စက်တင်ဘာလ (၂၅)ရက်။
စက်တင်ဘာလ (၂၃)ရက်နေ့က ကျောက်မဲမြို ပင်ပေါရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပင်ပေါရွာထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီလက်နက်ကြီးကြောင့် မိသားစု (၃)ဦး ထိမှန်ပြီးတော့ ယောင်္ကျာဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားတယ်” လို ဆိုပါတယ်။
ပင်ပေါရွာထဲ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မိသားစု (၃)ဦး ထိမှန်ခဲ့ကာ ဦးဆန်းလွင်မှာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့သလို ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး မနေ့ကလဲ ပင်တီးရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တာကြောင့် ရွာထဲရှိ ဘုန်းကြီးကျောင်းရဲ့ ကျောင်းဆောင်နဲ့ ဆွမ်းစားဆောင်တို ပျက်စီးခဲ့ရပါသေးတယ်။
အခုအခါ စစ်တပ်ဟာ လက်လွှတ်ထားရတဲ့ ကျောက်မဲမြိုကို ပြန်ရဖို စစ်အင်အားတွေ ဖြည့်တင်းပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို သိရပါတယ်။
ဒါ့အပြင် ဒီကနေ့အထိ စစ်တပ်ဟာ နောင်ချိုနဲ့ ကျောက်မဲလမ်းမကြီးပေါ်ရှိ နားအိုက်ခန့်နဲ့ စခန်းသာရွာကြား ရောက်ရှိနေကာ TNLA နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
အဲ့ဒီ နားအိုက်ခန့်နဲ့ စခန်းသာရွာကြားမှာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြိုပေါ်နဲ့ (၈)မိုင်ခန့်သာကွာဝေးပြီး တိုက်ပွဲပြင်းထန်နေတာ (၁)လကျော်ကြာပြီဖြစ်တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။

