နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

ဒီဇင်ဘာလ (၆)ရက်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဆက်ပြီးတော့လဲ တိုက်ပွဲပြီးစီး အောင်မြင်တဲ့အထိ တိုက်ခိုက်သွားမှာ” လို့ သူက ဒေသထဲသတင်းတွေကို ဒီကနေ့မှာ ပြောဆိုထားပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ အောင်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ စိတ်ဓါတ်မကျဖို့နဲ့ တော်လှန်လုပ်ငန်းတွေမှာ ဆက်ပြီး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

“ ပြည်သူတွေကို ပြောချင်တာက ဗန်းမော်မြို့သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတာပါ။ စစ်တပ်နဲ့ ကျနော်တို့ကြားမှာ မတူညီတဲ့ စစ်အင်အားတွေကြောင့် ဒီကနေ့အထိ အချိန်ကြာနေတာပါ။ ဒါ့ကြောင့် ပြည်သူတွေလဲ ဗန်းမော်တိုက်ပွဲအတွက် ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပါဝင်ပေးကြလို့ အထူးကျေးဇူးတင်ပါတယ်။ ဆက်ပြီးလဲ ဒီစစ်ရေးပန်းတိုင်အောင်မြင်ဖို့အတွက် ပြည်သူတွေ ဝိုင်းဝန်းကူညီပေးဖို့ ပြောချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ကြန့်ကြာနေတာဟာ မတူညီတဲ့ စစ်အင်အားတွေကြောင့်ဖြစ်ပြီး ပြည်သူတွေရဲ့ တတ်စွမ်းတဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပါဝင်ပေးကြတဲ့အပေါ် အထူးကျေးဇူးတင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ထည့်သွင်းပြောဆိုထားပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး KIA ပူးပေါင်းတပ်တွေအနေနဲ့ အခုနှစ်ဝက်ပိုင်းအထိ မြို့ထဲနေရာနဲ့ စစ်တပ်နေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီလို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ရေးအရ အသာစီးရရှိခဲ့ပေမယ့် ဇူလိုင်လပိုင်းကစပြီး စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် တင့်ကားတပ်၊ အမြှောက်တပ်၊ ခလရ(၂၃၆)နဲ့ ရှေ့ကာကင်းတပ်စခန်းအချို့ကို လက်လွှတ်ခဲ့ရတာပါ။

ဒါ့အပြင် စစ်‌တပ်ဘက်ကလဲ ဗန်းမော်မြို့ကို မဆုံးရှုံးစေဖို့အတွက် ‌လက်နက်ကြီးနဲ့ ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့