အောက်တိုဘာလ (၂၅)ရက်။
မနေ့က ရေကြည်မြို့ စပြင်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။
“ မနေ့က စပြင်ရွာကို နံနက်(၁၁)နာရီခွဲမှာ ပေါင်(၅၀၀)ဗုံး (၂)လုံးနဲ့ (၂၅၀)ဗုံး (၁)လုံးကြဲသွားတာ။ ပြီးတော့ နေ့လယ် (၁)နာရီ (၂၀)မိနစ်လောက်မှာ ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်ကြဲသွားတယ်” လို့ ဆိုပါတယ်။
စပြင်ရွာကို စစ်တပ်က နံနက် (၁၁)နာရီခွဲအချိန်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံးနဲ့ ပေါင် (၂၅၀)ဗုံး (၁)လုံးအပြင် နေ့လယ် (၁)နာရီ (၂၀)မိနစ်အချိန်မှာ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တာလို့ သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သား (၂၄)ဦး ထိမှန်သေဆုံးခဲ့ကာ (၂၀)ဦး ဒဏ်ရာရရှိခဲ့သလို လူနေအိမ် (၁၇)လုံး ထိမှန်ပျက်စီးခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသူ (၂၄)ဦးဟာ အမျိုးသား (၂၀)ဦးနဲ့ အမျိုးသမီး (၄)ဦးတို့ဖြစ်ပြီး အဲ့ဒီအထဲ ကလေးသူငယ်တွေ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအပြင် စစ်ဘေးရှောင်အချို့ ပါဝင်တယ်လို့ သိရပါတယ်။
အခုလို ရေကြည်မြို့ စပြင်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့တာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။










