နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင် ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် ပြီးခဲ့သည့်လက အလျင်အမြန် မြင့်တက်လာ၊ ၂၂ နှစ်အတွင်း အောက်တိုဘာလတွင် အဆိုးရွားဆုံးဖြစ်ခဲ့

CNN -၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်

ဝါရှင်တန်။ ဉာဏ်ရည်တု (AI)အစားထိုးသုံးစွဲမှု က အလုပ်သမားဈေးကွက်ကို ဆက်လက် ထိခိုက်စေကြောင့် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများ၏ ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် အလျင်အမြန် မြင့်တက် လာခဲ့သည်။

ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သော Challenger, Gray & Christmas ၏ အစီရင်ခံစာအရ ပြီးခဲ့သည့်လက ကြေညာခဲ့သည့် အလုပ်အကိုင် လျှော့ချမှုများသည် ၁၅၃,၀၀၀ ကျော် အထိ မြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူလထက် ၁၇၅% တိုးတက် လာကာ ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် အောက်တိုဘာလ၌ အမြင့်ဆုံး တိုးတက်မှုဖြစ်သည်။ ယခုနှစ် ပထမ ၁၀ လအတွင်း ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် တစ်သန်းကျော် သွားခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၆၅% တိုးတက် လာခဲ့သည်။

“ဒါဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အောက်တိုဘာလအတွက် အမြင့်ဆုံး စုစုပေါင်း အရေအတွက် ဖြစ်ပြီး၊ ၂၀၀၈ ခုနှစ် နောက်ပိုင်း စတုတ္ထသုံးလပတ်အတွင်း တစ်လချင်း စီအတွက် အမြင့်ဆုံး စုစုပေါင်းအရေအတွက် ဖြစ်ပါတယ်” ဟု အစီရင်ခံစာက ဖော်ပြသည်။ “၂၀၀၃ ခုနှစ်ကလိုပဲ၊ အနှောင့်အယှက်ဖြစ်စေသော နည်းပညာ (လူအစားအလိုအလျှောက် ပြုလုပ်ပေးသောစက်များတီထွင်လာမှု) တစ်ခုက အခြေအနေကို ပြောင်းလဲနေပါတယ်” ဟုလည်း ဆိုသည်။

ယင်း အလုပ်သမားနေရာချထားရေးနှင့် အမှုဆောင်အရာရှိများအား နည်းပြပေးသည့် ကုမ္ပဏီက ကပ်ရောဂါကာလအတွင်း (လူအစားစက်ရုပ်များအစားထိုးသုံးစွဲမှု) များပြားလာခဲ့ ပြီးနောက် အမေရိကန်၏ အလုပ်သမားဈေးကွက်သည် ပုံမှန်အခြေအနေသို့ ဆက်လက် ရောက်ရှိနေသည် ဟု ပြောကြားခဲ့သော် လည်း၊ ကုမ္ပဏီများကို ဖိအားပေးနေသည့် အဓိက အချက်များအဖြစ် “AI ကို လက်ခံ ကျင့်သုံးခြင်း၊ စားသုံးသူနှင့် ကော်ပိုရိတ်အသုံးစရိတ်များ လျော့ကျခြင်းနှင့် ကုန်ကျ စရိတ်များ မြင့်တက်လာခြင်း” တို့ကိုလည်း ကိုးကား ဖော်ပြ ခဲ့သည်။

အမှန်စင်စစ်၊ Amazon နှင့် Target ကဲ့သို့သော အဓိကကုမ္ပဏီများသည် မကြာသေးမီ လများအတွင်း ကြီးမားသော ဝန်ထမ်းလျှော့ချမှုများ ကို ကြေညာခဲ့ကြပြီး ၎င်းတို့ထဲမှ အများအပြားသည် AI ကို ကိုးကား ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် ချက်ချင်းပင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းကို မဖြစ်စေပါ။

အစိုးရ ရပ်ဆိုင်းမှုကြောင့် အလုပ်သမားဈေးကွက်၏ တည်ငြိမ်ရေးကို အကဲဖြတ်ရန်မှာ ရှုပ်ထွေးနေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် အရှည်ကြာဆုံး စံချိန်တင် ရပ်ဆိုင်းမှု ဖြစ်နေသည်။ တရားဝင် စီးပွားရေးဆိုင်ရာ စာရင်းအင်းများသည် အောက်တိုဘာလအစကတည်းက ရပ်ဆိုင်းထားပြီး၊ ယင်းတို့တွင် အလုပ်လက်မဲ့နှုန်းနှင့် လစဉ်လစာငွေ တိုးတက်မှု ကိန်းဂဏန်းများ ပါဝင်သော အလုပ်သမားဝန်ကြီးဌာန၏ အထူးဂရုပြုစောင့်ကြည့်ရသည့် အလုပ်အကိုင် အစီရင်ခံစာလည်း ပါဝင်သည်။

စက်တင်ဘာလ အလုပ်အကိုင် အစီရင်ခံစာကို အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားသော်လည်း ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ၊ အောက်တိုဘာလ အလုပ်အကိုင် အစီရင်ခံစာကိုလည်း ယခုလတွင် ရရှိမည် မဟုတ်ပါ။ မူလက သောကြာနေ့တွင် ထုတ်ပြန်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းအခြေအနေကြောင့် ဗဟိုဘဏ်အရာရှိများကဲ့သို့သော စီးပွားရေးမူဝါဒချမှတ်သူများအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ခက်ခဲစေသည်။

ရင်းနှီးမြှုပ်နှံသူများနှင့် မူဝါဒချမှတ်သူများသည် အမေရိကန်စီးပွားရေး အခြေအနေကို နားလည်ရန်အတွက် ဗုဒ္ဓဟူးနေ့က ADP မှ ထုတ်ပြန်သော ပုဂ္ဂလိကကဏ္ဍ လစာငွေဆိုင်ရာ အချက်အလက် နှင့် Challenger အစီရင်ခံစာကဲ့သို့သော အခြားရွေးချယ်စရာ အချက်အလက် များ ကို ယခုအခါ ကြည့်ရှုနေကြရသည်။

သို့သော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျေရုမ်းမ် ပေါ် ဝဲလ် (Jerome Powell) က ပြီးခဲ့သည့်လက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သကဲ့သို့၊ ပုဂ္ဂလိက အချက်အလက်များသည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးကို တိုင်းတာသည့် ရွှေစံနှုန်း” ဟု ကျယ်ကျယ်ပြန့်ပြန့် လူသိများသော အစိုးရ၏ ကိန်းဂဏန်းများကို အစားထိုးနိုင်ခြင်း မရှိပါ။ ထိုကိန်းဂဏန်းများ ဆက်လက်မရှိခြင်းသည် ငွေကြေးမူဝါဒ ချမှတ်ခြင်းကို ထိခိုက်စေနိုင်ပြီး အနာဂတ် အတိုးနှုန်းလျှော့ချမှုများ ကို အန္တရာယ်ဖြစ်စေနိုင်သည်။

“ပိုပြီး သတိထားဖို့ အဓိပ္ပာယ်ရှိနိုင်တဲ့ အခြေအနေမျိုး ရှိပါတယ်” ဟု ပေါ် ဝဲလ်က ဆိုသည်။

အလုပ်သမား တသောင်း၄ထောင်ကိုအလုပ်ရပ်စဲပစ်ခဲ့သည့် အမေဇုံရုံးချုပ် အဆောက်အအုံကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော