နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းမှာ ကဗျာဆရာတဦးကို မှားယွင်းသတ်ဖြတ်မိတဲ့အပေါ် Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင် တောင်းပန်

တရားစွဲမယ်ဆိုရင် အရေးယူခံနိုင်တယ်လိုဆို

စက်တင်ဘာလ (၂၂)ရက်။

စစ်ကိုင်းတိုင်း အရာတော်မြိုရှိ မလဲသာရွာက ကဗျာဆရာ ဦးမြင့်ဆန်းကို ဒလန်ဆိုကာ မှားယွင်းသတ်ဖြတ်မိခဲ့တဲ့အပေါ် Zero ပြောက်ကျားတပ်ဖွဲခေါင်းဆောင် ကိုသက်ကြီးက မိသားစုဝင်တွေကို တောင်းပန်ခဲ့တယ်လို ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ‌မှာ Zero ရဲ့ သမိုင်းမှတ်တမ်း(၄)ဆိုတဲ့ ခေါင်းစဉ်နဲ့ “ စစ်ကိုင်းနယ်မြေထဲ နယ်မြေရှင်းလင်းရင်း စာရေးဆရာ/ကဗျာဆရာတစ်ဦးကို မှားယွင်းစွာ ကျူးလွန်ခဲ့ပါတယ်။ နယ်မြေခံရဲ့ဆုံးဖြတ်ချက်နဲ့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ဖြစ်စဉ်ပါ။ နစ်နာခဲ့တဲ့ မိသားစုဝင်တွေကို တောင်းပန်တာ၊ ဝမ်းနည်းစကားပြောတာနဲ့ အားပေးနှစ်သိမ့်ခဲ့တယ်” လို ရေးသားထားပါတယ်။

အသက် (၆၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမြင့်ဆန်းဟာ စစ်တပ်ရန်ကြောင့် မလဲသာရွာနဲ့ (၂)မိုင်ခန့်ဝေးတဲ့ ရွာတရွာမှာ ထွက်ပြေးတိမ်းရှောင်နေချိန် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလပိုင်းထဲ သတ်ဖြတ်ခံရတာပါ။

ဒီလိုမှားယွင်းစွာ ကျူးလွန်ခဲ့တာကြောင့် နစ်နာခဲ့တဲ့ မိသားစုဝင်တွေကို ‌နယ်မြေတာဝန်ခံတွေ၊ ရပ်မိရပ်ဖတွေနဲ့အတူ တောင်းပန်တာနဲ့ ဝမ်းနည်းစကားပြောတာအပြင် အားပေးနှစ်သိမ့်ခဲ့တယ်လို ဆိုပါတယ်။

နောက်ပြီး အခုဖြစ်စဉ်အတွက် နောင်တချိန် တိုင်းပြည်အေးချမ်းတဲ့ကာလမှာ တရားစွဲမယ်ဆိုရင် အဖွဲအတွက် တာဝန်ယူပြီး ထိုက်သင့်တဲ့ အပြစ်ပေးအရေးယူမှု ခံယူနိုင်တယ်လို သူက ထည့်သွင်းရေးသားထားပါတယ်။

ဒါ့အပြင် အခုတောင်းပန်ခဲ့တဲ့အပေါ် မိသားစုဘက်ကလဲ လှိက်လှဲစွာ ကြိုဆိုခဲ့ပြီး MOD ရဲ့ တာဝန်ရှိသူတွေကို ဖြစ်စဉ်တင်ပြထားတယ်လို ဖော်ပြထားပါတယ်။

ဦးမြင့်ဆန်း မှားယွင်းသတ်ဖြတ်ခံရတာကြောင့် ကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲအစည်းက ကျန်ရစ်တဲ့ မိသားစုတွေကို ကျေနပ်တဲ့အထိ ဝန်ချတောင်းပန်ဖို စစ်ကိုင်းရှိ အရပ်ဘက်အဖွဲတွေက တောင်းဆိုခဲ့တယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု သည့်နိုင်ငံများထဲတွင် ပြင်သစ်ကလည်းပါဝင်မည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 1 Views
CNN- ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၂ရက် ပြင်သစ်သည် ယခုအပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည့် ဥရောပနိုင်ငံများအတွင်း
မြန်မာသတင်း

ကန့်ဘလူနယ် ကျီစုရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချ၊ အရပ်သား (၁)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 17 Views
စက်တင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်း (၁)နာရီခွဲဝန်းကျင်ခန့်က ကန့်ဘလူမြိုနယ် ကျီစုရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး
မြန်မာသတင်း

ဗန်းမောက်မြို့ကို (၆)ရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 22 ရက်
  • 27 Views
စက်တင်ဘာလ (၂၂)ရက်။ စက်တင်ဘာလ (၁၅)ရက်နေ့ကစပြီး ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်ခဲ့ကာ (၆)ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမြို့သိမ်းတိုက်ပွဲမှာ ရဉ်ထွန်း(ဗျူဟာမှူး)ဦးစီးတဲ့ SNA ရဲ့ တပ်မဟာ (၆၁၄၊ ၉၇၂)အပြင်
ဆောင်းပါးများ မြန်မာသတင်း

အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 66 Views
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက် ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကို ဗုဒ္ဓဘာသာဝင်တွေအပြင် ဘာသာမဲ့တွေ၊ တခြားဘာသာဝင်တွေလည်း လုပ်ကြည့်နိုင်ပါတယ်။
မြန်မာသတင်း

YRF တပ်ဖွဲ့ထဲ ပုန်ကန်တာနဲ့ အာဏာသိမ်းခံရတာကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 139 Views
စက်တင်ဘာလ (၂၀)ရက်။ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF)မှာ တပ်ထဲပုန်ကန်တာနဲ့ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်တွေကြောင့် တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ YRF တပ်ဖွဲ့ထဲ ပုန်ကန်တာနဲ့ ဗဟိုကော်မတီ အာဏာသိမ်းခံရတဲ့ဖြစ်စဉ်ဟာ စက်တင်ဘာလ (၁၂)ရက်နေ့က ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်အချို့ နှုတ်ထွက်တာတွေရှိလာခဲ့တာလို့
မြန်မာသတင်း

“NUG ဖျက်သိမ်းမလား လူပြောင်းကစားမလား အတွေးအခေါ်ပြောင်းမလား”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 137 Views
အထက်ပါခေါင်းစဥ်နဲ့ ဦးထွန်းအောင်ကျော် နဲ့ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင် တံတားနီ အရေးအခင်းမှာခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့တဲ့ ကိုအောင်သူတို့ ကိုယ့်အမြင်နဲ့ကိုယ် တော်လှန်ရေးကိုဘယ်လိုအောင်မြင်အောင်လုပ်သင့်တယ် ဘာတွေလိုနေတယ် ဆိုတာကို ဆွေးနွေးထားတာကို ခေတ်မျက်လုံးကနေတင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် သွားရောက်စစ်ဆေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 137 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေထဲ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရီးစဉ်ထဲ စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်နယ်မြေထဲ နယ်မြေလုံခြံရေးနဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
မြန်မာသတင်း

ခင်ဦးမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ပျက်ဆုတ်ပြေးခဲ့ရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 130 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၈)ရက်နေ့က ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူရွာဘက်ကို ထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွှေဘိုလေ့ကျင့်ရေး(၈)က ခွေးတပ်နဲ့ ရွှေဘို