နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA ပွဲကိုတက်တဲ့ ခေါင်းဆောင်ဟောင်းတွေက အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြော

အောက်တိုဘာလ (၁၅)ရက်။

စစ်အုပ်စုပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေဟာ အဖွဲ့ကို ကိုယ်စားမပြုဘူးလို့ KNU ပြောခွင့်ရ ပဒိုစောတာနီးက ပြောဆိုထားတယ်လို့ သိရပါတယ်။

“ ဒီပုဂ္ဂိုလ်တွေက တချိန်တုန်းက KNU ခေါင်းဆောင်တွေဆိုပေမယ့် အခုကာလမှာ ဘာတာဝန်မှ မရှိတော့ဘူး။ သူတို့က KNU အဖွဲ့ဝင် သာမန်လူတယောက်အနေနဲ့ပဲ ရှိတော့တယ်။ သူတို့ဆန္ဒနဲ့ သူတို့သွားတာတော့ ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ၊ ဒါပေမယ့် အဖွဲ့ဝင်အနေနဲ့တော့ စည်းမျဉ်းစည်းကမ်း လိုက်နာဖို့လိုတယ်” လို့ သူက KIC နဲ့ မေးမြန်းခန်းမှာ ဆိုပါတယ်။

စစ်အုပ်စုက နေပြည်တော်မှာကျင်းပတဲ့ NCA (၁၀)နှစ်ပြည့်အခမ်းအနားကို KNU ရဲ့ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ စောမူတူးစေးဖိုးနဲ့ ပဒိုစောရွှေမောင်းတို့ ပါဝင်တက်ရောက်ခဲ့တာကို တွေ့ရှိရတာပါ။

စောမူတူးစေးဖိုးဟာ KNU မှာ ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး ၂၀၁၅ခုနှစ် NCA လက်မှတ်ရေးထိုးပွဲမှာ ပါဝင်တက်ရောက်ခဲ့ကာ ဥက္ကဋ္ဌတာတာဝန်ကနေ အနားယူပြီးနောက်မှာ စစ်ခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး‌ရှိပြီး NCA အခမ်းအနားတွေကို ပါဝင်တက်ရောက်ခဲ့ပါတယ်။

သူတို့ဟာ အခုအချိန်မှာ KNU အဖွဲ့ဝင်တွေအနေနဲ့ ဆက်ရှိနေတာကြောင့် NCA ပွဲကို တက်ရောက်ပြီး စစ်အုပ်စုနဲ့ တွေ့ဆုံတာတွေအပေါ် အဖွဲ့အနေနဲ့ ပြန်လည်သုံးသပ်ဖို့ကိုလဲ KNU ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီထဲ ပြောဆိုတာတွေ ရှိနေပါတယ်။

နောက်ပြီး စစ်အုပ်စုက ဦးစီးကျင်းပတဲ့ NCA (၁၀)နှစ်ပြည့်အခမ်းအနားကို DKBA၊ KNU/KNLA-PC နဲ့ ALP တို့အပြင် NMSP နဲ့ PNLO ကို ကိုယ်စားမပြုတဲ့ ခွန်ဥက္ကာတို့ တက်ရောက်ခဲ့ကြပါတယ်။

NCA (၁၀)နှစ်ပြည့်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ NCA လက်မှတ်ရေးထိုးခဲ့တဲ့ တော်လှန်ရေးလက်နက်ကိုင် (၆)ဖွဲ့က NCA စာချုပ်ဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး စက္ကူစုတ်သာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KIA က ဖားကန့်ဒေသထဲ တပ်သားသစ်စုဆောင်းတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေ စာပို့တင်ပြထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 23 Views
အောက်တိုဘာလ (၁၅)ရက်။ ဖားကန့်ဒေသထဲ တပ်သားသစ် စုဆောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသတော်လှန်ရေးအင်အားစုတွေက KIA ရဲ့ အမှတ်(၉)တပ်မဟာမှူးထံ အောက်တိုဘာလ (၁၁)ရက်နေ့ရက်စွဲနဲ့ စာပို့တင်ပြထားတယ်လို့
မြန်မာသတင်း

ရန်ကုန် မင်္ဂလာဒုံရှိ ကြံ့ခိုင်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 21 Views
အောက်တိုဘာလ (၁၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၀)မိနစ်အချိန်က မင်္ဂလာဒုံမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုက အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 23 Views
အောက်တိုဘာလ (၁၅)ရက်။ စစ်အုပ်စုဟာ အကျဉ်းထောင်တွေထဲ ကြိုတင်မဲပေးဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထောင်နဲ့ အချုပ်ခန်းက အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ဆိုပြီး ဖိအားပေးနေတာ။ မဲထည့်ဖို့ငြင်းရင် ကန့်ကွက်မဲဆိုပြီး
မြန်မာသတင်း

တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့‌ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 11 Views
အောက်တိုဘာလ (၁၅)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijiun နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်တပ်က
မြန်မာသတင်း

လားရှိုးမှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲနဲ့ နမ္မတူက စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိရှိ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 14 Views
အောက်တိုဘာလ (၁၄)ရက်။ လားရှိုးမြို့မှာ နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နဲ့ နမ္မတူမြို့က စစ်ဘေးရှောင် (၃၀၀၀)ဝန်းကျင်အထိ ရှိလာတယ်တယ်လို့ SSPP ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ကျောက်မဲမြို့ပြန်ရဖို့ စစ်တပ်က အင်အား(၁၀၀၀)ကျော်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့်
မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင် ထီးခီးရွာထဲ စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 45 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေရှိ ထီးခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မယ်သမီခီး(ထီးခီး)ရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ
မြန်မာသတင်း

စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ ကုလသံအမတ် ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 24 Views
အောက်တိုဘာလ (၁၄)ရက်။ စစ်အာဏာရှင်လက်အောက်မှာ ကလေးငယ်တွေအတွက် အနာဂတ်မရှိဘူးလို့ မနေ့က ကုလသမဂ္ဂမှာပြုလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာကလေးငယ်တွေရဲ့ ငယ်ဘဝဖွံ့ဖြိုးတိုးတက်မှုဟာ ထိတ်လန့်တာတွေနဲ့ ပြည့်နှက်နေပြီး အများစုဟာ စစ်အုပ်စုရဲ့ မဆင်မခြင်
မြန်မာသတင်း

နမ့်ဆန်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသူ (၁)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 29 Views
အောက်တိုဘာလ (၁၄)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က နမ့်ဆန်မြို့ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ အုမ်းစွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတာ။ ‌ရွာထဲ (၄)လုံးကျတယ်။ (၈)တန်းကျောင်းသူတဦး