အောက်တိုဘာလ (၁၀)ရက်။
ဒီကနေ့ နံနက် (၇)နာရီ (၁၀)မိနစ်အချိန်က မုံရွာ-မန္တလေးလမ်းမပေါ်မှာ ယာဉ်တန်းလုံခြုံးရေးယူနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့၀င်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မုံရွာ-မန္တလေးလမ်းမပေါ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို လုံခြံရေးယူဖို့ ထွက်လာတဲ့ ကင်းတာဝန်ကျ စစ်သား (၄)ဦးကို သံလွင်မြန်မာဆီဆိုင်နားမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူဖို့ ထွက်လာတဲ့ ကင်းတာဝန်ကျ စစ်သား (၄)ဦးကို ချောင်းဦးမြို့ သံလွင်မြန်မာဆီဆိုင်အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်သား (၃)ဦး သေဆုံးခဲ့ပြီး ဆိုင်ကယ် (၄)စီး၊ BA-63 သေနတ် (၃)လက်၊ (၉)မမကျည် (၄၉၄)တောင့်၊ ၇.၆၂မမ ကျည် (၆၅၂)တောင့်၊ ကျည်ကာဦးထုပ် (၃)လုံး၊ BA-63 ကျည်ဘောက် (၁၀)ခု၊ BA-94 ကျည်ဘောက် (၃)ခု၊ လက်ပစ်ဗုံး (၁)လုံးနဲ့ လက်ကိုင်ဖုန်း (၄)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်ဆင်ရေးကို တော်လှန်ရေးရဲဘော်တွေအနေနဲ့ ဘေးအန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲ့ဒီတိုက်ပွဲကို ချောင်းဦးမြို့နယ်ပကဖ တိုက်ခိုက်ရေးတပ်နဲ့ Special Force 11(LPDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
