ဒီဇင်ဘာလ (၄)ရက်။
သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းချခဲ့တယ်လို ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။
ဦးမြင့်ဆွေရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြိုနယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ်(၃၁)ရှိ ဧရိယာ (၀.၁၁၀၂)အကျယ် မြေကွက်ကို ဦးတာယာမြင့်ဆွေက အလွဲသုံးစားရောင်းချတာကို ကျန်ရစ်သူမိသားစုတွေက ဒီကနေ့ထုတ်သတင်းစာမှာ ကြေညာခဲ့တာပါ။
အဲ့ဒီမြေကွက်ဟာ ယာယီသမ္မတ ဦးမြင့်ဆွေ အမည်ပေါက်ပိုင်ဆိုင်တာဖြစ်ပြီး ဘယ်သူ့ကိုမှ အမွေပေးလွှပြောင်းထားတာမရှိဘဲ ဂရန်သက်တမ်းတိုးဆောင်ရွက်ဖို ဦးတာယာမြင့်ဆွေကို ပေးအပ်ထားတာလို ဆိုပါတယ်။
အဲ့ဒီလို ဂရန်သက်တမ်းတိုးတာကို ကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်ဖို လွှအပ်ထားတဲ့ ကိုယ်စားလှယ်လွှစာ (၂)စောင်ကို ဇနီးဖြစ်သူ ဒေါ်ခင်သက်ဌေးနဲ့ အခြားမိသားစုဝင်တွေမသိအောင် အလွဲသုံးစားပြုလုပ်ပြီး ရောင်းချခဲ့တာလို ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အဲ့ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ဦးတာယာမြင့်ဆွေနဲ့အတူ ပါဝင်ပတ်သက်သူတွေအနေနဲ့ သတင်းစာကြေညာတဲ့ရက်ကနေ (၇)ရက်ထဲ ဒေါ်ခင်သက်ဌေးထံ လာရောက်ဖြေရှင်းဖို အကြောင်းကြားထားပါတယ်။
အခုလို အကြောင်းကြားတာကို ဖြေရှင်းတာမလုပ်ဘဲ ရှောင်တိမ်းပျက်ကွက်နေရင် တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ပါဝင်ပတ်သက်သူတွေအားလုံးကို အရေးယူမယ်လို အသိပေးထားပါတယ်။
ဦးမြင့်ဆွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ယာယီသမ္မတအနေနဲ့ ခန့်အပ်ခဲ့ပြီး ပြီးခဲ့တဲ့ဩဂုတ်လက နေပြည်တော်မှာ ရောဂါနဲ့ သေဆုံးသွားခဲ့ကာ စစ်ခေါင်းဆောင် မင်းအောင်လှိင်က ယာယီသမ္မတရာထူးကို လွှပြောင်းယူခဲ့တယ်လို သိရပါတယ်။








