နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးသတ်ဖို့ JFM တောင်းဆို

အောက်တိုဘာလ (၂၄)ရက်။

အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးဖြတ်ဖို့ Justice for Myanmar(JFM)က (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲ စစ်အုပ်စုရဲ့ မှားယွင်းတဲ့ နိုင်ငံရေးတရားဝင်မှု ဖန်တီးဖို့အတွက် တရားမဝင် ရွေးကောက်ပွဲတခု ကျင်းပနိုင်ဖို့ ကြိုးပမ်းနေတာကို ဆန့်ကျင်ဖို့ တောင်းဆိုထားပါတယ်။

အာဆီယံဟာ မအောင်မြင်တဲ့ ဘုံသဘောထားငါးရပ်ကို ပြဋ္ဌာန်းခဲ့ပြီး (၄)နှစ်ကျော်လာပေမယ့် စစ်အုပ်စုဟာ အရပ်သားတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းတွေကိုသာ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်နိုင်အောင် အာဆီယံအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒေသထဲ စီးပွားရေးလုပ်ငန်းတွေရဲ့ ကြံရာပါပတ်သက်တာတွေက အားပေးကူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့နောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အခြေစိုက်တဲ့ အနည်းဆုံး ကုမ္ပဏီ (၅၄)ခုဟာ စစ်အုပ်စုနဲ့ သူတို့ရဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးဆက်နွယ်တာတွေ ရှိနေဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အာဆီယံမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုက စစ်အုပ်စုအတွက် မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တာတွေနဲ့ ရာဇဝတ်မှုကြီးတွေ ဆက်လက်ကျူးလွန်ဖို့အပြင် ဒေသထဲအင်အားကြီးနိုင်ငံတွေနဲ့ စစ်ရေးဆက်ဆံရေးတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

လာမယ့် ထိပ်သီးအစည်းအဝေးမှာ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းဆန်တာ၊ ကိုယ်စားလှယ်တွေကို တားမြစ်တာနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ကြံရာပါပတ်သက်နေတာကို အဆုံးသတ်မယ့်အခွင့်အရေးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ ယောဉ်ဆီလမ်းကြောင်းတွေကို ချက်ချင်းဖြတ်တောက်ရမယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ကောင်စီကနေ စစ်ကော်မရှင်အနေနဲ့ အမည်ပြောင်းလဲခဲ့တာဟာ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့တာတွေကို ရှောင်ရှားနိုင်ဖို့နဲ့ ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကို မှေးမှိန်စေဖို့ ကူညီပေးနိုင်တယ်လို့လဲ JFM က သတိပေးထားပါတယ်။

စစ်ကော်မရှင်အနေနဲ့ အမည်ပြောင်းလဲတာဟာ တရားဝင်မှုရရှိဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းကို လှည့်စားဖို့ ပရိယာယ်တခုသာဖြစ်တာကို အာဆီယံအနေနဲ့ သဘောပေါက်ဖို့ ‌ထည့်သွင်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 40 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ