နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ

ရန်ကုန်မှာ ဆန္ဒပြတဲ့ Bluetooth speaker ကို စစ်အုပ်စုက ဗုံးရှင်းလင်းတဲ့အဖွဲ့နဲ့ ဖယ်ရှားခဲ့ရ

ဒီဇင်ဘာလ (၉)ရက်။

ဒီဇင်ဘာလ (၇)ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ရဲ့ အထင်ကရ လူစည်ကားရာနေရာဖြစ်တဲ့ လှည်းတန်းဈေးအနီးမှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က ပြုလုပ်ခဲ့ပြီး “Our Voice, Our Fight, Our Right” လှုပ်ရှားမှုအနေနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့အညီ သပိတ်မှောက်တော်လှန် ဆန့်ကျင်ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမှုထဲ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအပြင် ဦးကျော်သက်လင်းရဲ့ ‌အတုအယောင်ရွေးကောက်ပွဲကို ဖြစ်နိုင်တဲ့နည်းတွေနဲ့ ဆန့်ကျင်ဖို့ တိုက်တွန်းထားတဲ့ အသံလှိုင်းကို Bluetooth speaker နဲ့ ထုတ်လွှင့်ထားခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို Bluetooth speaker နဲ့ အသံလှိုင်း ထုတ်လွှင့်ခဲ့ပြီးနောက် စစ်အုပ်စုရဲ့ ဗျူဟာမှူးနဲ့ နယ်မြေရဲစခန်းမှူးတွေ ရောက်ရှိခဲ့ကာ အနီးရှိ ဈေးဆိုင်တွေကို အတင်းအဓမ္မ ပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုက အချိန်(၂)နာရီခန့်ကြာ လမ်းပိတ်ဆို့တာတွေပြုလုပ်ခဲ့ပြီး “မထိရ၊မကိုင်ရ”စာသားပါ Bluetooth speaker ကို ဗုံးတလုံးလိုမျိုး အထိတ်တလန့် ကြောက်လန့်ပြာယာခတ်ကာ ဗုံးရှင်းလင်းရေးအဖွဲ့နဲ့ပါ ဖယ်ရှားသွားခဲ့ရတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလှုပ်ရှားမှုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့အညီ ဆန့်ကျင်သပိတ်‌မှောက်တာသာဖြစ်ပြီး ပြည်သူကို ထိခိုက်စေလိုတဲ့ ဆန္ဒမပါဘူးလို့ ပြောဆိုထားပါတယ်။

‌ဒါ့အပြင် ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့ရဲ့ လှုပ်ရှားမှုကို ပြည်သူကလဲ အလုံးစုံ နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်တဲ့အနေနဲ့ အနီးဝန်းကျင်မှာ ပုံမှန် လှုပ်ရှားသွားလာခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာလဲ အသံထုတ်လွှင့်တဲ့နေရာကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လျှို့ဝှက် CCTV ကို ဆဲဆိုတာတွေ ပြုလုပ်တာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို