နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

တလပြည့်တဲ့ လေးကေ့ကော်တိုက်ပွဲထဲ စစ်တပ်ဘက်က (၁၅၀)နီးပါး ထိခိုက်သေဆုံးခဲ့

အောက်တိုဘာလ (၈)ရက်။

ဒီကနေ့ လေးကေ့ကော်တိုက်ပွဲ တလပြည့်တဲ့အချိန်မှာ စစ်ကော်မရှင်တပ်ဘက်က (၁၅၀)နီးပါး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ Justice Soldier ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ လေးကေ့ကော်တိုက်ပွဲက ဒီကနေ့ အောက်တိုဘာလ (၈)ရက်နေ့မှာ တလပြည့်ခဲ့ပြီဖြစ်ပါတယ်။ စကမက နိုင်ငံရဲ့ အဖိုးတန်အရင်းအမြစ်တွေကို အဆမတန်တံ့ တန်ဖိုးတွေနဲ့ လဲလှယ်ရရှိလာတဲ့ နည်းပညာမြင့် စစ်လက်နက်တွေ၊ အဓမ္မဖမ်းဆီးစုဆောင်းထားတဲ့ ပြည်သူ့စစ်အင်အားတွေကို အသုံးပြုပြီး အလုံးအရင်း ဝင်ရောက်လာတာ” လို့ ဆိုပါတယ်။

လေးကေ့ကော်ဒေသထဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ကို KNU/ KNLA၊ ဗျူဟာအမှတ် (၃၂) Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Venom စစ်ကြောင်း၊ Justice Soldier တပ်ဖွဲ့နဲ့ Drone တပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲ တလပြည့်တဲ့အချိန်မှာ စစ်ကော်မရှက်တပ်ဘက်က (၁၅၀)ကျော် ထိခိုက်ကျဆုံးပြီး အလင်းဝင်လာတဲ့သူ များပြားခဲ့ပြီး Justice Soldier တပ်ဖွဲ့က ရဲဘော်တဦး ကျဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က လေးကေ့ကော်မြို့ထဲကို လေကြောင်းနဲ့ နည်းပညာမြင့်ဒရုန်းတွေအပါအဝင် မစ်ဇိုင်းဒုန်းကျည်‌တွေနဲ့ လက်နက်ကြီးပစ်ကူ အများအပြားနဲ့ နေ့တိုင်း အဆက်မပြတ် ပစ်ခတ်နေတာပါ။

အခုအခါ စစ်ကော်မရှင်တပ်အနေနဲ့ လေးကေ့ကော်မြို့သစ်နဲ့ အာရှလမ်းနေရာတို့ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘဲ မြေပြင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ချောင်းဦး ဆီမီးသပိတ် ဗုံးကြဲခံရပြီး သေဆုံးသူတွေထဲ သပိတ်ရဲဘော် (၃)ဦး ပါဝင်တယ်လို့ GSCB ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 17 Views
အောက်တိုဘာလ (၈)ရက်။ ချောင်းဦးမြို့ ဗုံတိုရွာက ဆီမီးသပိတ် လေကြောင်းဗုံးကြဲခံရတာမှာ သေဆုံးသူတွေထဲ သပိတ်ရဲဘော် (၃)ဦး ပါဝင်ခဲ့တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ မနေ့က
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်း လေကြောင်းဗုံးကြဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 20 Views
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က နွားထိုးကြီးမြို့ မကျီးကုန်းရွာရှိ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

မိုင်းလုံမြို့ မန်ဟုန်းရွာ ဗုံးကြဲခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 16 Views
အောက်တိုဘာလ (၈)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က မိုင်းလုံမြို့ရှိ မန်ဟုန်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်ဟုန်းရွာကို သီတင်းကျွတ်
မြန်မာသတင်း

မင်းလှမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲမဲစာရင်းတွေ မီးရှို့ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 26 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ည (၁၁)နာရီခွဲအချိန်က မင်းလှမြို့ ဆင်တဲကုန်းရွာက စစ်တပ်ရဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှ ဆင်တဲကုန်းရွာရဲ့ စာကြည့်တိုက်မှာ စကစရဲ့
မြန်မာသတင်း

မုံရွာရှိ စစ်တပ်ရဲ့ နမခဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီး အရာရှိတွေအပါအဝင် (၁၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 35 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၂)ရက်နေ့က မုံရွာအခြေစိုက် စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၂)ရက်နေ့က သီတင်းကျွတ်အကြိုအနေနဲ့ နမခထဲကို ရော့ကတ်
မြန်မာသတင်း

ထားဝယ်ထောင်မှာ နိုင်/ကျဉ်းတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 27 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၃)ရက်နေ့က ထားဝယ်ထောင်မှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထားဝယ်ထောင်ထဲ မတရားအကျဉ်းချခံရပြီး သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟာ အသက် (၄၈)နှစ်အရွယ် ‌ကိုအောင်ကိုဦးဖြစ်ကာ
မြန်မာသတင်း

ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 25 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်းဝင်းထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာ။ အဲ့ဒီမှာ
မြန်မာသတင်း

ချောင်းဦးမှာ ဆီမီးသပိတ်ပြုလုပ်ချိန် ဗုံးကြဲခံရပြီး သေဆုံးသူ (၄၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 29 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ ည (၈)နာရီအချိန် မုံရွာနဲ့ ချောင်းဦးအစပ်ရှိ ဗုံတိုရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ပြည်သူတွေစုပြီး မီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်