နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ‘ပစ်ခတ်စွမ်းအားပြင်းလက်နက်’ များရောက်လာမည်၊ သို့သော် NATO အစည်းအဝေးတွင် တိုမာဟော့ခ် ဒုံးကျည်များ အစီအစဉ်မရှိဟု ဟက်ဂ်ဆက် (Hegseth)က ဆို

CNN-၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၅ရက်

အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth) က ဥရောပနိုင်ငံများမှ အမေရိကန်လက်နက်များ ဝယ်ယူမှုများမှတစ်ဆင့် ယူကရိန်းအတွက် ပစ်ခတ်စွမ်းအားပြင်းလက်နက်” များ ရောက်ရှိလာမည်ဖြစ်သော်လည်း ယင်းတွင် အမေရိကန်လုပ် တိုမာဟော့ခ် (Tomahawk) ခရုစ်ဒုံးကျည်များ ပါဝင်မည်၊ မပါဝင်မည်မှာ ရှင်းလင်းမှုမရှိ သေးဟု ပြောကြားခဲ့သည်။

ပစ်ခတ်စွမ်းအားပြင်းလက်နက် ၊ အဲဒါတွေ ရောက်လာမှာဖြစ်တယ်” ဟု ဟက်ဂ်ဆက်က လုံခြုံရေးမဟာမိတ်အဖွဲ့၏ ကာကွယ်ရေးဝန်ကြီးများ ဘရပ်ဆဲလ် (Brussels) တွင် စုဝေးချိန်၌ NATO အကြီးအကဲ မာ့ခ် ရုတ္တိ (Mark Rutte) ၏ မှတ်ချက်များကို ထောက်ခံပြောကြား ခဲ့သည်။ ဥရောပနိုင်ငံများ၏ “ကတိကဝတ်များ” သည် မကြာမီ ယူကရိန်းအနေနှင့် “စွမ်းဆောင်နိုင်စွမ်းရှိသည့်” အဖြစ်သို့ ပြောင်းလဲသွားမည်ဟု ၎င်းက ထပ်လောင်း ပြောခဲ့သည်။

လက်နက်ဝယ်ယူမှုများကို ယူကရိန်းလိုအပ်ချက်များအတွက်ဦးစားပေးစာရင်း (Prioritized Ukraine Requirements List – PURL) အစီအစဉ်သစ်အရ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယူကရိန်းစစ်ဘက်ဆိုင်ရာပစ္စည်းများအတွက် ဒေါ်လာ ၂ ဘီလီယံ ကတိပြုပြီးဖြစ်ကာ ဗုဒ္ဓဟူးနေ့တွင် NATO နိုင်ငံများမှ ပိုမိုထည့်ဝင်ရန် မျှော်လင့်ရသည်။

ယူကရိန်းက ယင်းအစီအစဥ်အရ ဥရောပနိုင်ငံများအနေဖြင့် အမေရိကန်၏ တိုမာဟော့ခ် ခရုစ်ဒုံးကျည်များ ဝယ်ယူနိုင်ရန် မျှော်လင့်နေသော်လည်း ထိုဆုံးဖြတ်ချက်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) အပေါ် မူတည်နေသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး (Volodymyr Zelensky) သည် သောကြာနေ့တွင် အိမ်ဖြူတော်၌ ထရမ့်နှင့် တွေ့ဆုံချိန်၌ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက်နိုင်ပြီး မော်စကို (Moscow) ကို အန္တရာယ်နယ်ပယ်အတွင်း ထည့်သွင်းနိုင်သည့် အမေရိကန်၏ တိုမာဟော့ခ် ဒုံးကျည်များ ရရှိရန် တွန်းအားပေးဖွယ်ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အပေါ် စစ်ပွဲနှင့်ပတ်သက်၍ ထရမ့်၏ သည်းခံမှု မြင့်တက်လိုက်၊ ကျဆင်းလိုက်ဖြစ်နေချိန်တွင် ယူကရိန်းအား တိုမာဟော့ခ် ဒုံးကျည်များ ပေးအပ်ရန် ဆန္ဒရှိကြောင်း ထရမ့်က ယခင်က အရိပ်အမြွက်ပြသခဲ့ဖူးသည်။

ဒုံးကျည်များသည် ယူကရိန်း၏ ကာကွယ်ရေးကို အားဖြည့်ရာတွင် အဓိကဆွေးနွေးစရာများ ထဲမှ တစ်ခုဖြစ်သော်လည်း ထိုကိစ္စကို ဗုဒ္ဓဟူးနေ့တွင် ဘရပ်ဆဲလ်၌ ဆွေးနွေးရန် အစီအစဉ်တွင် မပါဝင်ခဲ့ပေ

“ဒါက နှစ်နိုင်ငံဆိုင်ရာ ကိစ္စဖြစ်ပါတယ်” ဟု NATO အတွင်းရေးမှူးချုပ် ရုတ္တိက ယူကရိန်းနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား တိုက်ရိုက်ဆွေးနွေးမှုများကို ရည်ညွှန်း၍ ပြောကြား ခဲ့သည်။

NATO ကာကွယ်ရေးဝန်ကြီးများသည် ယူကရိန်းအတွက် ဒရုန်းများ ပိုမိုပေးအပ်ရန် ကတိပြုထားပြီး ဗြိတိန်က ဒရုန်း ၁၀၀,၀၀၀ ပေးပို့ရန် ကတိပြုထားကာ နယ်သာလန်က ယူကရိန်းကိုယ်တိုင် တည်ဆောက်နိုင်ရန် ယူရို ၉၀ သန်း (ဒေါ်လာ ၁၀၄ သန်း) ပေးအပ်ခဲ့သည်။

မကြာသေးမီက ရုရှား၏ NATO နိုင်ငံအသီးသီး၏ လေပိုင်နက်အတွင်း ကျူးကျော်မှုများ – ယင်းတို့အနက် အပြင်းထန်ဆုံးမှာ ပြီးခဲ့သည့်လက ပိုလန် (Poland) ပေါ်တွင် သံသယဖြစ်ဖွယ် ရုရှားဒရုန်းများ ကို ပစ်ချခဲ့သည့် စစ်ပွဲ၏ ပထမဆုံးအကြိမ် NATO လေယာဉ်များ ပစ်ခတ်မှု ဖြစ်ပြီး – ဥရောပ၏ တုံ့ပြန်ပုံအပေါ် အာရုံစိုက်လာစေသည်။

ရုရှားက ၎င်း၏ ဒရုန်းများကို ပိုလန်သို့ ရည်ရွယ်ချက်ရှိရှိ ပျံသန်းစေခဲ့ခြင်း မရှိကြောင်းနှင့် ၎င်း၏ ဂျက်လေယာဉ်များက NATO လေပိုင်နက်ကို မချိုးဖောက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

“NATO ကို ခြိမ်းခြောက်ခံရမယ်ဆိုရင် ကျွန်တော်တို့ ကတုံ့ပြန်လုပ်ဆောင်သွားမှာဖြစ်ပြီး၊ သူ့ (ပူတင်) ရဲ့ ရန်လိုတင်းမာမှုတွေကို ကျွန်တော်တို့ရဲ့ ခွန်အားနဲ့ ရင်ဆိုင်ရပါမယ်” ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန် ဟေလီ (John Healey) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ရုရှား၏ ကျူးကျော်မှုများကို “ပေါ့ဆမှု၊ အန္တရာယ်ရှိပြီး လုံးဝလက်မခံနိုင်စရာ” ဟု ခေါ်ဆိုကာ ဗြိတိန်လေယာဉ်များသည် ယခုနှစ်ကုန်အထိ ပိုလန်လေပိုင်နက်တွင် ဆက်လက်လည်ပတ် နေမည် ဖြစ်ကြောင်း ဟေလီက ကြေညာခဲ့သည်။

သို့သော် နယ်သာလန်ကာကွယ်ရေးဝန်ကြီး ရူဘင် ဘရက်ကယ်လ်မဲန်း (Ruben Brekelmans) က ရုရှားကို ဟန့်တားရန်အတွက် ဥရောပသည် တိုက်လေယာဉ်များထက် ပိုမိုကောင်းမွန်သည့် ဖြေရှင်းချက် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ နယ်သာလန် F-35 တွေဟာ ပိုလန်မှာ ရှဟက် (Shahed) ဒရုန်းတချို့ ကို ချေမှုန်းနိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်” ဟု NATO လက်နက်တိုက်ရှိ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်များထဲမှ တစ်ခုဖြစ်သည့် အမေရိကန်လုပ် လေယာဉ်များကို ရည်ညွှန်း၍ ဘရက်ကယ်လ်မဲန်းက ပြောကြားခဲ့သည်။

“ဒါပေမဲ့ ဒီအရာကနေ သင်ယူဖို့လည်း လိုအပ်ပါတယ်။ F-35 တွေဟာ ဒရုန်းတွေကို ဖျက်ဆီးဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတော့ မဟုတ်ပါဘူး၊ အဲဒီလိုလုပ်ဖို့အတွက် ပိုမိုထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

“ရုရှားရဲ့ ခြိမ်းခြောက်မှုဟာ NATO နယ်မြေကို ပိုပြီးရောက်ရှိလာနေပါတယ်” ဟုလည်း ဆိုသည်။

ရုရှားကို ထိဖို့ လက်နက်များ လိုအပ်သည်ဟု လက်ဗီးယား (Latvia) က ပြောကြား

ဤခြိမ်းခြောက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် လက်ဗီးယားကာကွယ်ရေးဝန်ကြီး အန်ဒရစ်စ် စပရုဒ်စ် (Andris Sprūds) က ရုရှားရှိ ပစ်မှတ်များကို ထိမှန်နိုင်သည့် လက်နက်များရရှိရေး သည် ယူကရိန်းအတွက် “အရေးကြီးသည်” ဟု ပြောကြားခဲ့သည်။

“ရုရှားက အရပ်ဘက်အခြေခံအဆောက်အအုံအမျိုးမျိုးကို ဗုံးကြဲပြီး အရပ်သားတွေကို သတ်ဖြတ်နေတဲ့အတွက် ယူကရိန်းအတွက်လည်း (ရုရှားမှာရှိတဲ့) စစ်ဘက်ပစ်မှတ်တွေကို ထိမှန်ဖို့ဟာ တရားဝင်အခွင့်အရေး ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒါက ကိုယ့်ကိုယ် ကိုယ် ကာကွယ်ခြင်း လည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒါ့ကြောင့် NATO ကလည်း ဘယ်အခြေအနေ၊ ဘယ်အစီအစဉ်မျိုးမှာမဆို ကျွန်တော်တို့ဟာ နက်ရှိုင်းတဲ့ တိုက်ခိုက်မှုတွေ နဲ့ ထိမှန်ဖို့ ဆန္ဒရှိပြီး လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို လုံးဝ ပုံဖော် ပြသနေတာပါ” ဟု စပရုဒ်စ်က ဆက်လက်ပြောသည်။

“ပြီးတော့ ဒါဟာ ယူကရိန်းရဲ့ ကာကွယ်ရေးနဲ့ ဟန့်တားရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်– ကျွန်တော်တို့ကပြန်တိုက်ခိုက်နိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ ပစ်မှတ်တွေကို မတိုက်ခိုက်ပါနဲ့လို့သတိပေးချင်ပါတယ်”

ယူကရိန်းစစ်ပွဲ ပြီးဆုံးပြီးနောက်တွင်ပင် ရုရှားသည် ဥရောပအတွက် စွန့်စားရမှုတစ်ခုအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ဖင်လန် (Finland) ကာကွယ်ရေးဝန်ကြီး အန်တီ ဟတ်ကာနင် (Antti Hakkanen) က သတိပေးခဲ့သည်။

“ရုရှားဟာ သူတို့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရန်လိုမှုရဲ့ ဒုတိယအဆင့်အတွက် စစ်ရေးပြင်ဆင်မှုတွေ လုပ်နေပါတယ်… ယူကရိန်းစစ်ပွဲပြီးနောက် NATO အတွက် တကယ့်စစ်မှန်တဲ့ ခြိမ်းခြောက်မှုတွေ ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှား၏ စစ်ရေးခေတ်မီအောင် ပြုလုပ်ခြင်းနှင့် “ကျွန်တော်တို့ရဲ့ နယ်စပ်အနီး” တွင် တပ်ဖွဲ့များ တိုးချဲ့တည်ဆောက်ခြင်းတို့ကို လက္ခဏာများအဖြစ် ဟတ်ကာနင်က ထောက်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံရသူများကို ဖက်ဒရယ်အရာရှိများက အကြိမ်ကြိမ် ထိန်းသိမ်းခြင်း သို့မဟုတ် အင်အားသုံးအကြမ်းဖက်ခဲ့ကြောင်း ဗီဒီယိုများက ဖော်ပြ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 24 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၆ရက် သမ္မတ ထရန့်အစိုးရလက်ထက်တွင် အမေရိကန်မြို့ကြီးများ၌ ဥပဒေစိုးမိုးရေးဆိုင်ရာ အင်အားသုံးဆောင်ရွက်မှု တိုးမြှင့်ချထားစဉ်အတွင်း ချထားခဲ့သော ဖက်ဒရယ်အရာရှိများ
နိုင်ငံတကာသတင်း အမေရိကန် အားကစား

ကမ္ဘာ့ဖလားဘောလုံး မဲနှိုက်ပွဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 19 Views
CNN- ဒီဇင်ဘာ ၆၊ ၂၀၂၅ ဂီတဖျော်ဖြေမှုအမျိုးမျိုး၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် အားကစားဂန္တဝင်ပုဂ္ဂိုလ်များမှ ဧည့်သည်အဖြစ် ပါဝင်မှုများ၊ အဖြေများထက် မေးခွန်းများ ပိုမိုဖြစ်ပေါ်စေခဲ့သည့်
နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များက ဗြိတိန်၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်ရန် ရည်မှန်းထားသော လက်ယာစွန်း ပြည်သူလူထုပါတီဝင် နိုက်ဂျယ် ဖာရာ့ဂျ် (Nigel Farage) ၏ ကြိုးပမ်းမှုကို လမ်းချော်စေနိုင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 39 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၅ရက် လန်ဒန် — အန်ဒရူး ဖီးလ် (Andrew Field) သည် တောင်လန်ဒန်ရှိ ၎င်း၏ကျောင်းတွင် ထိုနှစ်အတွက် စာရင်းပေးသွင်းထားသော ကျောင်းသားအားလုံး၏ စာရင်းကို စာအုပ် ငယ်လေးဖြင့် ဝေငှလေ့ရှိသည်ကို ပြန်အမှတ်ရနေသည်။
နိုင်ငံတကာသတင်း ရုရှား အိန္ဒိယ

ကာကွယ်ရေးနှင့် ပထဝီနိုင်ငံရေး- ပူတင် ဘာကြောင့် မိုဒီကိုတွေ့ဖို့ ဒေလီကို သွားတာလဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 37 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၄ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယကို နှစ်ရက်ကြာ ခရီးစဉ်အတွက် ရောက်ရှိလာပြီး နှစ်နိုင်ငံရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး မတိုင်မီ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ အမေရိကန်က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 30 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ တို့ကြား ငါးနာရီကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် ဖြစ်နိုင်ခြေရှိသော ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်တွင် ထူးခြားသည့်
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 39 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ
နိုင်ငံတကာသတင်း အစ္စရေး

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ဆက်လက်ဖြစ်ပွားနေသော အဂတိလိုက်စားမှု စစ်ဆေးမှုတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 44 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် လက်ရှိ စစ်ဆေးနေဆဲဖြစ်သော ၎င်း၏ အဂတိလိုက်စားမှုဆိုင်ရာ အမှု တွင် အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ် (Isaac Herzog)