နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ထရမ့်ကသူအစ္စရေးကို အချက်ပြလိုက်သည်နှင့်ဂါဇာစစ်ပွဲပြန်စနိုင်သည်ဟုဆို

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၆ရက်

ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မလိုက်နာပါက ဂါဇာတွင် အစ္စရေးတပ်ဖွဲ့ဝင်များ ‘ကျွန်ုပ် စကားပြောလိုက်သည်နှင့် ချက်ချင်း’ တိုက်ပွဲပြန်စနိုင်သည်ဟု ထရမ့်က CNN ကိုပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်လ် ထရမ့်က ဟားမတ်စ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၏ ၎င်းတို့ဘက်မှ ကတိကဝတ်များကို မလိုက်နာပါက ဂါဇာတွင် စစ်ရေးလှုပ်ရှားမှုများ ပြန်လည် စတင်ရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု အား သူက ခွင့်ပြု ပေးရန်ကို စဉ်းစားရမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး၊ အစ္စရေးတပ်ဖွဲ့ဝင်များ သည် “ကျွန်ုပ် စကားပြောလိုက်သည်နှင့် ချက်ချင်း” လမ်းမများပေါ်သို့ ပြန်လည်ရောက်ရှိ လာနိုင်ကြောင်း CNN ကို ပြောကြားခဲ့သည်။

သမ္မတ၏ ဖုန်းဖြင့်တဒင်္ဂခေါ်ဆိုမှုတစ်ခုထဲနှင့် “ဟားမတ်စ်နဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေကတော့ အမြန်ဆုံး ရှင်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် ဟားမတ်စ်အဖွဲ့သည် ဂါဇာတွင် တိုက်ပွဲများ အဆုံးသတ်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသက်ရှင်သူနှင့် သေဆုံးသူ ဓားစာခံများကို လွှဲပြောင်းပေးမည်ဆိုသည့် သဘောတူညီချက် ကို လိုက်နာခြင်းမရှိဟု အစ္စရေးက စွပ်စွဲနေချိန်တွင် ထရမ့်၏ မှတ်ချက်များ ထွက်ပေါ် လာခြင်း ဖြစ်သည်။

ယင်းသည် အစ္စရေးတွင် ဒေါသများ မြင့်တက်လာစေခဲ့ပြီး အစ္စရေး အာဏာပိုင် များက သေဆုံးသည့်ဓားစာခံရုပ်ကြွင်း အနည်းငယ်သာ လွှဲပြောင်း ပေးခဲ့သည့် အတွက် ဂါဇာသို့ ဝင်ရောက်ခွင့်ပြုထားသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပို့ဆောင်မှုကို ကုလသမဂ္ဂအနေနှင့် လျှော့ချရမည် သို့မဟုတ် ရွှေ့ဆိုင်းရမည်ဟု ပြောကြား ခဲ့သည်။ သို့သော် ယခုအချိန်အထိ မတည်ငြိမ်သော အပစ်အခတ်ရပ်စဲရေးသည် ဆက်လက် တည်မြဲနေသည်။

ထရမ့်၏ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်၏ အမှတ် ၄ တွင် “အစ္စရေးက ဤသဘောတူညီချက်ကို လူသိရှင်ကြား လက်ခံပြီးနောက် ၇၂ နာရီအတွင်း အသက်ရှင်သူနှင့် သေဆုံးသူ ဓားစာခံများအားလုံးကို ပြန်လည်လွှဲပြောင်းပေးရမည်” ဟု ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့နံနက်အထိ အသက်ရှင်လျက်ရှိသော အစ္စရေးဓားစာခံ ၂၀ ဦးလုံးကို အစ္စရေးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ သို့သော် ဟားမတ်စ်က လူ ၈ ဦး၏ ရုပ်အလောင်း များကို လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့အနက် ၄ ဦးမှာ ပြီးခဲ့သည့်ညကဖြစ်သည်။ ထို့ပြင် အစ္စရေးစစ်တပ်က ၎င်းတို့အနက်မှ တစ်ခုသည် အစ္စရေးဓားစာခံ၏ ရုပ်အလောင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။ နောက်ထပ် ရုပ်အလောင်း လေးခုမှ ငါးခုအထိကို ယနေ့ညနေပိုင်းတွင် ပြန်လည်လွှဲပြောင်းပေးမည်ဟု မျှော်လင့်ရကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ခုက ဗုဒ္ဓဟူးနေ့တွင် CNN ကို ပြောကြားခဲ့သည်။

ထရမ့်က အသက်ရှင်သော ဓားစာခံများကို ကယ်ဆယ်နိုင်ခြင်းသည် သူ့အလိုလို အရေးကြီး ကြောင်း မှတ်ချက်ပြုခဲ့သည်။ “အဲဒီဓားစာခံ ၂၀ ကို ထွက်ခွာခွင့်ပေးတာဟာ အဓိက အကျဆုံးပါပဲ” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ အင်္ဂါနေ့တွင် ထရမ့်က CNN နှင့် စကားပြောပြီးနောက် အမေရိကန်၏ အကြီးတန်းအကြံပေးနှစ်ဦးက ဟားမတ်စ်သည် ဓားစာခံဟောင်းများ၏ ရုပ်အလောင်းများကို ပေးအပ်နိုင်ခြင်းမရှိသောကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ၎င်းတို့၏ ကတိကဝတ်များကို ချိုးဖောက်နေသည်ဟု အမေရိကန်က မယုံကြည်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့က ဟားမတ်စ်အဖွဲ့သည် ကြားခံလူများမှတစ်ဆင့် ကျန်ရှိနေသည့် ရုပ်အလောင်း များကို ရှာဖွေပြီး ပြန်လည်လွှဲပြောင်းပေးရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင် မည်ဟု အာမခံချက်များ ပေးထားကြောင်း အမေရိကန်က ရရှိထားပြီး၊ အမေရိကန်သည် နှစ်နှစ်ကြာ စစ်ပွဲပြီးနောက် ကျန်ရှိနေသည့် အပျက်အစီးများနှင့် ဖုန်မှုန်များအောက်တွင် မြှုပ်နှံထား နိုင်သော ရုပ်အလောင်းများကို ရှာဖွေရန် ထောက်လှမ်းရေးနှင့် သယ်ယူပို့ ဆောင်ရေး အထောက်အပံ့များ ပေးအပ်ရန် ကြားခံလူများမှတစ်ဆင့် တက်ကြွစွာ လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

ဓားစာခံများ လွှတ်ပေးပြီးနောက် ရက်များအတွင်း ဟားမတ်စ်နှင့် ပြိုင်ဘက်အုပ်စုများ အကြား ထင်ရှားသော လူမြင်ကွင်းတွင် ကွပ်မျက်မှုတစ်ခုဖြင့် အဆုံးသတ်ခဲ့သည့် ဖြစ်စဉ် တစ်ခုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ဟားမတ်စ်သည် လက်နက်ချရမည် သို့မဟုတ် “ကျွန်ုပ်တို့က သူတို့ကို လက်နက်ဖြုတ်သိမ်းရမည်” ဟု ထရမ့်က ယခင်က သတိပေးခဲ့ဖူးသည်။

၎င်း၏ အချက် ၂၀ ပါ အစီအစဉ်တွင် ဟားမတ်စ်က ဂါဇာအုပ်ချုပ်ရေးတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ကြောင်း သဘောတူပြီး စစ်မဲ့နယ်မြေဖြစ်လာကာ လွတ်လပ်သည့် စောင့်ကြည့်မှုအောက်တွင် ရှိမည့် အနာဂတ်တစ်ခု ကို ပုံဖော်ထားသည်။ သို့သော် အစိုးရအဖွဲ့က ဂါဇာ၏ အနာဂတ်ကို ဖြေရှင်းရန်အတွက် နောက်ထပ်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်းနှင့် ဓားစာခံများ လွှတ်ပေးရေးကို ဖြစ်ပေါ်စေသည့် သဘောတူညီ ချက် သည် အဆင့် ၁ သာဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ထရမ့်က ယခုလက်ရှိအခြေအနေတွင် ဟားမတ်စ်သည် “အကြမ်းဖက်ဂိုဏ်းများကို ဝင်ရောက် ရှင်းလင်းဖယ်ရှားနေသည်” ဟု CNN ကို ပြောကြားခဲ့သည်။

ဟားမတ်စ်သည် အပြစ်မဲ့ပါလက်စတိုင်းများကိုကော ကွပ်မျက်နေနိုင်သလားဟု မေးသောအခါ “ကျွန်ုပ်က ဒါကို သုတေသနလုပ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဒါကို သိရမှာပါ။ ဂိုဏ်းတွေအပြင် တခြားသူတွေပါ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတ၏ အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်၏ အမှတ် ၆ တွင် “ဓားစာခံများအားလုံး ပြန်လည်လွှဲပြောင်းပြီးသည်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်နှင့် ၎င်းတို့၏ လက်နက်များကို ဖြုတ်သိမ်းရန် ကတိပြုသည့် ဟားမတ်စ်အဖွဲ့ဝင်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်။ ဂါဇာမှ ထွက်ခွာလိုသည့် ဟားမတ်စ်အဖွဲ့ဝင်များကို လက်ခံသည့် နိုင်ငံများသို့ လုံခြုံစွာ သွားလာခွင့် ပေးမည်” ဟု ဖော်ပြထားသည်။

ဟားမတ်စ်က လက်နက်ချရန် ငြင်းဆန်ပါက ဘာဖြစ်လာမည်လဲဟု CNN က သမ္မတကို မေးမြန်းခဲ့သည်။

“ကျွန်တော် စဉ်းစားနေပါတယ်” ဟု ထရမ့်က ပြန်ဖြေသည်။ “ကျွန်ုပ် စကားပြောလိုက်တာနဲ့ ချက်ချင်း အစ္စရေးက အဲဒီလမ်းတွေပေါ်ကို ပြန်သွားမှာပါ။ အစ္စရေးက ဝင်သွားပြီး သူတို့ကို အပြတ်အသတ် နှိမ်နင်းနိုင်မယ်ဆိုရင် သူတို့က လုပ်မှာပါ”

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များနဲ့ နက်တန်ယာဟုအစိုးရတို့အား ရည်ညွှန်း၍ “ကျွန်ုပ်က သူတို့ကို ထိန်းထားရပါတယ်” ဟု သမ္မတက ပြောကြားခဲ့သည်။ “ကျွန်တော် ဘီဘီ (နက်တန်ယာဟု) နဲ့ ဒီကိစ္စကို ရှင်းခဲ့ရပါတယ်”

သို့သော် သမ္မတသည် ဒေသတွင်းရှိ အခြားနိုင်ငံများ၏ ခိုင်မာသော ပံ့ပိုးကူညီမှုကို အထူးသဖြင့် ထည့်သွင်းစဉ်းစားသောအခါ ရေရှည်ငြိမ်းချမ်းရေး အလားအလာများအတွက် ကောင်းမွန်သည်ဟု ရှင်းလင်းစွာ ခံစားရသည်။

“နိုင်ငံပေါင်း ၅၉ နိုင်ငံ ပါဝင်ပါတယ်” ဟု သမတက အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် နှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး၊ ၎င်းသည် အီဂျစ်တွင် “ထရမ့်ငြိမ်းချမ်းရေးသဘော တူညီချက်” ခေါင်းစဉ်ဖြင့် အဆင့်မြင့်မူများ စာတမ်းကို လက်မှတ်ရေးထိုးရန် အခမ်းအနား တက်ရောက် ခဲ့သော သို့မဟုတ် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သော နိုင်ငံများကို ရည်ညွှန်း နေခြင်း ဖြစ်နိုင်သည်။ “ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ အခု ဒါတွေအားလုံး ဖြစ်လာ နေပါပြီ။ သူတို့ဟာ အေဘရာဟမ်သဘောတူညီချက်မှာ ပါဝင်ချင်ကြပါတယ်။ အခုအချိန်မှာအီရန်က ပြဿနာမရှိတော့ပါဘူး”

ထရမ့်က ယူကရိန်းကို ရုရှားက စစ်ပွဲအဆုံးသတ်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင် နေကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် သောကြာနေ့ တွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်မည်ဟု မျှော်လင့်ရသည်။

“ကျွန်တော် ရုရှားကိစ္စကို အသည်းအသန် လုပ်ဆောင်နေပါတယ်” ဟု ထရမ့်က ပြောကြား ခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးရရှိခြင်း သို့မဟုတ် ရုရှားနှင့် ယူကရိန်းအကြား ငြိမ်းချမ်းရေးရရှိခြင်း နှစ်ခုထဲမှ မည်သည်က ပိုကြီးမားသော အောင်မြင်မှုဖြစ်မည်ကို ၎င်းက စဉ်းစားမိသည်။ သတင်းထောက်က အရှေ့အလယ်ပိုင်းပဋိပက္ခသည် သမိုင်းကြောင်းအရ အဆုံးသတ်ရန် ပိုမိုခက်ခဲခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

“မှန်ပါတယ်” ဟု သမ္မတက ပြောသည်။ “တစ်ခုက သုံးနှစ်လောက်ကြာခဲ့ပြီ၊ နောက်တစ်ခုက သုံးထောင်လောက်ကြာခဲ့ပြီ”

ထို့ပြင် သမ္မတသည် ဤအတိုချုပ်ဖုန်းခေါ်ဆိုမှုတွင် သတင်းမီဒီယာများကို ဝေဖန်ရန် အချိန်အနည်းငယ်ယူခဲ့ပြီး – အထူးသဖြင့် ABC News သတင်းကြေညာသူ ဂျော့စတက်ဖာနိုပလပ်စ်(George Stephanopoulos) မှ ဒုတိယသမ္မတ ဂျေဒီဗန့်စ် ကို မကြာသေးမီက အင်တာဗျူးလုပ်ခဲ့ခြင်းကို မကျေမနပ်ဖြစ်ခဲ့သည်။ ထို့အတူ CBS News သည် မန်နေဂျာအသစ်ဖြင့် “ပိုမိုမျှတလာ” မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “သူတို့က Fox သတင်လို ဖြစ်သွားမယ်လို့တော့ ကျွန်တော် မမျှော်လင့်ပါဘူး၊ မျှတဖို့ပဲ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှစ၍ ထရမ့်က CNN နှင့် လူကိုယ်တိုင် တစ်ဦးချင်း ထိုင်ပြီး အင်တာဗျူးရန်တောင်းဆိုခဲ့ခြင်းကိုသဘောမတူ ငြင်းပယ် ထားခဲ့ပြီး –၎င်းက ယခုတကြိမ်ထပ်မံတောင်းဆိုသည့်အခါတွင်မူ စဉ်းစားမည်ဟု ပြောကြားခဲ့သည်။း(Fox သတင်းက ရီပတ်ပလီကင်ပါတီကို အမြဲထောက်ခံနေတဲ့ သတင်းဌာနဖြစ်ပါတယ်-)

သမ္မတ ဒေါ်နယ်လ် ထရမ့်သည် အင်္ဂါနေ့၊ အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်တွင် ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ရောက်ရှိလာသည့် အာဂျင်တီးနားသမ္မတ Javier Milei ကို ကြိုဆိုရန် စောင့်ဆိုင်းနေစဥ် ။ Mark Schiefelbein/AP (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံရသူများကို ဖက်ဒရယ်အရာရှိများက အကြိမ်ကြိမ် ထိန်းသိမ်းခြင်း သို့မဟုတ် အင်အားသုံးအကြမ်းဖက်ခဲ့ကြောင်း ဗီဒီယိုများက ဖော်ပြ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 40 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၆ရက် သမ္မတ ထရန့်အစိုးရလက်ထက်တွင် အမေရိကန်မြို့ကြီးများ၌ ဥပဒေစိုးမိုးရေးဆိုင်ရာ အင်အားသုံးဆောင်ရွက်မှု တိုးမြှင့်ချထားစဉ်အတွင်း ချထားခဲ့သော ဖက်ဒရယ်အရာရှိများ
နိုင်ငံတကာသတင်း အမေရိကန် အားကစား

ကမ္ဘာ့ဖလားဘောလုံး မဲနှိုက်ပွဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 25 Views
CNN- ဒီဇင်ဘာ ၆၊ ၂၀၂၅ ဂီတဖျော်ဖြေမှုအမျိုးမျိုး၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် အားကစားဂန္တဝင်ပုဂ္ဂိုလ်များမှ ဧည့်သည်အဖြစ် ပါဝင်မှုများ၊ အဖြေများထက် မေးခွန်းများ ပိုမိုဖြစ်ပေါ်စေခဲ့သည့်
နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များက ဗြိတိန်၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်ရန် ရည်မှန်းထားသော လက်ယာစွန်း ပြည်သူလူထုပါတီဝင် နိုက်ဂျယ် ဖာရာ့ဂျ် (Nigel Farage) ၏ ကြိုးပမ်းမှုကို လမ်းချော်စေနိုင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 43 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၅ရက် လန်ဒန် — အန်ဒရူး ဖီးလ် (Andrew Field) သည် တောင်လန်ဒန်ရှိ ၎င်း၏ကျောင်းတွင် ထိုနှစ်အတွက် စာရင်းပေးသွင်းထားသော ကျောင်းသားအားလုံး၏ စာရင်းကို စာအုပ် ငယ်လေးဖြင့် ဝေငှလေ့ရှိသည်ကို ပြန်အမှတ်ရနေသည်။
နိုင်ငံတကာသတင်း ရုရှား အိန္ဒိယ

ကာကွယ်ရေးနှင့် ပထဝီနိုင်ငံရေး- ပူတင် ဘာကြောင့် မိုဒီကိုတွေ့ဖို့ ဒေလီကို သွားတာလဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 39 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၄ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယကို နှစ်ရက်ကြာ ခရီးစဉ်အတွက် ရောက်ရှိလာပြီး နှစ်နိုင်ငံရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး မတိုင်မီ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ အမေရိကန်က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 31 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ တို့ကြား ငါးနာရီကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် ဖြစ်နိုင်ခြေရှိသော ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်တွင် ထူးခြားသည့်
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 41 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 36 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ
နိုင်ငံတကာသတင်း အစ္စရေး

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ဆက်လက်ဖြစ်ပွားနေသော အဂတိလိုက်စားမှု စစ်ဆေးမှုတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 44 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် လက်ရှိ စစ်ဆေးနေဆဲဖြစ်သော ၎င်း၏ အဂတိလိုက်စားမှုဆိုင်ရာ အမှု တွင် အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ် (Isaac Herzog)