နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

မော်လ်ဒိုဗာ၏ ဥရောပသမဂ္ဂလိုလားသော အုပ်ချုပ်ရေးပါတီ၊ ရုရှားဝင်ရောက်စွက်ဖက်မှု စွပ်စွဲချက်များကြားမှ ရွေးကောက်ပွဲ အနိုင်ရ

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၃၀ရက်

  • မော်လ်ဒိုဗာ (Moldova) တွင် အုပ်ချုပ်နေသော အနောက်အုပ်စုလိုလားသည့် ပါတီ သည် ရုရှား၏ စွက်ဖက်မှုစွပ်စွဲချက်များကြားမှ အရေးပါသော ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရပြီး လွှတ်တော်၌ မဲအများစုကို ထပ်မံရရှိခဲ့သည်။
  • သမ္မတ မာယာဆန်ဒူ(Maia Sandu) ၏ လှုပ်ရှားမှုနှင့်စည်းလုံးရေးပါတီ(Party of Action and Solidarity (PAS)) ပါတီ သည် မဲရေတွက်မှုအားလုံး ပြီးဆုံးချိန်တွင် ၅၀% ကျော် ရရှိခဲ့ပြီး၊ ရုရှားလိုလားသော အတိုက်အခံ မျိုးချစ်အုပ်စု(Patriotic Bloc) ၏ ၂၅% အောက် ရရှိမှုထက် များစွာ သာလွန်ခဲ့သည်။
  • သမ္မတ ဆန်ဒူသည် ဤရွေးကောက်ပွဲရလဒ်သည် ဆိုဗီယက်ပြည်ထောင်စုဟောင်း၏ အဖွဲ့ဝင်အဖြစ်မှ ဥရောပသမဂ္ဂ (EU) သို့ ဦးတည်ရာ လမ်းကြောင်း အတွက် အရေးပါသည်ဟု ရှုမြင်ခဲ့သည်။
  • ရွေးကောက်ပွဲမတိုင်မီ သမ္မတ ဆန်ဒူက ရုရှားသည် ရလဒ်ကို လွှမ်းမိုးရန် “ယူရို သန်းရာနှင့်ချီ” သုံးစွဲခဲ့ကြောင်း သတိပေးခဲ့ပြီး၊ မော်လ်ဒိုဗာအာဏာပိုင်များကလည်း အနှောင့်အယှက်ပေးမှုများ လုပ်နိုင်ကြောင်း သတိပေးခဲ့သည်။
  • အငြင်းပွားဖွယ်ရာများကြားမှ သမ္မတ ဆန်ဒူ နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် အင်အားကြီးမားသော မဲရလဒ်များ ဖြင့် အနိုင်ရခဲ့ခြင်းကို ဥရောပ ခေါင်းဆောင်များက ချီးကျူးဂုဏ်ပြုခဲ့သည်။
  • ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယွန်(Ursula von der Leyen) နှင့် ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီး အပါအဝင် ဥရောပခေါင်းဆောင်များက ရလဒ်ကို ဂုဏ်ပြုခဲ့ကြပြီး၊ ရုရှား၏ ဖျက်ဆီးလိုသော လုပ်ရပ်များ အလုပ်မဖြစ် ကြောင်း ပြောကြားခဲ့သည်။
  • မော်လ်ဒိုဗာနိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးကောက်ပွဲနေ့တွင် မဲရုံများကို ဗုံးခြိမ်းခြောက်မှုများ နှင့် ဆိုက်ဘာတိုက်ခိုက်မှုများ အပါအဝင် ရုရှား၏ စွက်ဖက် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
  • မော်စကိုကမူ မည်သည့်စွက်ဖက်မှုကိုမဆို ငြင်းဆိုခဲ့သည်။ သို့သော် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ရုရှားရှိ မော်လ်ဒိုဗာနိုင်ငံသားများ မဲပေးခွင့် ဆုံးရှုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
  • သမ္မတ ဆန်ဒူ က ဤရလဒ်သည် “ရုရှားသည် ၎င်း၏ ရည်မှန်းချက်များကို မော်လ်ဒိုဗာနိုင်ငံအပေါ်အောင်မြင်ခြင်း မရှိကြောင်း” ပြသနေသည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ