နိုဝင်ဘာလ (၁၇)ရက်။
ဂန့်ဂေါမြိုမှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ပြိုင်စရာမလိုဘဲ အနိုင်ရသွားခဲ့ပြန်တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
“ အခုသေသွားတာက ဗိုလ်ပြုတ် သန်းဝင်း။ သူက စကစရွေးကောက်ပွဲကို ဂန့်ဂေါမှာ ပြည်သူ့လွှတ်တော်နေရာအတွက် တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာ။ ဒီနေ့ပဲ ကျန်းမာရေးမကောင်းဖြစ်ပြီး သေသွားတာ” လို ယောအလင်းတန်းက ဆိုထားပါတယ်။
သေဆုံးသွားသူဟာ သန်းဝင်းဆိုသူဖြစ်ကာ စစ်တပ်ရွေးကောက်ပွဲကို ဂန့်ဂေါမြိုနယ်ကနေ ပြည်သူ့လွှတ်တော်နေရာအတွက် တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာဖြစ်ပြီး ဒီကနေ့မှာပဲ ကျန်းမာရေးမကောင်းတာကြောင့် သေဆုံးခဲ့တာလို ဖော်ပြထားပါတယ်။
နောက်ပြီး သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံ တော်လှန်ရေးထဲ ပါဝင်သူတွေရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းပေးပိုနေသူတဦးဖြစ်တယ်လို ရေးသားထားပါတယ်။
အခုလို သန်းဝင်း သေဆုံးခဲ့တာကြောင့် ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းဖြစ်သူ ရှေ့နေ ဒေါ်အိဖြူလွင်ဟာ ပြိုင်စရာမလိုဘဲ ဂန့်ဂေါမြိုနယ်ရဲ့ ပြည်သူ့လွှတ်တော်အမတ်နေရာကို ရသွားတာပါ။
ဒါ့အပြင် မကွေးတိုင်းဒေသကြီးရဲ့ ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ရွေးချယ်ခံတဲ့ ကြံ့ခိုင်ရေးပါတီက ဦးဇော်ထွန်းဟာလဲ ရွေးကောက်ပွဲ မကျင်းပခင်အချိန်မှာပဲ ပြိုင်ဖက်မရှိတာကြောင့် အနိုင်ရရှိထားတယ်လို ဆိုပါတယ်။
စစ်တပ်ဟာ ရွေးကောက်ပွဲကို အခုနှစ်ကုန်မှာ ပြုလုပ်ဖိုရှိနေပေမယ့် သူကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကတော့ နေရာ (၃၀)ကျော်ကို ပြိုင်စရာမလိုဘဲ အနိုင်ရရှိထားတယ်လို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။









