နိုဝင်ဘာလ (၂၄)ရက်။
ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကံထူးမရွာ ဆေးရုံနဲ့ ကားဘော်ဒီဆိုင်ကို ဗုံး (၂)လုံးကြဲသွားတာ” လို့ ဆိုပါတယ်။
စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဘောလုံးပွဲကြည့်နေတဲ့ အသက် (၁၆)နှစ်အထက်ရှိ ပြည်သူ (၆)ဦး သေဆုံးခဲ့ရပြီး (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူတွေဟာ တန့်ဆည်မြို့နေသူ (၂)ဦး၊ မုံရွာမြို့နေသူ (၂)ဦးနဲ့ ပင်လည်ဘူးမြို့နေသူ (၂)ဦးတို့ဖြစ်ပြီး ဆေးရုံရှိ ဓါတ်မှန်ခန်းဆောင်အပါအဝင် ကားဘော်ဒီဆိုင်နဲ့ ဈေးဆိုင်ခန်းအချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလဲ ကံထူးမရွာ လေကြောင်းဗုံးကြဲခံရတာကြောင့် အရပ်သား (၁၂)ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။








