စက်တင်ဘာလ (၁၉)ရက်။
ဒီကနေ့ နံနက် (၂)နာရီကျော်အချိန်က အရှေ့ဒဂုံမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ (၁၂၄)ရပ်ကွက်အုပ်ချုပ်ရေးရုံးကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ နံနက် (၂)နာရီ (၁၉)မိနစ်လောက်မှာ (၁၂၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ Fire Power အထူးစစ်ဆင်ရေးအနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။
အဲ့ဒီရပ်ကွက်အုပ်ချုပ်ရေးရုံးဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လှုပ်ရှားနေတာကြောင့် အဲ့ဒီရုံးက စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှုးတွေနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
(၁၂၄)ရပ်ကွက်အုပ်ချုပ်ရေးရုံးကို Operation Flame(OF)က “ Fire Power” အထူးစစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်တာရှိပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် Operation Flame အနေနဲ့ အကြမ်းဖက်စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့အတူ လက်တွဲပြီး အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။
