ဒီဇင်ဘာလ (၆)ရက်။
နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲစတင်ခဲ့တဲ့နေ့ကစပြီး ဒီကနေ့အထိ တပတ်တာကာလထဲ တိုက်ပွဲကြီး/ငယ်ပေါင်း (၉)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို လက်ရသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ NUG က သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့ စစ်တပ်စခန်းကုန်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထည့်သွင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
PDF စစ်ရုံးချုပ်အနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉)ရက်နေ့ကထဲက စတင်ဖွဲ့စည်းခဲ့ပြီး ဒေသထဲရှိ PDF နဲ့ ပကဖတွေကို စုစည်းကာ စစ်ဆင်ရေးတွေကို အနီးကပ် ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး တိုက်ပွဲမဖြစ်ခင်ကထဲက ပြည်သူတွေ အထိခိုက်စေဖို့ ဘေးလွတ်ရာနယ်မြေတွေကို ကြိုတင်ရွှေ့ပြောင်းပေးတာ၊ နေရာချပေးတာနဲ့ လိုအပ်တဲ့ အထောက်အပံ့တွေ အချိန်နဲ့တပြေးညီ ပေးအပ်နိုင်ဖို့ အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အလျင်အမြန် ဆောင်ရွက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု တပ်တွေကို ပြည်သူနဲ့လက်တွဲပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတယ်လို့လဲ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။








