စက်တင်ဘာလ (၂၀)ရက်။
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF)မှာ တပ်ထဲပုန်ကန်တာနဲ့ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်တွေကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
YRF တပ်ဖွဲ့ထဲ ပုန်ကန်တာနဲ့ ဗဟိုကော်မတီ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်ဟာ စက်တင်ဘာလ (၁၂)ရက်နေ့က ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိလာခဲ့တာလို့ ဆိုပါတယ်။
အခုလိုဖြစ်စဉ်ကြောင့် ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ရဲဘော် ချစ်သူအောင်ဟာ တပ်ဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်တာကိုလဲ YRF ရဲ့ တရားဝင်လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
နောက်ပြီး YRF တပ်ဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့တဲ့ ရဲဘော် စည်သူအောင်ဟာ တပ်ထဲ ပုန်ကန်တာနဲ့ အာဏာသိမ်းခံရပြီး အခုအာဏာရယူထားတဲ့ အုပ်စုရဲ့ လုပ်ဆောင်တာတွေနဲ့ လုံးဝမသက်ဆိုင်တော့ဘူးလို့ ရေးသားထားပါတယ်။
ဒါပေမယ့် YRF တပ်ထဲ ပုန်ကန်တာနဲ့ ဗဟိုကော်မတီ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလဲ တပ်ဖွဲ့ဝင်တွေရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုကာ ပုဂ္ဂိုလ်ရေးရှေ့တန်းတင် ဆောင်ရွက်တာတွေကြောင့်ဆိုပြီး ရုံးအဖွဲ့ဝင် ကိုမြတ်သူကို တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခဲ့သေးတယ်လို့ သိရပါတယ်။

