နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ‘ပစ်ခတ်စွမ်းအားပြင်းလက်နက်’ များရောက်လာမည်၊ သို့သော် NATO အစည်းအဝေးတွင် တိုမာဟော့ခ် ဒုံးကျည်များ အစီအစဉ်မရှိဟု ဟက်ဂ်ဆက် (Hegseth)က ဆို

CNN-၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၅ရက်

အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth) က ဥရောပနိုင်ငံများမှ အမေရိကန်လက်နက်များ ဝယ်ယူမှုများမှတစ်ဆင့် ယူကရိန်းအတွက် ပစ်ခတ်စွမ်းအားပြင်းလက်နက်” များ ရောက်ရှိလာမည်ဖြစ်သော်လည်း ယင်းတွင် အမေရိကန်လုပ် တိုမာဟော့ခ် (Tomahawk) ခရုစ်ဒုံးကျည်များ ပါဝင်မည်၊ မပါဝင်မည်မှာ ရှင်းလင်းမှုမရှိ သေးဟု ပြောကြားခဲ့သည်။

ပစ်ခတ်စွမ်းအားပြင်းလက်နက် ၊ အဲဒါတွေ ရောက်လာမှာဖြစ်တယ်” ဟု ဟက်ဂ်ဆက်က လုံခြုံရေးမဟာမိတ်အဖွဲ့၏ ကာကွယ်ရေးဝန်ကြီးများ ဘရပ်ဆဲလ် (Brussels) တွင် စုဝေးချိန်၌ NATO အကြီးအကဲ မာ့ခ် ရုတ္တိ (Mark Rutte) ၏ မှတ်ချက်များကို ထောက်ခံပြောကြား ခဲ့သည်။ ဥရောပနိုင်ငံများ၏ “ကတိကဝတ်များ” သည် မကြာမီ ယူကရိန်းအနေနှင့် “စွမ်းဆောင်နိုင်စွမ်းရှိသည့်” အဖြစ်သို့ ပြောင်းလဲသွားမည်ဟု ၎င်းက ထပ်လောင်း ပြောခဲ့သည်။

လက်နက်ဝယ်ယူမှုများကို ယူကရိန်းလိုအပ်ချက်များအတွက်ဦးစားပေးစာရင်း (Prioritized Ukraine Requirements List – PURL) အစီအစဉ်သစ်အရ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယူကရိန်းစစ်ဘက်ဆိုင်ရာပစ္စည်းများအတွက် ဒေါ်လာ ၂ ဘီလီယံ ကတိပြုပြီးဖြစ်ကာ ဗုဒ္ဓဟူးနေ့တွင် NATO နိုင်ငံများမှ ပိုမိုထည့်ဝင်ရန် မျှော်လင့်ရသည်။

ယူကရိန်းက ယင်းအစီအစဥ်အရ ဥရောပနိုင်ငံများအနေဖြင့် အမေရိကန်၏ တိုမာဟော့ခ် ခရုစ်ဒုံးကျည်များ ဝယ်ယူနိုင်ရန် မျှော်လင့်နေသော်လည်း ထိုဆုံးဖြတ်ချက်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) အပေါ် မူတည်နေသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး (Volodymyr Zelensky) သည် သောကြာနေ့တွင် အိမ်ဖြူတော်၌ ထရမ့်နှင့် တွေ့ဆုံချိန်၌ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက်နိုင်ပြီး မော်စကို (Moscow) ကို အန္တရာယ်နယ်ပယ်အတွင်း ထည့်သွင်းနိုင်သည့် အမေရိကန်၏ တိုမာဟော့ခ် ဒုံးကျည်များ ရရှိရန် တွန်းအားပေးဖွယ်ရှိသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အပေါ် စစ်ပွဲနှင့်ပတ်သက်၍ ထရမ့်၏ သည်းခံမှု မြင့်တက်လိုက်၊ ကျဆင်းလိုက်ဖြစ်နေချိန်တွင် ယူကရိန်းအား တိုမာဟော့ခ် ဒုံးကျည်များ ပေးအပ်ရန် ဆန္ဒရှိကြောင်း ထရမ့်က ယခင်က အရိပ်အမြွက်ပြသခဲ့ဖူးသည်။

ဒုံးကျည်များသည် ယူကရိန်း၏ ကာကွယ်ရေးကို အားဖြည့်ရာတွင် အဓိကဆွေးနွေးစရာများ ထဲမှ တစ်ခုဖြစ်သော်လည်း ထိုကိစ္စကို ဗုဒ္ဓဟူးနေ့တွင် ဘရပ်ဆဲလ်၌ ဆွေးနွေးရန် အစီအစဉ်တွင် မပါဝင်ခဲ့ပေ

“ဒါက နှစ်နိုင်ငံဆိုင်ရာ ကိစ္စဖြစ်ပါတယ်” ဟု NATO အတွင်းရေးမှူးချုပ် ရုတ္တိက ယူကရိန်းနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား တိုက်ရိုက်ဆွေးနွေးမှုများကို ရည်ညွှန်း၍ ပြောကြား ခဲ့သည်။

NATO ကာကွယ်ရေးဝန်ကြီးများသည် ယူကရိန်းအတွက် ဒရုန်းများ ပိုမိုပေးအပ်ရန် ကတိပြုထားပြီး ဗြိတိန်က ဒရုန်း ၁၀၀,၀၀၀ ပေးပို့ရန် ကတိပြုထားကာ နယ်သာလန်က ယူကရိန်းကိုယ်တိုင် တည်ဆောက်နိုင်ရန် ယူရို ၉၀ သန်း (ဒေါ်လာ ၁၀၄ သန်း) ပေးအပ်ခဲ့သည်။

မကြာသေးမီက ရုရှား၏ NATO နိုင်ငံအသီးသီး၏ လေပိုင်နက်အတွင်း ကျူးကျော်မှုများ – ယင်းတို့အနက် အပြင်းထန်ဆုံးမှာ ပြီးခဲ့သည့်လက ပိုလန် (Poland) ပေါ်တွင် သံသယဖြစ်ဖွယ် ရုရှားဒရုန်းများ ကို ပစ်ချခဲ့သည့် စစ်ပွဲ၏ ပထမဆုံးအကြိမ် NATO လေယာဉ်များ ပစ်ခတ်မှု ဖြစ်ပြီး – ဥရောပ၏ တုံ့ပြန်ပုံအပေါ် အာရုံစိုက်လာစေသည်။

ရုရှားက ၎င်း၏ ဒရုန်းများကို ပိုလန်သို့ ရည်ရွယ်ချက်ရှိရှိ ပျံသန်းစေခဲ့ခြင်း မရှိကြောင်းနှင့် ၎င်း၏ ဂျက်လေယာဉ်များက NATO လေပိုင်နက်ကို မချိုးဖောက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

“NATO ကို ခြိမ်းခြောက်ခံရမယ်ဆိုရင် ကျွန်တော်တို့ ကတုံ့ပြန်လုပ်ဆောင်သွားမှာဖြစ်ပြီး၊ သူ့ (ပူတင်) ရဲ့ ရန်လိုတင်းမာမှုတွေကို ကျွန်တော်တို့ရဲ့ ခွန်အားနဲ့ ရင်ဆိုင်ရပါမယ်” ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန် ဟေလီ (John Healey) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ရုရှား၏ ကျူးကျော်မှုများကို “ပေါ့ဆမှု၊ အန္တရာယ်ရှိပြီး လုံးဝလက်မခံနိုင်စရာ” ဟု ခေါ်ဆိုကာ ဗြိတိန်လေယာဉ်များသည် ယခုနှစ်ကုန်အထိ ပိုလန်လေပိုင်နက်တွင် ဆက်လက်လည်ပတ် နေမည် ဖြစ်ကြောင်း ဟေလီက ကြေညာခဲ့သည်။

သို့သော် နယ်သာလန်ကာကွယ်ရေးဝန်ကြီး ရူဘင် ဘရက်ကယ်လ်မဲန်း (Ruben Brekelmans) က ရုရှားကို ဟန့်တားရန်အတွက် ဥရောပသည် တိုက်လေယာဉ်များထက် ပိုမိုကောင်းမွန်သည့် ဖြေရှင်းချက် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ နယ်သာလန် F-35 တွေဟာ ပိုလန်မှာ ရှဟက် (Shahed) ဒရုန်းတချို့ ကို ချေမှုန်းနိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်” ဟု NATO လက်နက်တိုက်ရှိ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်များထဲမှ တစ်ခုဖြစ်သည့် အမေရိကန်လုပ် လေယာဉ်များကို ရည်ညွှန်း၍ ဘရက်ကယ်လ်မဲန်းက ပြောကြားခဲ့သည်။

“ဒါပေမဲ့ ဒီအရာကနေ သင်ယူဖို့လည်း လိုအပ်ပါတယ်။ F-35 တွေဟာ ဒရုန်းတွေကို ဖျက်ဆီးဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတော့ မဟုတ်ပါဘူး၊ အဲဒီလိုလုပ်ဖို့အတွက် ပိုမိုထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

“ရုရှားရဲ့ ခြိမ်းခြောက်မှုဟာ NATO နယ်မြေကို ပိုပြီးရောက်ရှိလာနေပါတယ်” ဟုလည်း ဆိုသည်။

ရုရှားကို ထိဖို့ လက်နက်များ လိုအပ်သည်ဟု လက်ဗီးယား (Latvia) က ပြောကြား

ဤခြိမ်းခြောက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် လက်ဗီးယားကာကွယ်ရေးဝန်ကြီး အန်ဒရစ်စ် စပရုဒ်စ် (Andris Sprūds) က ရုရှားရှိ ပစ်မှတ်များကို ထိမှန်နိုင်သည့် လက်နက်များရရှိရေး သည် ယူကရိန်းအတွက် “အရေးကြီးသည်” ဟု ပြောကြားခဲ့သည်။

“ရုရှားက အရပ်ဘက်အခြေခံအဆောက်အအုံအမျိုးမျိုးကို ဗုံးကြဲပြီး အရပ်သားတွေကို သတ်ဖြတ်နေတဲ့အတွက် ယူကရိန်းအတွက်လည်း (ရုရှားမှာရှိတဲ့) စစ်ဘက်ပစ်မှတ်တွေကို ထိမှန်ဖို့ဟာ တရားဝင်အခွင့်အရေး ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒါက ကိုယ့်ကိုယ် ကိုယ် ကာကွယ်ခြင်း လည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒါ့ကြောင့် NATO ကလည်း ဘယ်အခြေအနေ၊ ဘယ်အစီအစဉ်မျိုးမှာမဆို ကျွန်တော်တို့ဟာ နက်ရှိုင်းတဲ့ တိုက်ခိုက်မှုတွေ နဲ့ ထိမှန်ဖို့ ဆန္ဒရှိပြီး လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို လုံးဝ ပုံဖော် ပြသနေတာပါ” ဟု စပရုဒ်စ်က ဆက်လက်ပြောသည်။

“ပြီးတော့ ဒါဟာ ယူကရိန်းရဲ့ ကာကွယ်ရေးနဲ့ ဟန့်တားရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်– ကျွန်တော်တို့ကပြန်တိုက်ခိုက်နိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ ပစ်မှတ်တွေကို မတိုက်ခိုက်ပါနဲ့လို့သတိပေးချင်ပါတယ်”

ယူကရိန်းစစ်ပွဲ ပြီးဆုံးပြီးနောက်တွင်ပင် ရုရှားသည် ဥရောပအတွက် စွန့်စားရမှုတစ်ခုအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ဖင်လန် (Finland) ကာကွယ်ရေးဝန်ကြီး အန်တီ ဟတ်ကာနင် (Antti Hakkanen) က သတိပေးခဲ့သည်။

“ရုရှားဟာ သူတို့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရန်လိုမှုရဲ့ ဒုတိယအဆင့်အတွက် စစ်ရေးပြင်ဆင်မှုတွေ လုပ်နေပါတယ်… ယူကရိန်းစစ်ပွဲပြီးနောက် NATO အတွက် တကယ့်စစ်မှန်တဲ့ ခြိမ်းခြောက်မှုတွေ ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှား၏ စစ်ရေးခေတ်မီအောင် ပြုလုပ်ခြင်းနှင့် “ကျွန်တော်တို့ရဲ့ နယ်စပ်အနီး” တွင် တပ်ဖွဲ့များ တိုးချဲ့တည်ဆောက်ခြင်းတို့ကို လက္ခဏာများအဖြစ် ဟတ်ကာနင်က ထောက်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 8 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 11 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 27 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup