နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့ ပန်းဆိုးတန်းက ချယ်ရီ အမှတ် (၂) သင်္ဘော ပေါက်ကွဲမှု (၁၇) ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီ ဝန်းကျင်က ရန်ကုန် မြို့လယ် ပန်းဆိုးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ပန်းဆိုးတန်း ဒလ ပြေးဆွဲနေတဲ့ ချယ်ရီ သင်္ဘောမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူဒါဇင်နဲ့ချီပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီဇင်ဘာ (၁၈) ရက် ည ၇ နာရီအချိန်ခန့်က ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်း မှာ ဆိုက်ကပ်ရပ်နားထားသည့် ပန်းဆိုးတန်း ဒလ ပြေးဆွဲသည့် ချယ်ရီသင်္ဘော ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်.
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူ(၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိသူ အရေအတွက်သိရသော်လည်း သေဆုံးသူ အခြေအနေများကို သိရှိရခြင်းမရှိသေးပေ။

ချယ်ရီ အမှတ် -၂ သင်္ဘော ဟာ ဆိပ်ကမ်းက နေထွက်ခွာနေစဉ်အချိန်မှာပဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုဟာ သင်္ဘော အတက်အဆင်း စက်ခန်း အနီး အောက်ခြေနားတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အသံကျယ်လောင်စွာ ကြားရကြောင်း ၊ ပေါက်ကွဲမှု ပြင်းထန်သဖြင့် လူများအတုံးအရုန်းလဲကျခဲ့ကြောင်း ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းသိရသည်။

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် သင်္ဘောကို ရန်ကုန်ပန်းဆိုးတန်းဘက် ပြန်ကပ်ပြီး ဒဏ်ရာရသူများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဒဏ်ရာရသူ အများစုဟာ ဒလမြို့ ၁၁/၁၄ ရပ်ကွက်နေထိုင်သူတွေ အများစုဖြစ်ပြီးတော့ ရန်ကုန်မြို့ဘက်ခြမ်းမှာ အလုပ်လုပ်ပြီးချိန် ဒလဘက်ကို ပြန်လာသူတွေဖြစ်တယ်လို့ ဒလမြို့မှာဒေသခံတွေထံကသိရှိရသည်။

ဒဏ်ရာသူတွေဟာ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပြီး ကုသမှု ခံယူလျက်ရှိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ပန်းဆိုးတန်း ဒလ ပြေးဆွဲသည့် ချယ်ရီ သင်္ဘောများသည် ရန်ကုန်တဖက်ကမ်း မြို့နယ်များဖြစ်တဲ့ ဒလ၊ တွံတေး၊ ကော့မှူး၊ကွမ်းခြံကုန်းမြို့နယ်များက ဒေသခံများအများဆုံးလိုက်ပါစီးနင်းကြပြီး တစ်နေ့ကို အခေါက်ရေ ၄၀ ပုံမှန်ပြေးဆွဲနေတာဖြစ်ပါတယ်။ အဲဒီခရီးစဉ်ကိုလိုက်ပါစီးနင်းသူ / နေ့စဥ်စီးနင်းသူ လူဦးရေသောင်းဂဏန်း ရှိကြောင်းသိရသည်။

ဒီလို နေ့စဥ်လူ ‌သောင်းချီအသုံးပြုတဲ့ သ‌င်္ဘောပေါ်က ပေါက်ကွဲမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDFတွေ လုပ်ဆောင်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပြီး ဒလမြို့နယ် PDF ဘက်ကတော့အခုဖြစ်စဉ်ကိုငြင်းဆိုသလိုပြည်သူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်မလုပ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

ထို့အပြင် NUG ကလည်း အဆိုပါဖြစ်စဉ်သည် အမျိုးသားညီညွတ်ရေး အစိုးရ နှင့်လုံး၀မသက်ဆိုင်ကြောင်းကိုလည်း ထုတ်ပြန်ကြေညာထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ပြီးခဲ့တဲ့ မေလ က ရန်ကုန်မြို့လယ်ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဦးတည်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်း သူရဲ့လူမှုကွန်ရက် စာမျက်နှာကနေ သတင်းထုတ်ပြန်ထားသည်။

MoeZ/Era’sEyes | Photo – CJ – REF: BBC , DVB , MMN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 35 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 38 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 38 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 39 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 41 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 31 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်