စက်တင်ဘာလ (၁၈)ရက်။
စက်တင်ဘာလ (၁၄)ရက်နေ့က ထားဝယ်မြို့ကနေ တက် လာတဲ့ စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းကို ပကာရီရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျောက်မဲတောင်တပ်စခန်းကနေ ထားဝယ်မြို့ကိုပြန်လာဖို့အတွက် စစ်ကူအင်အား (၁၀၀)လောက်နဲ့ ထားဝယ်မြို့ကနေတက်လာတာ။ အဲ့ဒီစစ်ကူစစ်ကြောင်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပကာရီရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ကျောက်မဲတောင်တပ်စခန်းကနေ ထားဝယ်မြို့ကို စစ်ကြောင်းပြန်လာဖို့အတွက် စစ်ကူအင်အား (၁၀၀)ခန့်နဲ့ ထားဝယ်မြို့ကနေ တက်လာချိန် ပကာရီရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က (၁၀)ဦးသေဆုံးပြီး (၁၅)ဦးခန့် ဒဏ်ရာရရှိခဲ့သလို MA-1 (၁)လက်အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းကို KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၂)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ၊ PDF တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အထိနာခဲ့တဲ့ စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ပကာရီရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

