း အများကြီးအတွက် မဟုတ်သေးပါ။ ၂၀၂၃ ခုနှစ်မှာ အမေရိကန်စစ်တပ်အတွက် ဈေးနှုန်းသက်သာသည့် စနစ်များကို အကြီးစားထုတ်လုပ်ရန် ရည်ရွယ်သည့် အစီအစဉ်တစ်ခုအဖြစ် ကြေညာခဲ့သည့် ပင်တဂွန် Replicator စီမံကိန်းက နှစ်နှစ်အတွင်း ဒရုန်းအစင်း ၃,၀၀၀ သာ ထုတ်လုပ်ရန် ရည်မှန်းထားသည်။

“စက်မှုလုပ်ငန်းရ လက်ရှိအခြေအနေဟာ တော်တော်လေး ဆိုးရွားပါတယ်” ဟု မွန်ရိုး-အန်ဒါဆန်က ပြောကြားခဲ့သည်။ “Neros ဟာ တစ်လကို ဒရုန်းအစင်း ၂,၀၀၀ ထုတ်လုပ်ပြီး ကျွန်တော်တို့က အမေရိကမှာ အမြင့်ဆုံး ဒရုန်းထုတ်လုပ်မှု နှုန်းရှိတဲ့ လိုင်းဖြစ်ပါတယ်။ ဒီအရေအတွက်က သိပ်မများသေးတာကြောင့် ကျွန်တော့်အတွက်တော့ ရူးသွပ်စရာပါပဲ”။

ယူကရိန်းကာကွယ်ရေးဝန်ကြီးက ယူကရိန်းကုမ္ပဏီတွေဟာ ဒီနှစ်မှာ ဒရုန်းအစင်းရေ ၄ သန်းအထိ ထုတ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ခဲ့တယ်လို့ ဇွန်လမှာ ပြောကြားခဲ့ပါတယ်။ အဲဒီထဲမှာ မိုင် ၁,၀၀၀ ကျော်အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ယူကရိန်းရဲ့ ထိရောက်တဲ့ အကွာအဝေးပစ် ဒရုန်းလက်နက်တွေလည်း ပါဝင်ပါတယ်။ ယူကရိန်းသည် ပင်လယ်နက်တွင်ရှိသည့် ရုရှားရေတပ်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည့် ရေတပ်သုံး ဒရုန်းများကိုလည်း တီထွင်ခဲ့သည်။

ယူကရိန်းစစ်သည်များနှင့် ဒရုန်းယူနစ်များကို အားပေးရန် ကိ့ဗ်သည် ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားသည့် တိုက်ခိုက်မှုတိုင်းကို ဆုချမည့် အမှတ်ပေးစနစ်တစ်ခုကို ဖန်တီးခဲ့ပါသည်။ တပ်ရင်း သို့မဟုတ် တပ်ခွဲတစ်ခုက ရမှတ်ပိုများလေ၊ ပစ်မှတ်တွေကို ဆက်လက် တိုက်ခိုက်ဖို့အတွက် ဒရုန်းများ ပိုမို လက်ခံရရှိသည့်စနစ် ဖြစ်သည်။ ယင်းဗီဒီယိုများသည် အခုအခါတွင် တခြားနိုင်ငံများက ဉာဏ်ရည်တု (AI) မော်ဒယ်များ လေ့ကျင့်ရန် လိုချင်သည့် ဒရုန်းဒေတာအချက်အလက် အစုအဝေးများ ဖြစ်လာသည်ဟု ဖယ်ဒိုရော့ဗ် (Fedorov) က ပြောကြားခဲ့သည်။

သို့ရာတွင် ယူကရိန်းက ပြည်ပဒရုန်းထုတ်လုပ်သူများကို ပွင့်ပွင့်လင်းလင်း လက်ခံနေဆဲဖြစ်ပြီး၊ Fedorov က ယူကရိန်းနိုင်ငံကို သူတို့၏ထုတ်ကုန်များသည် စစ်ပွဲအခြေအနေအမှန်တွင် မည်သို့ စွမ်းဆောင်နိုင်သလဲဆိုသည်ကို သိလိုသည့် ကာကွယ်ရေး ကုမ္ပဏီများအတွက် စမ်းသပ်စစ်မြေပြင်တစ်ခုအဖြစ် အသုံးပြုရန် တိုက်တွန်းခဲ့သည်။ ယူကရိန်းအစိုးရနှင့် ဆက်စပ်နေသည့် ကာကွယ်ရေး နည်းပညာဖန်တီးပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Brave1 က သူတို့၏ လက်နက်များကို ရှေ့တန်းတွင် အသုံးပြုရန် ကာကွယ်ရေးကုမ္ပဏီများ လျှောက်ထားနိုင်သည့် “ယူကရိန်းမှာ စမ်းသပ်ပါ (Test in Ukraine)” အစီအစဉ်ကို မကြာသေးမီက စတင်ခဲ့ပါသည်။

နှစ်ဖက်စလုံးမှာ ဒရုန်းအရေအတွက် များပြားလာတာနဲ့အမျှ စစ်မြေပြင်ဟာ အေးခဲသွားပါတယ်။ ရှေ့တန်းရဲ့ မိုင် ၁၅ မိုင်အတွင်း ဘယ်နေရာမဆိုဟာ “ ဝင်ရောက်ခွင့်မရှိတဲ့ဇုန်” (no-go zone) ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒရုန်းအများစုက အဲဒီအကွာအဝေးအထိ ရောက်နိုင်ပြီး တချို့ဆိုရင် လမ်းလျှောက်နေတဲ့ ခြေလျင်တပ်သား အုပ်စုငယ်တွေကိုတောင် ပစ်မှတ်ထားတိုက်ခိုက်ကြလို့ ဖြစ်ပါတယ်။ အဲဒီဧရိယာမှာ ယာဉ်များသွားလာတာက အထူးသဖြင့် အန္တရာယ်ရှိပြီး တပ်တွေကို ရိက္ခာဖြည့်တင်းဖို့ ဒါမှမဟုတ် အလှည့်ကျ စစ်သားလဲလှယ်ဖို့အတွက် ရွေးချယ်စရာတွေကို ကန့်သတ်လိုက်ပါတယ်။

“ဒရုန်းစစ်ပွဲဟာ ယူကရိန်း-ရုရှား ပဋိပက္ခရဲ့ မကြာခဏ ငြိမ်သက်နေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေထက် ကျယ်ပြန့်တဲ့ အင်ဒို-ပစိဖိတ် ပဋိပက္ခမှာ ကွဲပြားခြားနားနိုင်တယ်” ဟု လေ့လာဆန်းစစ်သူများနှင့် အရာရှိများက ပြောကြားခဲ့ကြသည်။ သို့ရာတွင် တူညီသည့်နည်းပညာကို အသုံးပြုနိုင်ဖွယ်ရှိပြီး တရုတ်နိုင်ငံသည် နှစ်စဉ် ဒရုန်းငယ်ပေါင်း သန်းနှင့်ချီပြီး ထုတ်လုပ်နေခြင်းသည် အမေရိကန်အတွက် စိုးရိမ်စရာ ဖြစ်လာပါသည်။

“ကျွန်တော်တို့ အဲဒါအတွက် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်” ဟု ရေတပ်ဆိုင်ရာ လေ့လာဆန်းစစ်ရေးဌာန (Center for Naval Analyses) က စစ်ရေးလေ့လာသူနှင့် အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဆမ်မြူရယ်ဘန်ဒက် (Samuel Bendett) က ပြောပါတယ်။ “ဒါက ဘယ်လိုလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ ဒါဟာ ဒီအခြေအနေမှာ နည်းပညာဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပြီးနောက် ပြန်လှည့်လို့မရတော့ပါဘူး”။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား အမေရိကန် ဥရောပ

မော်စကို၏ ကျူးကျော်မှုများကြောင့် နေတိုးမဟာမိတ်များ ဖိအားခံစားနေရချိန်တွင် အမေရိကန်က ဘီလာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှုကို လေ့လာစောင့်ကြည့်နေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 26 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ရက် ဘိုရီဆော့ဗ်စကီး စစ်ရေးလေ့ကျင့်ရေးကွင်း၊ ဘီလာရုစ် —ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာမှုကြောင့် တင်းမာနေပြီး ဖြစ်သော
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 103 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 221 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 233 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု
နိုင်ငံတကာသတင်း ဥရောပ

ဘန့်စီ (Banksy) ၏ တရားသူကြီးက ဆန္ဒပြသူကို ရိုက်နှက်နေသည့် နံရံပန်းချီအား လန်ဒန်တရားရုံးမှ ဖျက်ပစ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 237 Views
လန်ဒန်၊ AP — တရားသူကြီးတစ်ဦးက ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်နေသည့် ဘန့်စီ ၏ နံရံဆေးရေးပန်းချီကို တရားရုံးနံရံတစ်ခုပေါ်တွင် ရေးဆွဲခဲ့ရာ ၎င်းသည် ဖယ်ရှားခံရမည့် အခြေအနေဖြစ်လာခဲ့သည်။ ပဟေဠိဆန်သည့် အနုပညာရှင် ဘန့်စီ ၏ အခြားသော အငြင်းပွားဖွယ်ရာ
နိုင်ငံတကာသတင်း အမေရိကန်

ချားလ်စ် ကိခ် ပစ်ခတ်မှု မည်သို့ဖြစ်ပွားခဲ့သနည်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 231 Views
BBC-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်။ သြဂုတ်လ၆ ရက်နေ့ ညနေပိုင်း ၁၇နာရီ ၄၁မိနစ်  တွင်က ယူတားပြည်နယ်ရှိ ယူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထင်ပေါ်ကျော်ကြားသော ရီပတ်ဘလစ်ကန် တက်ကြွလှုပ်ရှားသူ ချားလ်စ် ကိခ် ပစ်သတ်ခံရသည်။ ချားလ်စ်
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံရှိ စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသား တပ်မတော် (KNA)ကိုအ‌ရေးယူလိုက်ပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 243 Views
အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း။ သတင်းထုတ်ပြန်ချက် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက် အရှေ့တောင်အာရှရှိ ရာဇဝတ်မှုကျူးလွန်သူများသည် အမေရိကန်နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှုအားနည်းချက်များကို အခွင့်ကောင်းယူကာ အလွဲသုံးစားလုပ်မှု ပိုများ လာသည်။
တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားက ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရာမှာ နက်ရှိုင်းတဲ့ သင်ခန်းစာတစ်ခုကို ရရှိ သွားပါပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 256 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၉) ရက် ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေဟာ သမိုင်းတစ်လျှောက် သင်ခန်းစာကြီးတစ်ခုကို ရရှိနေပါ တယ်။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရနဲ့ သူတို့ ချုပ်ဆိုလိုက်တဲ့ ဘယ်သဘောတူညီချက်မဆို အရေးကြီးတဲ့ အမှတ်အသားတစ်ခု ပါရှိလာလိမ့်မှာဖြစ်တယ်။