နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာပြော

ဒီဇင်ဘာလ (၂)ရက်။

မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အနားယူမှာမဟုတ်သလို ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာက မနေ့က ပြည်သူသို့ အသိပေးတင်ပြချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

“ရှေ့ဆက်ရမယ့် ခရီးလမ်းက ရှည်လျားကြမ်းတမ်းနိုင်ပေမယ့် ညီညွတ်မှု၊ သတ္တိနဲ့ ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ ကျွန်ုပ်တို့ မျှော်မှန်းထားတဲ့ “မြန်မာနိုင်ငံသစ်”(New Myanmar)ကို တည်ဆောက်သွားမှာဖြစ်တယ်”လို့ သူက ဆိုပါတယ်။

ဒေါက်တာဆာဆာဟာ NUG ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးမှာ ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့တဲ့အတွက် တာဝန်ကနေ အနားယူခဲ့တာလို့ သိရပါတယ်။

ဒီလိုအခြေအနေမှာ သူ့အနေနဲ့ တာဝန်ထမ်းဆောင်တဲ့ အခန်းကဏ္ဍတခု ပြီးဆုံးသွားပြီဖြစ်ပေမယ့် နိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

နောက်ပြီး မြန်မာနိုင်ငံနဲ့ ပြည်သူကို အားပေးထောက်ခံမှု ဆက်လက်ရရှိဖို့၊ လူသားအရင်းအမြစ်နဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေ ရရှိဖို့ မဟာဗျူဟာမူဘောင်ကို ဦးတည်တဲ့ “ပြည်သူ့အခြေခံ(People’s Platform)”ကို စတင်အကောင်အထည်ဖော်ရာမှာ အင်အားနဲ့ အချိန်တွေကို အပြည့်အဝမြှုပ်နှံသွားမယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

အဲ့ဒီအကောင်အထည်ဖော်တာကို တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း (၃)ရပ်နဲ့ လုပ်ဆောင်သွားမယ်လို့လဲ အသိပေးထုတ်ပြန်ထားပါတယ်။

ဒေါက်တာဆာဆာရဲ့ ထုတ်ပြန်ချက်ထဲ NUG က လုပ်ဖော်ကိုင်ဖက်တွေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးကြသူ အားလုံးကို အထူးကျေးဇူးတင်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်နယ်တွေအားလုံး တစုတစည်းထဲ ပေါင်းစည်းထားတဲ့ “မြန်မာပြည်ထောင်စုသမ္မတနိုင်ငံတော်(United States of Myanmar)”ဆိုတဲ့ အိမ်မက်မျှော်မှန်းချက်က စိတ်ဓါတ်ကို တက်ကြွစေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီမျှော်မှန်းချက်ကို အခုမျိုးဆက်အတွက်သာမက နောင်လာမယ့် မျိုးဆက်ပေါင်းအတွက်ပါ အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ စိတ်ဓါတ်ကြံ့ခိုင်နိုင်စွမ်းကို သမိုင်းသက်သေအနေနဲ့ ထာဝရတည်ရှိနေမှာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို