နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ အာရှ

ထရန့်ပ်၏ အာရှခရီးစဉ်- နိုင်ငံများ၊ တွေ့ဆုံမှုများနှင့် အစီအစဉ်

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်

သမ္မတ ထရန့်ပ်သည် ယခုသီတင်းပတ်အတွင်း ကုန်သွယ်ရေးဆွေးနွေးပွဲများအပေါ် အဓိကထား၍ နိုင်ငံတကာအတွက် ငြိမ်းချမ်းရေးသဘောတူညီမှု ရယူပေးသူအဖြစ် မိမိ၏ အခန်းကဏ္ဍကို ပြသရန် တစ်ပတ်ကြာ အာရှခရီးစဉ် ကို စတင်နေပြီဖြစ်သည်။ ဤခရီးစဉ်တွင် နိုင်ငံသုံးနိုင်ငံ ပါဝင်ပြီး တရုတ်ခေါင်းဆောင်နှင့် အရေးကြီးသော တွေ့ဆုံမှုတစ်ခုဖြင့် အဆုံးသတ် မည်ဖြစ်သည်။

၁။ မလေးရှား (ပထမဆုံး ခရီးစဉ်– ၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၂၆ မှ ၂၇ရက်အထိ )

ရည်ရွယ်ချက်: ကွာလာလမ်ပူ တွင် ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေး ကို တက်ရောက်ရန်။

အဓိက တွေ့ဆုံမှုများ/ပွဲများ:

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် နှင့် နှစ်နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးမည်။

မိမိက ကြားဝင်စေ့စပ်ပေးခဲ့သော ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ချဲ့ထွင်ထားသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ကြီးကြပ်ပေးမည်။

မလေးရှားအရာရှိများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲများ ပြုလုပ်ပြီး သဘောတူညီချက်အသစ်များ ရရှိရန် မျှော်လင့်ရသည်။ ထိုဆွေး‌နွေးပွဲတွင် မြန်မာနိုင်ငံ အကြောင်းကိုလည်း ပြောကြားမည်ဟု အာဆီယံအဖွဲ့ဝင်များက သိရှိထားသည်။

၂။ 🇯🇵 ဂျပန် (ဒုတိယ ခရီးစဉ်)

ရည်ရွယ်ချက်: ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးကို ဆွေးနွေးရန်။

အဓိက တွေ့ဆုံမှုများ/ပွဲများ:

ဂျပန်နိုင်ငံ၏ မကြာသေးမီက ရွေးချယ်တင်မြှောက်ခံရသော ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဆနဲ တာကအီချိ (Sanae Takaichi) နှင့် တွေ့ဆုံမည်။ ဂျပန်ဧကရာဇ် နာရူဟီတို (Naruhito) နှင့်လည်း တွေ့ဆုံရန် မျှော်လင့်ရသည်။

အဓိကအချက်မှာ အမေရိကန်၏ အခွန်လျှော့ချရေးအတွက် ဂျပန်နိုင်ငံမှ အမေရိကန် စီးပွားရေးတွင် ဒေါ်လာ ၅၅၀ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ကို ခိုင်မာအောင် လုပ်ဆောင်ရန်ဖြစ်သည်။

၃။ 🇰🇷 တောင်ကိုရီးယား (နောက်ဆုံး ခရီးစဉ်)

ရည်ရွယ်ချက်: အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေး ကို တက်ရောက်ရန်နှင့် အရေးကြီးသော နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ရန်။

အဓိက တွေ့ဆုံမှုများ/ပွဲများ:

တောင်ကိုရီးယားသမ္မတ လီ ဂျေ မြောင်း (Lee Jae Myung) နှင့် တွေ့ဆုံမည်။

APEC အစည်းအဝေး၏ ဘေးပတ်ဝန်းကျင်မှ နေရာတစ်ခုဖြစ်သော ဘူဆန်မြို့ တွင် တရုတ် သမ္မတ ရှီကျင့်ဖျင် နှင့် အလွန်အရေးကြီးသော တွေ့ဆုံမှု တစ်ရပ် ပြုလုပ်ရန် စီစဉ်ထားသည်။ ယင်းတွေ့ဆုံမှု၏ အဓိကပန်းတိုင်မှာ စီးပွားရေးစစ်ပွဲကို လျှော့ချရန်ဖြစ်ပြီး၊ တရုတ်ဘက်မှ ရှားပါးမြေသားများ၊ ဖန်ထနိုင်းလ် (Fentanyl) နှင့် ပဲပိစပ်များ ဝယ်ယူရေးတို့နှင့် ပတ်သက်၍ အမေရိကန်၏ တောင်းဆိုချက်များကို ဆွေးနွေးမည်ဖြစ်သည်။

တောင်ကိုရီးယားသို့ ရောက်ရှိစဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နှင့် တွေ့ဆုံရန် အတွက်လည်း မိမိက စိတ်ဝင်စားပါသည်” ဟု ထရန့်ပ်က ပြောကြားခဲ့သော်လည်း အမေရိကန် အရာရှိများကမူ ၎င်းသည် စီစဉ်ထားသော အစီအစဉ်တွင် မပါဝင်သေးကြောင်း ပြောကြားထားသည်။

ဤခရီးစဉ်၏ အလုံးစုံသော ရည်ရွယ်ချက်မှာ ဒေသတွင်းနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန်နှင့် ထရန့်ပ်အား ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ဒေသဆိုင်ရာ ပဋိပက္ခများအတွက် ငြိမ်းချိမ်းရေးကို ဦးဆောင်ညှိနှိုင်းသူအဖြစ် ဖော်ပြရန်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော