နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းမှာ ကဗျာဆရာတဦးကို မှားယွင်းသတ်ဖြတ်မိတဲ့အပေါ် Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင် တောင်းပန်

တရားစွဲမယ်ဆိုရင် အရေးယူခံနိုင်တယ်လိုဆို

စက်တင်ဘာလ (၂၂)ရက်။

စစ်ကိုင်းတိုင်း အရာတော်မြိုရှိ မလဲသာရွာက ကဗျာဆရာ ဦးမြင့်ဆန်းကို ဒလန်ဆိုကာ မှားယွင်းသတ်ဖြတ်မိခဲ့တဲ့အပေါ် Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင် ကိုသက်ကြီးက မိသားစုဝင်တွေကို တောင်းပန်ခဲ့တယ်လို ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ‌မှာ Zero ရဲ့ သမိုင်းမှတ်တမ်း(၄)ဆိုတဲ့ ခေါင်းစဉ်နဲ့ “ စစ်ကိုင်းနယ်မြေထဲ နယ်မြေရှင်းလင်းရင်း စာရေးဆရာ/ကဗျာဆရာတစ်ဦးကို မှားယွင်းစွာ ကျူးလွန်ခဲ့ပါတယ်။ နယ်မြေခံရဲ့ဆုံးဖြတ်ချက်နဲ့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ဖြစ်စဉ်ပါ။ နစ်နာခဲ့တဲ့ မိသားစုဝင်တွေကို တောင်းပန်တာ၊ ဝမ်းနည်းစကားပြောတာနဲ့ အားပေးနှစ်သိမ့်ခဲ့တယ်” လို ရေးသားထားပါတယ်။

အသက် (၆၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမြင့်ဆန်းဟာ စစ်တပ်ရန်ကြောင့် မလဲသာရွာနဲ့ (၂)မိုင်ခန့်ဝေးတဲ့ ရွာတရွာမှာ ထွက်ပြေးတိမ်းရှောင်နေချိန် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလပိုင်းထဲ သတ်ဖြတ်ခံရတာပါ။

ဒီလိုမှားယွင်းစွာ ကျူးလွန်ခဲ့တာကြောင့် နစ်နာခဲ့တဲ့ မိသားစုဝင်တွေကို ‌နယ်မြေတာဝန်ခံတွေ၊ ရပ်မိရပ်ဖတွေနဲ့အတူ တောင်းပန်တာနဲ့ ဝမ်းနည်းစကားပြောတာအပြင် အားပေးနှစ်သိမ့်ခဲ့တယ်လို ဆိုပါတယ်။

နောက်ပြီး အခုဖြစ်စဉ်အတွက် နောင်တချိန် တိုင်းပြည်အေးချမ်းတဲ့ကာလမှာ တရားစွဲမယ်ဆိုရင် အဖွဲအတွက် တာဝန်ယူပြီး ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှု ခံယူနိုင်တယ်လို သူက ထည့်သွင်းရေးသားထားပါတယ်။

ဒါ့အပြင် အခုတောင်းပန်ခဲ့တဲ့အပေါ် မိသားစုဘက်ကလဲ လှိက်လှဲစွာ ကြိုဆိုခဲ့ပြီး MOD ရဲ့ တာဝန်ရှိသူတွေကို ဖြစ်စဉ်တင်ပြထားတယ်လို ဖော်ပြထားပါတယ်။

ဦးမြင့်ဆန်း မှားယွင်းသတ်ဖြတ်ခံရတာကြောင့် ကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲအစည်းက ကျန်ရစ်တဲ့ မိသားစုတွေကို ကျေနပ်တဲ့အထိ ဝန်ချတောင်းပန်ဖို စစ်ကိုင်းရှိ အရပ်ဘက်အဖွဲတွေက တောင်းဆိုခဲ့တယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 2 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင်
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့