နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ မိနစ်ပိုင်းနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ စစ်တပ်ဘက်က အရာရှိအပါအဝင် (၆)ဦးသေဆုံး

စက်တင်ဘာလ (၁၈)ရက်။

မနေ့က နေ့လယ် (၃)နာရီအချိန်က ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“ အဲ့ဒီစခန်းသိမ်းတိုက်ပွဲက နာရီဝက်လောက်ပဲကြာတယ်။ စစ်တပ်ဘက်က အချိန်မီစစ်ကူပို့ပေးဖို့ တောင်းပေမယ့် မရောက်လာလို့ ဆုံးရှုံးခဲ့တာ။ ဒါကို ကန့်ဘလူမြို့ပေါ်က ဘဘကြီးတွေ နှမြောတသဖြစ်နေတယ်လို့ကြားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဇီးကုန်းမြို့မရဲစခန်းတိုက်ပွဲဟာ မိနစ်(၃၀)ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က စစ်ကူတောင်းခဲ့ပေမယ့် အချိန်မီ မရောက်လာ‌တာကြောင့် တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲထဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၆)ဦးသေဆုံးခဲ့ပြီး အချုပ်သား (၃)ဦးအပါအဝင် ဗိုလ်လေး (၂)ဦး၊ တပ်သား (၂)ဦး၊ တပ်သားမိန်းမ (၂)ဦးနဲ့ ကလေး (၂)ဦးတို့ကို အရှင်ဖမ်းမိခဲ့ပါတယ်။

နောက်ပြီး စစ်တပ်ဆီကနေ G-3 သေနတ် (၉)လက်၊ G-4 သေနတ် (၁)လက်၊ MA-15 သေနတ် (၁)လက်နဲ့ ပစ္စတို (၁)လက်တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားချိန် မိနစ်(၃၀)ခန့် ကြာမြင့်ခဲ့ပေမယ့် ဇီးကုန်းမြို့နဲ့ (၂)မိုင်/(၃)မိုင်သာဝေးတဲ့ ဇီးကုန်းသကြားစက်နဲ့ ဝက်တိုးအထိုင်တို့က စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲပြီးဆုံးပြီး (၂)နာရီခန့်အကြာမှသာ စစ်ကူရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဇီးကုန်းမြို့မရဲစခန်းကို ကန့်ဘလူခရိုင်ပကဖလှုပ်ရှားမှုအဖွဲ့ ဦးဆောင်ကာ ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အခုအခါ ဇီးကုန်သကြားစက်ကနေ အင်အားဖြည့်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး အင်အား (၅၀)ခန့်နဲ့ ဝက်တိုးဘက်ကထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးအင်အား (၆၀)ခန့်တို့ဟာ ဇီးကုန်းမြို့နဲ့ ပတ်ပတ်လည်တို့မှာ ကင်းပုန်းဝတ်ပြီး နေရာယူထားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အထိနာတဲ့ စစ်တပ်ဟာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူတာတွေ အချိန်မရွေး လုပ်လာနိုင်တာကြောင့် ပြည်သူတွေ သတိထားသွားလာဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 21 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 21 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 24 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 24 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက်
မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို အာရက္ခတပ်တော်(AA)ရဲ့ သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။ သင်တန်းကာလထဲ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 39 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ (၃၀၀)ကျော်ကို ဓါးစာခံအနေနဲ့ ဖမ်းဆီးခဲ့တာကြောင့် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 39 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး