နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

လှိုင်သာယာရှိ သောင်ကြီးရဲစခန်း လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခံရ

အောက်တိုဘာလ (၂၂)ရက်။

မနေ့က ည (၉)နာရီ (၄၈)မိနစ်အချိန်က လှိုင်သာယာမြို့အနောက်ပိုင်း စစ်တပ်ရဲ့ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ လှိုင်သာယာအနောက်ပိုင်း အနော်ရထာလမ်းမပေါ်က စကစရဲ့ သောင်ကြီးရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်တာရှိနိုင်ပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပဲ” လို့ ဆိုပါတယ်။

စစ်တပ်လက်အောက်ခံ သောင်ကြီးရဲစခန်းကို Operation Flame ရဲ့ “ Fire Power” အထူးစစ်ဆင်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်တာရှိနိုင်ကာ အသေးစိတ်အခြေအနေကို စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီသောင်ကြီးရဲစခန်းဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ကွဲအတွက် ပါဝင်လှုပ်ရှားနေပြီး ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်နေတာလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် အဲ့ဒီစစ်တပ်လက်အောက်ခံ ရဲစခန်းကို Operation Flame(OF)အပါအဝင် အနောက်ပိုင်းခရိုင်ပကဖ၊ လသာမြို့နယ်ပကဖနဲ့ ကြည့်မြင်တိုင်မြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် OF အနေနဲ့ စစ်ကောင်စီပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာမဟုတ်ဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေနဲ့ လက်တွဲပြီး အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကလေးထောင်ထဲ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်ကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ခွင့်ပြုနေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 18 Views
အောက်တိုဘာလ (၂၄)ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ မော်လိုက် ကလေးထောင်ထဲ အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်ကို ထောင်အာဏာပိုင်တွေက လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ခွင့်ပြုပေးနေတယ်လို့ PPNM
မြန်မာသတင်း

နွားထိုးကြီးမြို့ (၂)ပတ်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၄၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 15 Views
သေဆုံးသူတွေထဲ မလှိုင်နဲ့ တောင်သာမှာ အမျိုးသမီး (၂၀)ကျော်ကို အဓမ္မပြုကျင့်သတ်ဖြတ်ရာမှာ ဦးဆောင်တဲ့ ဗိုလ်မှူး ကျော်မင်းဆိုသူပါဝင် အောက်တိုဘာလ (၂၄)ရက်။ စက်တင်ဘာလ
မြန်မာသတင်း

ရန်ကုန်နဲ့ မန္တလေးမှာ အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ (၂၇)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 24 ရက်
  • 10 Views
အောက်တိုဘာလ (၂၄)ရက်။ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့မှာ အွန်လိုင်းကနေ ဘောလုံးလောင်းကစားလုပ်ကိုင်သူ (၂၇)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၄)ရက်နေ့က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့၊ ပုလဲရပ်ကွက်ရှိ Secret Villa Private
မြန်မာသတင်း

CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့က အဓိကဆွေးနွေးဖက်မိတ်ဖက်အနေနဲ့ ဆက်လက်အသိအမှတ်ပြု

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 50 Views
အောက်တိုဘာလ (၂၃)ရက်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကို နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ အဓိကဆွေးနွေးဖက်မိတ်ဖက်အနေနဲ့ ဆက်လက်အသိအမှတ်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို CRPH ကို ဆက်လက်အသိအမှတ်ပြုတာဟာ ဒီကနေ့မှာကျင်းပတဲ့ (၁၅၁)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ IPU ဟာ
မြန်မာသတင်း

ဘားအံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၁၇)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 46 Views
အောက်တိုဘာလ (၂၃)ရက်။ အောက်တိုဘာလ (၂၀)ရက်နေ့ ညနေ (၅)နာရီ (၄၀)မိနစ်အချိန်က ဘားအံမြို့ရှိ ဖားဘော်ရွာလေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကမမောင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ရွေးကောက်ပွဲကာလ လုံခြုံရေးတိုးမြှင့်ဖို့ စစ်ကော်မရှင်ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 34 Views
အောက်တိုဘာလ (၂၃)ရက်။ ရွေးကောက်ပွဲကာလ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ဆိုပြီး စစ်ကော်မရှင်ခန့်ဝန်ကြီးချုပ် ညိုစောက မနေ့က အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးထဲ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့အညီ ဆောင်ရွက်ဖို့ သူက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 27 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးသည်တင်ကားဟာ ရသေ့တောင်မြို့ စေတီပြင်ရွာကနေ ဆန်၊ ဆီ၊ ဆားနဲ့
မြန်မာသတင်း

စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 60 Views
အောက်တိုဘာလ (၂၂)ရက်။ စစ်အုပ်စုက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံနဲ့ ပူးပေါင်းကာ “ နျူကလီးယားစွမ်းအင်အစီအစဉ်” ဆိုပြီး လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကုလညီလာခံမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုဖို့ဆိုတဲ့ အယူအဆက