နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းလှတိုက်ပွဲထဲ အင်အားမမျှတာကြောင့် PDF ဒုတပ်ခွဲမှူး အသေခံဗုံးခွဲပြီး ကျဆုံးခဲ့ရ

အောက်တိုဘာလ (၂၁)ရက်။

အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က မင်းလှမြို့ လက်ပံတံခါးရွာရှိ သရက်အုပ်လမ်းခွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။

“ ဒုခွဲမှူးဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးက ကင်းပတ်တာ၊ ဒီလိုဖြစ်မယ်လို့လဲ မထင်ထားဘူး။ ကင်းပတ်ရင်းနဲ့ စခကားတွေ ဝင်လာတယ်ဆိုတာ သတင်းရလို့ စောင့်နေတာ။ အဲ့ဒီမှာ တိုက်ပွဲဖြစ်တာ” လို့ မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်း၊ အမှတ်(၁)စစ်ဒေသရဲ့ ရုံးတာဝန်ခံ ဆရာကျောင်းက ဒေသထဲသတင်းတွေကို ပြောဆိုထားပါတယ်။

မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်းရဲ့ ဒုတပ်ခွဲမှူး ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးဟာ သရက်အုပ်လမ်းခွဲအနီး ကင်းပတ်နေချိန် စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် စစ်တပ်ဘက်က အင်အားထပ်တိုးလာခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့‌ဘက်က (၅)ဦးသာရှိပြီး အင်အားမမျှတဲ့အခြေအနေနဲ့ ရင်ဆိုင်ရတာကြောင့် ဒုတပ်ခွဲမှူးက လက်ပစ်မိုင်းကို စနက်တံဖြုတ်ကာ အသေခံဗုံးခွဲခဲ့တာပါ။

“ သူ့ရဲ့သေနတ်ကို တပ်စိတ်မှူးကိုပေးပြီး သူ့ကို ထားခဲ့ပြီး ပြန်ဆုတ်ဖို့ ပြောခဲ့တာ။ တပ်စိတ်မှူးကလဲ ဒုခွဲမှူးအမိန့်ကြောင့် သေနတ်ယူပြီးပြေးတာ။ အဲ့ဒီမှာ မီတာ(၁၀၀)လောက်အရောက် ချုံထဲဝပ်ပြီး ပြန်ကြည့်တဲ့အချိန်မှာ လက်ပစ်မိုင်းကို စနက်တံဖြုတ်ပြီး စခတွေက ဖမ်းဖို့ကပ်လာချိန် ဗိုက်အောက်သွင်းပြီး မှောက်ချလိုက်တာ။ အလောင်းကိုတော့ ပြန်မသယ်နိုင်ခဲ့ဘူး” လို့ သူက ဆက်ပြောပါတယ်။

ဒီလို တိုက်ပွဲထဲ အင်အားမမျှတာကြောင့် အသေခံဗုံးခွဲပြီး ကျဆုံးခဲ့တဲ့ ဒုတပ်ခွဲမှူးဟာ အသက်(၂၂)နှစ်အရွယ်ရှိ စည်သူဝင်း(ခ)ဝဿန်ဖြစ်ပြီး တပ်ရင်းဘက်ကလဲ ဒုတပ်ခွဲမှူး တိုက်ပွဲထဲ ကျဆုံးခဲ့တာကို သတင်းထုတ်ပြန်ထားပါတယ်။

နောက်ပြီး ဒုတပ်ခွဲမှူး စည်သူဝင်း ကျဆုံးခဲ့ရတာကြောင့် မိဘဆွေမျိုးတွေ၊ ကျန်ရှိတဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်းအနေနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးစဉ်ကို ဆက်လျှောက်ပြီး အရေးတော်ပုံ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြု ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ