နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ထရန့်က နေတန်ယာဟုကို ဂျောင်ပိတ်ထားလိုက်သည်။ သို့သော် နေတန်ယာဟုကို ကယ်တင်လိုက်တာလည်း ဖြစ်နိုင်သည်။

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်

တယ်လ်အဗီးမြို့ (Tel Aviv) ၏ ဓားစာခံများ ရင်ပြင် (Hostages Square) တွင် ဒေါ်နယ်ထရန့် သည် အလုံးစုံ စိုးမိုး ထားပါသည်။ “ ကျွန်ုပ်တို့ ထရန့်ကို ချစ်တယ်” ဟု ကြွေးကြော်ထားသော ဆိုင်းဘုတ်များက အမေရိကန်သမ္မတကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဖော်ပြထား ပါသည်။

ဂါဇာတွင် ဟားမတ်စ်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော အစ္စရေးဓားစာခံများ၏ မိသားစုများနှင့် နှစ်နှစ်တာကာလပတ်လုံး သူတို့၏ ရုန်းကန်လှုပ်ရှားမှုကို ထောက်ခံခဲ့ကြသော လူအုပ်ကြီးအတွက်တော့ ဇာတ်လမ်းက ရှင်းလင်းနေပါသည်- မကြာမီ ပြန်လည်ရောက်ရှိ လာတော့မည့် ဓားစာခံများကိစ္စတွင် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) က မလုပ်ပေး နိုင်ခဲ့ သို့မဟုတ် မလုပ်ပေးခဲ့သည့်အရာကို ထရန့်က အကောင်အထည်ဖော်ပေး ခဲ့ခြင်း ဖြစ်သည်။

လပေါင်းများစွာကြာအောင် အစ္စရေးဝန်ကြီးချုပ်အပေါ် စွပ်စွဲချက်များမှာ တစ်သမတ်တည်း ရှိနေခဲ့သည်။ ဓားစာခံ မိသားစုများနှင့် နေတန်ယာဟု၏ နိုင်ငံရေးပြိုင်ဘက်များက နေတန်ယာဟုသည် သူ၏ နိုင်ငံရေးအရ ရှင်သန်ရပ်တည်ရေး အတွက် ဂါဇာစစ်ပွဲကို တမင်သက်သက် အချိန်ဆွဲဆန့်ထားခဲ့သည်ဟု ယုံကြည်ကြသည်။ ဤစစ်ရေးလှုပ်ရှားမှုသည် ဂါဇာအပေါ် အစ္စရေး၏ ထိုးစစ်ကို တိုးချဲ့ရန်နှင့် ထိုဒေသကို အပြည့်အဝ ပြန်လည်သိမ်းပိုက် ရန် စိတ်ကူးယဉ်နေကြသော သူ၏ အစွန်းရောက် ညာတောင်ပံ မဟာမိတ်များကို ကျေနပ် အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ နေတန်ယာဟုဟာ ဓားစာခံအားလုံးကို ပြန်ခေါ်လာရေးအတွက် နိုင်ငံရေးအရ ပေးဆပ်ရမယ့် တန်ဖိုးကို ပေးဖို့ ဆန္ဒမရှိဘူး” ဟု အတိုက်အခံခေါင်းဆောင် ယာအာ လပစ် (Yair Lapid)က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် စွပ်စွဲပြောကြားခဲ့သည်။

သို့သော် ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ထရန့် သမ္မတအိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိ လာချိန်တွင် အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

နေတန်ယာဟုသည် ထရန့်အား သမ္မတအိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် အစ္စရေးနိုင်ငံအတွက် အစဉ်အဆက် အကောင်းဆုံး မိတ်ဆွေအဖြစ် ဖော်ပြခဲ့ဖူးသည်။ ဝန်ကြီးချုပ်သည် ယခင်က အမေရိကန်ပြည်ထောင်စုရှိ ဒီမိုကရက်တစ် အစိုးရများနှင့် အငြင်းပွားမှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံရေးအမှတ်များ ရယူခဲ့ဖူးသည်။ သို့သော် ထရန့်နှင့်မူ ထိုသို့ပြုလုပ်ဝံ့မည် မဟုတ်ပေ။ ထို့အပြင် ထရန့်သည် လိုအပ်သည့်အခါတိုင်း ထိုသြဇာအာဏာကို အသုံးချခဲ့သည်။

ဇန်နဝါရီလတွင် အသက်ရှင်လျက်ရှိသော ဓားစာခံ ၃၀ ဦးနှင့် သေဆုံးသွားသော ဓားစာခံ ၈ ဦးကို ပြန်လည် ခေါ်ဆောင် လာသည့် သဘောတူညီချက်ကို လက်ခံရန် အမေရိကန်သမ္မတ သည် နေတန်ယာဟုအပေါ် အဆုံးအဖြတ် ပေးနိုင်သော ဖိအားကို သုံးခဲ့သည်။ ၎င်းမှာ ဂျိုးဘိုင်ဒင် (Joe Biden) ၏ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ဖြစ်သော်လည်း နေတန်ယာဟု ကို လက်ခံရန် ထရန့်က တွန်းအားပေးခဲ့သည်။

ဇွန်လတွင် အစ္စရေးနှင့် အီရန်တို့ကြား ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ထရန့်သည် အစ္စရေးအား မကြာမီ ပြုလုပ်မည့် လေကြောင်းတိုက်ခိုက်မှုကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ပြီး သူ၏ Truth Social လူမှုကွန်ရက်တွင် “ သင်တို့ရဲ့ လေယာဉ်မှူးတွေကို အခုချက်ချင်း ပြန်ခေါ်ခဲ့ (BRING YOUR PILOTS HOME NOW)” ဟု ပို့စ်တင် အမိန့်ပေးခဲ့သည်။ တိုက်လေယာဉ် များ သည် လေထဲတွင်ပင် ပြန်လှည့်ခဲ့ရသည်။

ပြီးခဲ့သည့်အပတ်က ဒိုဟာမြို့ရှိ ဟားမတ်စ်ခေါင်းဆောင်များအား စက်တင်ဘာ ၉ ရက်နေ့က လုပ်ကြံတိုက်ခိုက်မှု မအောင်မြင်ခဲ့ခြင်းအတွက် ကာတာနိုင်ငံကို မကြုံစဖူး တောင်းပန်မှု ပြုလုပ်ရန် နေတန်ယာဟုအား ထရန့်က ဖိအားပေး ခဲ့ရာတွင် သူ၏ သြဇာအာဏာကို ထပ်မံ တွေ့မြင်ခဲ့ရသည်။ ထိုတောင်းပန်မှုတွင် ဘဲဥပုံရုံးခန်းမှ ဖုန်းခေါ်ဆိုနေသည့် အရှက်ရဖွယ်ရာ မြင်ကွင်းတစ်ခု ပါဝင်ခဲ့ပြီး ၎င်းကို ကမ္ဘာကမြင်နိုင်စေရန် လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။

ထို့နောက် နေတန်ယာဟု၏ ဝါရှင်တန်ခရီးစဉ်အတွင်း စစ်ပွဲကို လုံးဝအဆုံးသတ်ရန် ရည်မှန်းချက်ကြီးမားသော သူ၏ အချက် ၂၀ ပါ အစီအစဉ်ကို ထရန့်က ကြေညာခဲ့သည်။

ဟားမတ်စ်အဖွဲ့က ညှိနှိုင်းရန် အသင့်ရှိကြောင်း ပြောကြားပြီးနောက် ထရန့်သည် ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ရန် အစ္စရေးကို တိုက်ရိုက်ညွှန်ကြားခဲ့ပြီး၊ တစ်ချိန်တည်း မှာပင် အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော အဖွဲ့အစည်းကို “ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေပြီ” ဟု သတ်မှတ် ပြောဆိုခဲ့သည်။

ထို့နောက် သူသည် သူ၏ သံတမန်ဖြစ်သူ စတီ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) နှင့် သားမက် ဖြစ်သူ ဂျဲရတ် ကူရှာနာ (Jared Kushner) တို့ကို ကိုင်ရိုမြို့သို့ စေလွှတ်၍ သဘောတူညီချက် ရရှိအောင် ဆောင်ရွက်စေခဲ့ပြီး ဗုဒ္ဓဟူးနေ့ညတွင် “ ငြိမ်းချမ်းရေး” သည် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ သဘောတူညီချက်၏ ပထမအဆင့်အရ ကျန်ရှိနေသော ဓားစာခံ ၄၈ ဦးလုံး ပြန်လည်လွတ်မြောက်လာရန် မျှော်လင့်ရကြောင်း နောက်ဆုံးတွင် ကြေညာခဲ့ သည်။

နေတန်ယာဟုဘက်မှမူ အမေရိကန်၏ ဖိအားပေးမှုကို လက်မြှောက်အရှုံးပေးခဲ့သည်ဟူသော ပြောဆိုချက်များကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။ သူသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မကြုံစဖူးသော မဟာဗျူဟာမြောက် ပူးပေါင်းညှိနှိုင်းမှု၏ သမိုင်း မှတ်တိုင်တစ်ခုအဖြစ် ပုံဖော်ရန် ကြိုးပမ်းခဲ့ပြီး၊ ဂါဇာတွင် အာဏာပိုင်များ၏ အဆိုအရ ပျက်စီးဆုံးရှုံးမှုများနှင့် လူပေါင်း ၆၇,၀၀၀ ကျော် သေဆုံးခဲ့သည့် နှစ်နှစ်ကြာစစ်ပွဲအတွင်း “ ကျွန်ုပ်တို့၏ ကြီးကျယ်သော အောင်မြင်မှုများထဲမှတစ်ခု” အဖြစ် တင်ပြ၍ သူကိုသူ ကာကွယ်ခဲ့သည်။

“ ဒီဓားစာခံ သဘောတူညီချက်ဟာ အမြဲတမ်း စားပွဲပေါ်မှာ ရှိနေခဲ့တယ်လို့ ပြောတဲ့ ဘယ်သူမဆိုဟာ အမှန်တရားကို ပြောနေတာ မဟုတ်ဘူး” ဟု သူက သောကြာနေ့က ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်သောကြေညာချက်တွင် ပြောကြားခဲ့သည်။

ယခင် ဟားမတ်စ်၏ တောင်းဆိုချက်များနှင့် မတူဘဲ ထရန့်၏ အစီအစဉ်သည် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) အား စစ်ဒဏ်ခံနေရသော ထိုနယ်မြေ၏ ထက်ဝက်ခန့်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ခွင့်ကို အာမခံထားသည်။ နေတန်ယာဟုက ၎င်းကို အောင်ပွဲ တစ်ခု အဖြစ် ပုံဖော်သည်- ဓားစာခံများ ပြန်ရပြီ၊ IDF ကလည်း နေရာမဖယ်ပေးရ၊ ဟားမတ်စ်လည်း အင်အားချည့်နဲ့သွားပြီ ဟူ၍ ဖြစ်သည်။

သို့သော်လည်း ၎င်းသည် သူ နှစ်နှစ်တာကတိပေးခဲ့သော “ အပြည့်အဝ အောင်ပွဲ” နှင့်တော့ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ပထမအဆင့်အရ ဟားမတ်စ်သည် လက်နက်ကိုင်ဆောင် လျက်နှင့် စစ်ဆင်ရေးလုပ်နိုင်စွမ်း ရှိနေဆဲဖြစ်ပြီး၊ လက်နက် ဖြုတ်သိမ်းရေး သို့မဟုတ် ခေါင်းဆောင်များ ပြည်နှင်ဒဏ်ပေးရေးကို အာမမခံထားပေ။ ထို့အပြင် ဂါဇာ၏ စစ်ပြီးခေတ် အုပ်ချုပ်ရေးမှာလည်း မည်သို့မည်ပုံဖြစ်မည်ကို မသတ်မှတ်ရသေးပေ။

သို့သော် အပစ်အခတ်ရပ်စဲရေးသို့ ဒေါင့်ပိတ်ခံခဲ့ရသော ထိုလူသားသည် လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသော အစ္စရေးရွေးကောက်ပွဲများ မတိုင်မီ၊ လူကြိုက်နည်းပြီး ရှည်ကြာနေသော စစ်ပွဲမှ လွတ်မြောက်ရန်ထွက်ပေါက်တစ်ခုကို ရရှိသွားခြင်းလည်း ဖြစ်နိုင်သည်။

အစ္စရေးအရာရှိနှစ်ဦး၏ အဆိုအရ နေတန်ယာဟုသည် ထရန့်၏ အချက် ၂၀ ပါ အဆိုပြုချက်ကို ရေးဆွဲသူများထဲမှ တစ်ဦးဖြစ်သည်ဟု သိရသည်။

ဤအရာရှိများ၏ အဆိုအရ ဇွန်လတွင် အစ္စရေးနှင့် အီရန်တို့၏ တိုတောင်းသော စစ်ပွဲ အပြီးတွင် ထရန့်နှင့် နေတန်ယာဟုတို့က “ အီရန်ကို တိုက်ခိုက်ပြီးသွားရင် ဂါဇာကိစ္စကို အဆုံးသတ်ရမယ်” ဟု သဘောတူခဲ့ကြသည်။

ညှိနှိုင်းရေးမှူးများက မအောင်မြင်သော ဆွေးနွေးပွဲများအတွက် ဒိုဟာသို့ အကြိမ်ကြိမ် သွားလာနေစဉ် နေတန်ယာဟု၏ အရင်းနှီးဆုံးလူယုံတော် ရွန်ဒါးမား (Ron Dermer) သည် ထရန့်အစိုးရနှင့် ပင်လယ်ကွေ့နိုင်ငံများကြားတွင် မျက်နှာချင်းဆိုင် မဟုတ်သော လမ်းကြောင်း များမှတစ်ဆင့် လုပ်ဆောင်ခဲ့ရာမှ နောက်ဆုံးတွင် ထရန့်၏ အပစ်အခတ်ရပ်စဲရေးမူကြမ်း ဖြစ်လာခဲ့သည်။

“ နောက်ဆုံးအစီအစဉ်ဟာ ဒါးမားရဲ့ လက်ရာတွေ အပြည့်ပါတယ်” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့ပြီး၊ နောက်ဆုံးအဆင့်တွင် ထရန့်က နေတန်ယာဟု လက်ခံရမည့် စည်းကမ်းချက်များကို ချမှတ်ခဲ့ကြောင်း၊ ၎င်းတွင် ပါလက်စတိုင်းနိုင်ငံတော် ဖြစ်ပေါ် လာနိုင်သည့် လမ်းကြောင်းတစ်ခုလည်း ပါဝင်ကြောင်း ဝန်ခံခဲ့သည်။

အရေးကြီးသည်မှာ နေတန်ယာဟုသည် သူအနှစ်သက်ဆုံး လွတ်မြောက်ရေးထွက်ပေါက် ပါဝင်သော သဘောတူညီချက် တစ်ခုကို ပုံဖော်ခဲ့ပုံရသည်။ ထရန့်၏ ကြီးကျယ်ခမ်းနားသော ငြိမ်းချမ်းရေးအစီအစဉ်သည် အဆင့်လိုက်နှင့် အခြေအနေ အရပ်ရပ်ပေါ် မူတည်သည်ဟု အဆုံးသတ်ထားဆဲဖြစ်ရာ ၎င်းက အစ္စရေးခေါင်းဆောင်အား သူ၏ သဘောထား တင်းမာသော မဟာမိတ်အဖွဲ့နှင့် ပတ်သက်၍ နိုင်ငံရေးအရ လှုပ်သာလှည့်သာရှိစေသည်။

သဘောတူညီချက်အရ IDF တပ်များ အလုံးစုံ ဆုတ်ခွာရေးသည် ဟားမတ်စ်တို့ လက်နက် ဖြုတ်သိမ်းမှုအပေါ် မူတည်နေပြီး၊ ၎င်းမှာ တမင်တကာ မရှင်းမလင်းပြုလုပ် ထားသော အချက်ဖြစ်ကာ၊ နေတန်ယာဟုက အစ္စရေးအတွက် တိုက်ပွဲများ ပြန်လည်စတင်ရန် လွတ်လပ် ခွင့်ကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။ ဟားမတ်စ်အရာရှိများကမူ စစ်ပွဲပြန်လည်စတင်မည် မဟုတ်ကြောင်း အမေရိကန်ထံမှ အာမခံချက်များ ရရှိထားသည်ဟု အခိုင်အမာ ပြောဆို ကြသည်။

Yedioth Ahronoth သတင်းစာတွင် ဝါရင့်အစ္စရေးသတင်းထောက် နာဟုမ်ဘာနီရာ (Nahum Barnea) က သောကြာနေ့က ရေးသားခဲ့သလိုပင်၊ ဤသဘောတူညီချက်သည် “ ဆွစ်ဇာလန် ဒိန်ခဲထက်ပင် အပေါက်များနေပြီး” “ အကောင်အထည်ဖော်ရန် ညွှန်ကြားချက်များထက် သဘောတူရန် ဆန္ဒများက ပိုများနေသည်” ။

ဤမရှင်းလင်းမှုသည် နေတန်ယာဟု၏ မဟာမိတ်အစိုးရကို အနည်းဆုံး ယာယီအားဖြင့် အပြိုကွဲမခံဘဲ ထိန်းထားနိုင်သည့် အရာ ဖြစ်သည်။ အစိုးရကို ဖြုတ်ချမည်ဟု လက်ယာအစွန်းရောက်များက ခြိမ်းခြောက်နေသော်လည်း၊ လက်ယာစွန်း ဝန်ကြီးများဖြစ်သော အစ်တမ, ဘင်ဂူဗာ (Itamar Ben Gvir) နှင့် ဘီဇလယ်စမိုတစ်ချ် (Bezalel Smotrich) တို့က “ စစ်ပွဲ မပြီးသေး” ကြောင်းနှင့် ဟားမတ်စ် လက်နက်မဖြုတ်သိမ်းပါက အစ္စရေးအနေဖြင့် တိုက်ပွဲ များ ပြန်လည် စတင်ပိုင်ခွင့် ရှိကြောင်း နေတန်ယာဟု၏ အာမခံချက်များကြောင့် သူတို့ ဆက်ရှိနေမည်ဟု အရိပ်အမြွက်ပြခဲ့ကြသည်။

နေတန်ယာဟုသည် စစ်ပွဲကို အဆုံးသတ်ရန် ဒေါင့်ပိတ်ခံခဲ့ရသော်လည်း သူအရှုံးမပေး ခဲ့ကြောင်း ပြောဆိုနိုင်ရန် လှုပ်သာလှည့်သာရှိသည့် နေရာအလုံအလောက်ကို ဖန်တီးခဲ့သည်။

သူ၏ ဆုံးဖြတ်ချက်ကို မကြာမီရောက်လာတော့မည့် နိုင်ငံရေးပြက္ခဒိန်ကလည်း ပုံဖော် ပေးခဲ့သည်။ အစ္စရေး၏ နောက်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် တရားဝင်ကျင်းပရန် စီစဉ်ထားသော်လည်း ထိုအချိန်အထိ စောင့်ဆိုင်းရမည့်ပုံ မရှိပေ။ CNN သို့ အစ္စရေးသတင်းရင်းမြစ်တစ်ဦးက “ လအနည်းငယ်ကတည်းက နေတန်ယာဟုဟာ စစ်ပွဲက တာဝန်ပိစေတဲ့အရာတစ်ခု ဖြစ်လာမှန်း သဘောပေါက်ခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့က ကျရှုံးမှုကို နေ့စဉ်သတိပေးနေတဲ့ ဓားစာခံတွေ ရှိနေသေးတဲ့ အခြေအနေနဲ့ ရွေးကောက်ပွဲကို မဝင်ချင်ခဲ့ဘူး” ဟု ပြောကြားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် နေတန်ယာဟု၏ အဓိကစိန်ခေါ်မှုမှာ လူပေါင်း ၁၂၀၀ သေဆုံးပြီး ၂၅၀ ကျော် ဂါဇာသို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် အစ္စရေးသမိုင်းတွင် အသေအပျောက် အများဆုံးနေ့အတွက် တာဝန်ယူရခြင်း ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သော နှစ်နှစ်က သူ၏ လက်ထက်တွင် ထိုသို့သော ဆိုးရွားသည့် ကျရှုံးမှု ဖြစ်ပွားခဲ့သောကြောင့် နေတန်ယာဟုသည် နိုင်ငံရေးအရ သေဆုံးသွားခဲ့ပြီဟု ထင်ခဲ့ရသည်။ အစ္စရေးပြည်သူအများစုက သူ၏ နုတ်ထွက်မှုကို ထောက်ခံခဲ့ကြပြီး အပတ်စဉ် ဆန္ဒပြပွဲများကလည်း ရွေးကောက်ပွဲကျင်းပ ပေးရန် တောင်းဆိုခဲ့ကြသည်။

ထရန့်က နေတန်ယာဟုကို နိုင်ငံရေးအရ ပြန်လည်ကယ်တင်ရန် ဇာတ်လမ်းအသစ်တစ်ခုကို ဖန်တီးပေးခဲ့သည်။

စစ်ပွဲကို အဆုံးသတ်ခြင်းသည် အစ္စရေးခေါင်းဆောင်အား နေ့စဉ်ကြားနေရသော IDF တပ်ဖွဲ့ဝင်များ၏ ထိခိုက် သေဆုံးမှု သတင်းများ၊ ဖိအားများနေသော အရန်တပ်ဖွဲ့များ၊ တိုးပွားလာသော နိုင်ငံတကာမှ အထီးကျန်ဖြစ်မှုနှင့် ဆိုးရွားသော စီးပွားရေးထိခိုက်မှုများ စသည့် ရွေးကောက်ပွဲမဲဆွယ်မှုများအတွက် ကြီးမားသောဝန်ထုပ်ဝန်ပိုးများမှ သက်သာရာ ရစေမည် ဖြစ်သည်။ ထရန့်က အကြိမ်ကြိမ် မှတ်ချက်ပြုသကဲ့သို့ အပစ်အခတ်ရပ်စဲရေးသည် အလွန်လူကြိုက်များလှသည်။ သဘောတူညီချက်၏ ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ဆိုင်ရာ အသေးစိတ်စစ်တမ်းများ မထွက်သေးသော်လည်း ယခင်စစ်တမ်းများအရ အစ္စရေးပြည်သူ ၆၀ မှ ၇၀ ရာခိုင်နှုန်းက ၎င်းကို ထောက်ခံကြောင်း ထပ်ခါတလဲလဲ ဖော်ပြခဲ့သည်။

“ ဘီဘီ (Bibi – နေတန်ယာဟု၏ အမည်ပြောင်) က ကျွန်တော့်ကို ပြောတယ်။ သူတောင် မယုံနိုင်ဘူးတဲ့။ အခု လူတိုင်းက သူ့ကို ကြိုက်နေကြပြီတဲ့” ဟု ထရန့်က ဗုဒ္ဓဟူးနေ့တွင် Fox News မှ Sean Hannity နှင့် အင်တာဗျူးတွင် နေတန်ယာဟုနှင့် ဖုန်းပြောဆိုခဲ့ပုံကို ပြန်ပြောပြခဲ့သည်။ “ ပိုအရေးကြီးတာက သူတို့တွေ အစ္စရေးကို ပြန်ချစ်လာကြပြီ။”

နေတန်ယာဟု၏ မဲဆွယ်စည်းရုံးရေးသည် ပုံပေါ်လာနေပြီ ဖြစ်သည်- စစ်ပွဲပြီးပြီ၊ ဓားစာခံတွေ အိမ်ပြန်ရောက်ပြီ၊ အီရန်နှင့် သူ၏ လက်ကိုင်တုတ်များ အင်အားချည့်နဲ့သွားပြီ၊ ထရန့် သူ၏ဘေးတွင်ရှိနေခြင်းဖြင့် ဒေသတွင်း ဆက်ဆံရေး ပုံမှန် ဖြစ်အောင် တိုးချဲ့ရန် ကြိုးစားလိမ့်မည်။

နေတန်ယာဟုသည် အစ္စရေးတွင် သူကိုယ်တိုင်ထက် များစွာပို၍ လူကြိုက်များသော ထရန့်၏ကျော်ကြားမှုကို ကောင်းစွာ သိရှိပြီး သူ၏ ရွေးကောက်ပွဲမဲဆွယ်မှုတွင် ထရန့်ကို အဓိကနေရာထားရန် ရည်ရွယ်ထားသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ ထူးခြားသောခြေလှမ်းတစ်ခုအဖြစ် နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အတည်ပြု ခဲ့သည့် ကြာသပတေးနေ့က အစ္စရေးဝန်ကြီးအဖွဲ့ အစည်းအဝေးသို့ ကူရှာနာ (Kushner) နှင့် ဝစ်ကော့ဗ် (Witkoff) တို့ကို ဖိတ်ကြားခဲ့သည်။

လာမည့်အပတ်တွင် ထရန့်ကိုယ်တိုင် အောင်ပွဲအခမ်းအနားများတွင် ပါဝင်ဆင်နွှဲရန် အစ္စရေးသို့ ရောက်ရှိလာမည်ဖြစ်သည်။ နေတန်ယာဟုသည် အခိုက်အတန့်တိုင်းကို နိုင်ငံရေးအရ အကျိုးသက်ရောက်မှု အမြင့်ဆုံးရရှိစေရန် စီစဉ်ပြီး ထရန့်၏ လူကြိုက်များမှုကို စီးကာ ရွေးကောက်ပွဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားဖွယ်ရှိသည်။

အမေရိကန်၏ ဖိအားပေးမှုက နေတန်ယာဟုအား လပေါင်းများစွာ ရှောင်လွှဲခဲ့သော စည်းကမ်းချက်များကို လက်ခံစေခဲ့ သော်လည်း၊ ထရန့်ကို ဇာတ်လိုက်အဖြစ် အစ္စရေးကိုချစ်သော ကယ်တင်ရှင် သဘောတူညီချက် ဖန်တီးသူအဖြစ် ပုံဖော် ခြင်းဖြင့် နေတန်ယာဟုသည် နိုင်ငံရေးအရ အသွင်ပြောင်းလဲမှုတစ်ရပ်ကို လုပ်ဆောင်ပြီး ဤသဘောတူညီချက်ကို နိုင်ငံရေး”ရွှေ”အဖြစ် ပြောင်းလဲရန် ကြိုးပမ်းလိမ့်မည်။ ထို့အပြင် ၎င်းသည် ထရန့်က ပလပ်ပေးရန် တောင်းဆိုခဲ့ဖူးသော ဝန်ကြီးချုပ်၏ နှစ်ရှည်လများ ကြာမြင့်နေသည့် အဂတိလိုက်စားမှု တရားခွင်မှလည်း အာရုံလွှဲပေးနိုင်ပေသည်။

ထရန့်၏ ထောက်ခံမှုက နေတန်ယာဟု၏ သမိုင်းမှတ်တမ်းကို အစ္စရေး၏ အဆိုးရွားဆုံး လုံခြုံရေးကျရှုံးမှုနှင့် အရှည်ကြာဆုံး စစ်ပွဲကို ဦးဆောင်ခဲ့သည့် ဝန်ကြီးချုပ်အဖြစ်မှ ပြန်လည်ရေးသားပေးနိုင်ခြင်း ရှိ၊ မရှိသည် အစ္စရေး မဲဆန္ဒရှင်များ၏ မှတ်ဉာဏ်ကို အဆုံးစွန်စမ်းသပ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 36 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 31 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး