နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းအောင်လှိုင် မန္တလေးရောက်ချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

အောက်တိုဘာလ (၄)ရက်။

ဒီကနေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံး (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မနေ့ကညပိုင်းမှာ မင်းအောင်လှိုင်က မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်ပွဲတက်ဖို့ ပြင်ဦးလွင်ကနေ မန္တလေးကိုရောက်ပြီး ခဏဝင်တည်းတဲ့ လပခထဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည်ပွဲတက်ဖို့ ပြင်ဦးလွင်ကနေ မန္တလေးမြို့ကို ရောက်ရှိပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တည်းခိုနေတာကို သတင်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝင်ရောက်တည်းခိုနေချိန် BWM က စစ်ဆင်ရေး(၄၆)အနေနဲ့ ရှော့တိုက်ဒုံး (၂)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး မင်းအောင်လှိုင်ဟာ အရပ်သားအများအပြားကို လူသားဒိုင်းအနေနဲ့ အကာအကွယ်ယူပြီး မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကို တက်ရောက်မှာဖြစ်သလို အခမ်းအနားကို တိုက်ခိုက်တာက ပိုပြီးလွယ်ကူပေမယ့် အရပ်သားတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် လပခထဲကိုသာ တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးဟာ နာရီပိုင်းထဲ ရုတ်တရက်စီစဉ်ရတဲ့ စစ်ဆင်ရေးဖြစ်ပေမယ့် မင်းအောင်လှိုင်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခဲ့သလို လပခထဲက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးကို BWM ဦးဆောင်ပြီး No More Dictatorship(NMD-PDF)၊ People Servant Force(PSF)နဲ့ ရတနာပုံတပ်ဦးတို့ လုပ်ဆောင်ခဲ့ကာ ကူညီပေးခဲ့တဲ့ နယ်မြေမဟာမိတ်တွေကို ကျေးဇူးတင်တယ်လို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်တာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 13 Views
အောက်တိုဘာလ (၄)ရက်။ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဌာန်းပြီးတဲ့အချိန်ကစပြီး  စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ထိန်းချုပ်စိုးမိုးထားတဲ့နယ်မြေတွေက မလေးရှားနိုင်ငံလောက်ရှိပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 10 Views
အောက်တိုဘာလ (၄)ရက်။ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက မလေးရှားနိုင်ငံရဲ့ အကျယ်အဝန်းလောက်ရှိပြီလို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ တရုတ်နိုင်ငံကို သားဖြစ်သူ တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 14 Views
အောက်တိုဘာလ (၄)ရက်။ မတရားဖမ်း‌ဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက တရုတ်နိုင်ငံအနေနဲ့ ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ တရုတ်နိုင်ငံကို တောင်းဆိုခြင်း”
မြန်မာသတင်း

အကျဉ်းသားထွက်ပြေးတာတွေရှိတဲ့အပေါ် တရားရုံးတွေ အထူးသတိထားဖို့ NUG ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 31 Views
အောက်တိုဘာလ (၃)ရက်။ မြေပြင်မှာ အကျဉ်းသားထွက်ပြေးတာတွေ ရှိနေတဲ့အပေါ် တရားရုံးတွေ အထူးသတိထားဖို့ NUG တရားရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးက မြို့နယ်တရားသူကြီးတွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု မြေပြင်မှာ
မြန်မာသတင်း

ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 36 Views
အောက်တိုဘာလ (၃)ရက်။ အောက်တိုဘာလ (၁)ရက်နေ့ ညနေ (၆)နာရီအချိန်က ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဖြစ်တာက ညနေ (၆)နာရီလောက် ရုံးပေါင်းစုံကနေ Alphard
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်တပ်က လေကြောင်းနဲ့ ပေါင် (၅၀၀)ဗုံး ကြဲချ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 22 Views
အောက်တိုဘာလ (၃)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်မှာ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီ
မြန်မာသတင်း

မန္တလေးမြို့လယ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 24 Views
အောက်တိုဘာလ (၃)ရက်။ မန္တလေးမြို့လယ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုထဲ “ သင့်မဲနဲ့ တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်
မြန်မာသတင်း

ဖာပွန်မှာ စစ်တပ်နဲ့ BGF ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 26 Views
ဖာပွန်မှာ စစ်တပ်နဲ့ BGF ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ အောက်တိုဘာလ (၃)ရက်။ စက်တင်ဘာလ (၂၆)ရက်နေ့က ဖာပွန်ခရိုင်ထဲ စစ်တပ်နဲ့ BGF ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။