နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်တဲ့မြို့တွေကို ရရှိအောင် ဆက်လက်ကြိုးစားနေတယ်လို့ AA ထုတ်ပြန်

အောက်တိုဘာလ (၁၁)ရက်။

ရခိုင်ဒေသထဲ သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတချိန်ထဲမှာ စစ်ကော်မရှင်ဟာ သူစွန့်လွှတ်ခဲ့ရတဲ့နေရာတွေကို ပြန်ရဖို့ နိုင်ငံအနှံထိုးစစ်ဆင်နေသလို ရခိုင်ရှိ ကျောက်ဖြူမြို့ကို ကြည်း၊ရေ၊လေ ပူးပေါင်းကာ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ကျောက်ဖြူမြို့ကို မတ်လဆန်းပိုင်းကစပြီး အကြိမ်ပေါင်းများစွာ ထိုးစစ်ဆင်နေပေမယ့် ထိရောက်မှုမရှိဘဲ အထိအခိုက် အကျအဆုံးတွေကိုသာ ရင်ဆိုင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရခိုင်ဒေသနဲ့ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်း(နတ်ရေကန်)၊ ပဲခူးတိုင်း(ညောင်ကျိုးဗျူဟာကုန်း)နဲ့ ဧရာဝတီတိုင်းအစပ်(လေးမျက်နှာ)တို့မှာ ထိုးစစ်ဆင်နေတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ရေးသားထားပါတယ်။

အခုအခါ AA နဲ့ စစ်ကော်မရှင်တို့ဟာ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျတဲ့ နေရာ(၅)ခုမှာ အပြန်အလှန် ထိုးစစ်တွေနဲ့အတူ နေ့တိုင်း တိုက်ခိုက်နေတာ ရက်သတ္တပတ်ပေါင်း များစွာကြာခဲ့ပြီလို့ ပြောဆိုထားပါတယ်။

အဲ့ဒီတချိန်ထဲမှာပဲ စစ်ကော်မရှင်ဟာ AA ထိန်းချုပ်ထားတဲ့ နေရာတွေထဲက အချို့နေရာတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေကလဲ ပင်လယ်ပြင်ကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်တာနဲ့ ပင်လယ်ပြင်ကမ်းနီးမှာ ငါးဖမ်းထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ အခုရက်တွေထဲ ဆက်တိုက်ပြုလုပ်လာတယ်လို့ AA က ဆိုပါတယ်။

ဒါ့ကြောင့် ပင်လယ်ကမ်းနီး မြို့၊ ရွာတွေက ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ရေကြောင်း၊ လေကြောင်း တိုက်ခိုက်တဲ့အန္တရာယ်ကို အထူးသတိထားကြဖို့နဲ့ စစ်ရေးသတိရှိဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့