နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

အောက်တိုဘာလ (၁၃)ရက်။

စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ ကျေးရွာတရွာမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ အသုံးမပြုတဲ့ Starlink Internet ကို သိမ်းဆည်းဖို MDY-PDF ရဲ့ မြိုနယ်ပကဖနဲ့ ပလဖ ပူးပေါင်းအင်အား (၅)ဦးက သွားရောက်ခဲ့တာလို ဆိုပါတယ်။

အဲ့ဒီလိုသွားရောက်ချိန် စည်းကမ်းချိုးဖောက်တဲ့ နေအိမ်က တာဝန်ရှိသူတဦး လာရောက်သိမ်းဆည်းဖို ပြောဆိုခဲ့တာကြောင့် အရေးပေါ်အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်နဲ့ တာဝန်ရှိသူတဦးနဲ့ ပူးပေါင်းတပ်ဖွဲအင်အား (၁၂)ဦးခန့်က ထပ်မံသွားရောက်ခဲ့တယ်လို ဖော်ပြထားပါတယ်။

နေအိမ်ကိုရောက်ရှိချိန် အွန်လိုင်းပေါ်မှာ ပျံ့နှံခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကာ ဖြစ်စဉ်ထဲ တာဝန်ကျရဲဘော်တွေက အရင်ဆုံး ကောင်းမွန်စွာ ပြောဆိုရှင်းပြခဲ့ပေမယ့် နောက်ပိုင်းမှာ ပြည်သူအပေါ် ကျင့်ဝတ်တွေ ချိုးဖောက်ပြီး စိတ်လိုက်မာန်ပါ ပြုမူခဲ့တာကို စိတ်မကောင်းစွာ တွေ့ရတယ်လို ရေးသားထားပါတယ်။

ဒါ့ကြောင့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ကျရဲဘော်တွေရဲ့ ပြည်သူအပေါ် ဆက်ဆံပြုမူရမယ့် စည်းကမ်းနဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တဲ့အတွက် သတိပေးအရေးယူသွားမှာဖြစ်သလို စည်းကမ်းချိုးဖောက်တဲ့ Starlink Internet စက်ပိုင်ရှင်ကိုလဲ အရေးယူသွားမယ်လို ပြောဆိုထားပါတယ်။

နောက်ပြီး မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲအနေနဲ့ မြိုနယ်ထဲ လုံခြုံရေးနဲ့ တရားဥပဒေစိုမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သတင်းပေါက်ကြားပြီး လေကြောင်းတိုက်ခိုက်တာတွေ ဖြစ်ပွားနေတာကြောင့် အခုနှစ် မတ်လ (၁၆)ရက်ကစပြီး Starlink Internet အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး အရေးယူနေတယ်လို ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စဉ့်ကူးမြိုနယ်ရဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေ၊ ပညာရေးနဲ့ ဒေသထဲ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကို NUG ရဲ့ လမ်းညွှန်ချက်နဲ့ အကောင်အထည်ဖော်နေတယ်လို အသိပေးထားပါတယ်။

အခုဖြစ်စဉ်အတွက် ပြည်သူလူထု စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပေါ် များစွာ စိတ်မကောင်းဝမ်းနည်းရပြီး နောက်နောင် အခုဖြစ်စဉ်တွေ ထပ်မဖြစ်စေဖို အထူးအလေးပေး ဆောင်ရွက်သွားမယ်လို ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 43 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 35 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 44 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို