နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားတဦးကို စစ်တပ် ဖမ်းဆီး

ဒီဇင်ဘာလ (၃)ရက်။

နိုဝင်ဘာလ (၂၈)ရက်နေ့က Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားအမျိုးသားတဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ ရန်ကုန်တိုင်း သန်လျင်မြို့‌ ‌ဗိုလ်ချုပ်ကျေးရွာနေ (၅၈)နှစ်အရွယ် ခိုင်စိုးဆိုသူဖြစ်ပြီး messenger ကနေ ရွေးကောက်ပွဲ ပျက်ပြားစေဖို့နဲ့ အထင်အမြင် လွဲမှားစေဖို့ ရေးသားပြောဆိုတာကြောင့်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးခံရသူကို စစ်တပ်က သန်လျင်မြို့မရဲစခန်းမှာ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေပုဒ်မ ၂၃(က)နဲ့ အမှုဖွင့်ပြီး ထိရောက်ပြစ်ဒဏ်ရရှိဖို့ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး နိုဝင်ဘာလ (၂၄)ရက်နေ့ကလဲ မကွေးတိုင်း ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက်နေ (၄၆)နှစ်အရွယ် အမျိုးသားတဦးကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ လှုံ့ဆော်ရေးသားတာကြောင့်ဆိုပြီး စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၂၇)ရက်နေ့ ည (၁၀)နာရီခွဲကျော်အချိန်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့က ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးတာကြောင့်ဆိုပြီး ဖမ်းဆီးခံခဲ့ရပြီး ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပုဒ်မ ၂၄(က)နဲ့ အမှုဖွင့်ထားပါသေးတယ်။

စစ်တပ်ဟာ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားတာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၁၀၀)ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ပကဖတွေထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 9 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို တိုက်နယ်ပကဖနဲ့ UG ပကဖတွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူစုစုပေါင်း (၄၀၀၀)ကျော်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 9 Views
ဒီဇင်ဘာလ (၃)ရက်။ ပြီးခဲ့တဲ့လကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၄၂၀၀)ရှိပြီး သေဆုံးသူ (၄၄၇၀)ဦးရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းလက်ပံဒေသ ကျားဖြန့်ခြံဝင်းထဲ မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၀၀)ကျော် ကျန်ရှိနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 9 Views
ဒီဇင်ဘာလ (၃)ရက်။ မင်းလက်ပံဒေသ Shunda Park Scam Compound ထဲက မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၄၂)ဦး ကျန်ရှိနေသေးတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ရဲ့ မြေပြင်အကဲဖြတ်အဖွဲ့ဟာ
မြန်မာသတင်း

မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 9 Views
ဒီဇင်ဘာလ (၂)ရက်။ မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အနားယူမှာမဟုတ်သလို ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာက မနေ့က ပြည်သူသို့ အသိပေးတင်ပြချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ရှေ့ဆက်ရမယ့် ခရီးလမ်းက ရှည်လျားကြမ်းတမ်းနိုင်ပေမယ့် ညီညွတ်မှု၊ သတ္တိနဲ့
မြန်မာသတင်း

ပခုက္ကူခရိုင်အခြေစိုက် Local PDF နှစ်ဖွဲ့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 28 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ ပခုက္ကူခရိုင်အခြေစိုက် God of Myaing တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်ဖွဲ့ (၂)ဖွဲ့ဟာ အညာမြေတပ်ပေါင်းစုထံ တရားဝင် လက်မှတ်ရေးထိုး
မြန်မာသတင်း

ဝက်လက်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 30 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီကျော်အချိန်က ဝက်လက်မြို့အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်း နတ်မှော်ရွာထဲကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ မနက် (၁၂)နာရီ (၆)မိနစ်လောက်က ပေါင်
မြန်မာသတင်း

စစ်တပ် လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာတယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 26 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီဇင်ဘာလ (၁)ရက်နေ့က စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဂာ အကျဉ်းထောင် (၁၁)ခုကနေ
မြန်မာသတင်း

CDM ဆရာဝန်အမျိုးသမီးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး NUG က ပြည်သူတွေကို တောင်းပန်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 23 Views
ဒီဇင်ဘာလ (၂)ရက်။ မင်းကင်းမြို့မှာ CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်(ခ)Dr တူးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒေါက်တာဒေါ်ခင်သူသူလွင်ဟာ မြို့နယ်ပအဖတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ရပ်နားတဲ့အချိန်မှာ လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေ၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့