နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့

အောက်တိုဘာလ (၃)ရက်။

အောက်တိုဘာလ (၁)ရက်နေ့ ညနေ (၆)နာရီအချိန်က ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ဖြစ်တာက ညနေ (၆)နာရီလောက် ရုံးပေါင်းစုံကနေ Alphard ကားနဲ့ လှည့်ကင်းပတ်တဲ့ စစ်ကားက ဆိုင်ကယ်စီးတဲ့သူတွေကို လိုက်ပစ်တာ။ အဲ့လိုရမ်းသန်းပစ်တဲ့အချိန် လမ်းဘေးမှာ ဆိုင်ကယ်စီးဖို့ပြင်နေတဲ့သူ‌ကို ထိပြီး နေရာမှာပဲ သေဆုံးသွားတာ”လို့ ဆိုပါတယ်။

မြို့ပေါ် လှည့်ကင်းပတ်တဲ့ စစ်ကားဟာ ဆိုင်ကယ်ကို (၂)ယောက်စီးတယ်ဆိုပြီး အရပ်သားတွေကို လိုက်လံပစ်ခတ်ရာက လမ်းဘေးမှာရှိတဲ့ ပြည်သူတစ်ဦးကို ထိမှန်ကာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူဟာ အမှတ်(၁) ထန်းတင်းရပ်ကွက်နေ ကိုဖြိုးဆိုသူဖြစ်ပြီး အမှတ်(၈) အောင်မင်္ဂလာရပ်ကွက်ကနေ နေအိမ်ကို ပြန်ဖို့ ပြင်ဆင်နေချိန် အခုလို ပစ်ခတ်ခံရကာ သူ့မှာ ဇနီးသည်နဲ့ လူမမယ် သားသမီး (၂)ဦး ကျန်ရစ်ခဲ့ပါတယ်။

“မြို့ပေါ်မှာ စခတွေက PDF တွေကို ကြောက်လို့ ဆိုင်ကယ် (၂)ယောက်မစီးရဆိုပြီး အမိန့်ထုတ်ထားတာ နှစ်နဲ့ချီနေပြီ။ ဒါကို မလိုက်နာလို့ဆိုပြီး တွေ့တာနဲ့ လိုက်ပစ်တာတွေကြောင့် ပြည်သူတွေ သေဆုံးတာ မကြာခဏရှိတယ်။ အခုဖြစ်တာကလဲ ခရီးသည်လာခေါ်တဲ့ ဆိုင်ကယ်စီးတဲ့ ပြည်သူတွေဆိုတာကို သိရက်နဲ့ အတွဲလိုက်ပစ်သွားတာ”လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် သေဆုံးသွားတဲ့ ကိုဖြိုးရဲ့ရုပ်အလောင်းကို မိသားစုဝင်တွေဆီ ချက်ချင်းမပေးဘဲ ဆိုင်ကယ် (၃)ယောက်စီးတဲ့အတွက် ပစ်တယ်ဆိုပြီး မဟုတ်မမှန် မိဘတွေကို လက်မှတ်ထိုးခိုင်းခဲ့ပါသေးတယ်။

အဲ့ဒီနောက် ဒီကနေ့ နံနက်ပိုင်းအချိန်မှသာ ဆေးရုံရင်ခွဲရုံကနေ ရုပ်အလောင်းကို စစ်တပ်က ထုတ်ပေးခဲ့ကာ နာရေးကိုတော့ ဇနီးဖြစ်သူနေထိုင်တဲ့ ရွှေချောင်းရွာမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို