နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေး အဆုံးသတ်ပန်းတိုင် သိပ်မလိုတော့ဘူးလို့ NUG ဝန်ကြီးချုပ်‌ပြော

နိုဝင်ဘာလ (၁၀)ရက်။

တော်လှန်ရေး အဆုံးသတ်ပန်းတိုင် သိပ်မလိုတော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ရန်ကုန်လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“နွေဦးတော်လှန်ရေးခရီးဟာ အခုဆိုရင် ၅နှစ်ထဲကို ရောက်လာပြီဖြစ်သလို တော်လှန်ရေး အဆုံးသတ် ပန်းတိုင်ဟာလည်း သိပ်မလိုတော့ပါဘူး။ အောင်ပွဲနီးလေ အခက်အခဲတွေ့လေ၊ အခက်အခဲတွေ့လေ အရည်အချင်းတက်လေဆိုသလို ကျွန်တော်တို့ တော်လှန်ပြည်သူတွေရဲ့ မှန်ကန်တည့်မတ်တဲ့ အရည်အချင်းစစ်စစ်တွေကို အသုံးပြုရင်း တော်လှန်ရေးခရီးအဆုံးထိ ရှေ့ဆက်ကြရပါမယ်”လို့ သူက ဆိုပါတယ်။

တော်လှန်ရေးခရီးဆုံး မရောက်သေးခင်ကာလမှာ ဘက်စုံ၊ ထောင့်စုံကနေ တိုက်ပွဲဝင်ရင်း ဒေသတခုထဲ လွတ်မြောက်ဖို့ထက် ပြည်ထောင်စုတဝန်းလုံး လွတ်မြောက်ဖို့ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားလုပ်ကိုင်ဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး ပြည်ထောင်စုရဲ့ ဘယ်အရပ်ဒေသမှာမဆို မြန်မာနိုင်ငံနယ်နိမိတ်ထဲ အကြမ်းဖက်စစ်အာဏာရှင်နဲ့ အာဏာရှင်မျိုးဆက်တွေ မရှိတော့မယ့် အခြေအနေမျိုးရောက်မှသာ ဒီမိုကရေစီအနှစ်သာရနဲ့ ဖက်ဒရယ်စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီအတွက် နိုင်ငံရေး၊ သံတမန်ရေးနဲ့ ဘဏ္ဍာရေးမျက်နှာစာတွေမှာ အောင်မြင်မှုတွေရရှိအောင် တိုက်ပွဲဝင်‌နေကြသလို စစ်ရေးမျက်နှာစာ အရှိန်အဟုန်မြှင့်ဖို့ တော်လှန်ရေးရဲဘော်တွေဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားနေကြတယ်လို့ ဝန်ကြီးချုပ်က အသိပေးထားပါတယ်။

ဒါ့အပြင် မနေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်လွှတ်တော်ရဲ့ ဒသမအကြိမ်မြောက် အစည်းအဝေးမှာ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

အဲ့ဒီဥပဒေကြမ်းကို ပြဋ္ဌာန်းခဲ့တာဟာ ရန်ကုန်အတွက် အဖိုးတန်တဲ့ ညီညွတ်မှု၊ စည်းလုံးမှု၊ ဟန်ချက်ညီမှုနဲ့ နိုင်ငံရေးအသိအမြင် အားကောင်းခိုင်မာတာကို ပြသရာရောက်တယ်လို့ သူက ဆက်ပြောပါတယ်။

NUG အနေနဲ့ ကြားကာလအစီအမံကို ဥပဒေပြဋ္ဌာန်းပြီးချိန်မှာလဲ ဒေသဆိုင်ရာအစိုးရတရပ် အောင်မြင်စွာတည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာကဏ္ဍတွေမှာ ပံ့ပိုးတာတွေကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမယ်လို့လဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီလိုဥပဒေပြဋ္ဌာန်းနိုင်တာဟာ ရန်ကုန်အတွက် သမိုင်းမှတ်တိုင်တခု စိုက်ထူတာဖြစ်သလို တော်လှန်ရေးတခုလုံးနဲ့ကြည့်ရင် စစ်ရေးအရ တိုက်နေတာသာမဟုတ်ဘဲ နိုင်ငံရေးဘက်မှာလဲ အဆင့်ဆင့် တိုးတက်လာပြီဆိုတာကို သက်သေပြတဲ့ အစည်းအဝေးလို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို