နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန်

လန်ဒန်မြို့ရှိ လယ်သမားများ၏ လယ်ထွန်စက်ဆန္ဒပြမှု

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်

လယ်သမားများဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၁၁ရက်နေ့မှာ ထွန်စက်တွေနဲ့ လန်ဒန်မြို့ကို ပိတ်ဆို့ပြီး အကြိမ်ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ နဲ့ ဒီဇင်ဘာလမှာလဲ ဆန္ဒပြခဲ့ကြပြီး  ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာလဲ ဆန္ဒပြခဲ့ကြပါသေးတယ်။ ယနေ့လယ်ထွန်စက် ပေါင်း ၁၈၀၀ခန့်နဲ့ လမ်းများကို ပိတ်ဆို့လိုက်မှုကြောင့် လန်ဒန်ရှိလမ်း ပေါင်း၂၃၄ လမ်းတို့ ပိတ်ဆို့သွားခဲ့ပြီး  ၁၄မိနစ်အတွင်းမှာ မြို့တွင်းအသွားအလာများ လုံးဝရပ်ဆိုင်း သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာသမဂ္ဂတွေနဲ့အစိုးရဆွေးနွေးနေတာမျိုးမဟုတ်ဘဲ လယ်သမားတွေနဲ့ အစိုးရ စစ်ဖြစ်နေတာဖြစ်တယ်၊

မနက်၈နာရီမှာလန်ဒန်အဝေးပြေးလမ်းမကြီးပေါ်မှာရှိနေတဲ့ထွန်စက်တွေဟာ ၈နာရီ ၃၄မိနစ်မှာ ပါလီမန်အဆောက်အအုံများရှိရာ ဝက်စ်မင်နစ်စတာကို‌ရောက်ရှိလာပါတယ်၊ ထွန်စက်တွေဟာအစိုးရရုံးဝင်ပေါက်နဲ့ထွက်ပေါက်များအားလုံးကိုပိတ်ဆို့လိုက်ပါတော့တယ်။ ဝန်ကြီးချုပ်ကီရာစတာမာကိုမည်သူမဆိုဒီလိုအစိုးရရုံးတွေကိုပိတ်ဆို့မှုလုပ်သူမှန်သမျှထောင်ဒဏ်စီရင်ခြင်းခံရမယ်လို့သတိပေးခဲ့ပါတယ်၊ ဒါပေမဲ့ဆန္ဒပြသူတွေ အနေနဲ့ ဒီထက်ပိုပြီး ဆုံးရှုံး စရာမရှိတော့ပါဘူး ။

ဗြိတိန်မှာလယ်ယာပိုင်ဆိုင်မှုဥပ‌ဒေမှာမိဘဘိုးဘွားတွေကွယ်လွန်သွားတဲ့အခါ ကျန်ရစ်သူ သားသမီးတွေကအမွေဆက်ခံနိုင်ဖို့အတွက် မိမိမိဘ ဘိုးဘွားတွေပိုင်တဲ့ မြေအတွက် မြေခွန်အမြောက်အများကို ပေးဆောင်ရပါတယ်၊ ဒီလိုမြေခွန်ပေးဆောင်ဖို့ငွေမရှိတဲ့အခါ ရှိတဲ့မြေကိုခွဲပြီး ရောင်းချရတဲ့အခါ နဂိုမြေအရွယ်အစားတဝက်လောက်သာ ပိုင်ဆိုင်တော့တာ ဖြစ်တာကြောင့်ဒီလိုမြေခွန်မြင့်မားစွာကောက်ခံခြင်းကိုမလိုလားကြပါဘူး အဲဒီမြေဟာ နောက်ကျန်တဲ့မျိုးဆက်လက်ထက်မှာ နောက်ကျန်တဲ့မြေကိုရောင်းချပြီး မြေခွန်ပေးရတော့ နဂိုဘိုးဘွားမြေအရွယ်အစား ဥပမာ ၄ဧကရှိတဲ့ မြေကွက်ဟာ သားဖြစ်သူ လက်ထက်မှာ တဝက်ခွဲ ရောင်းလိုက်ရတော့ ၂ဧကဘဲရတော့မယ် အဖေသေလို့မြေးလက်ထက်ကျရင်လဲ မြေပိုင်ဆိုင်မှုအတွက် မြေခွန်ထပ်ပေးရပြန်ရော အဲဒီတော့‌မြေးလက်ထက်မှာ တဧကဘဲ ကျန်တယ် အဲဒီလိုဖြစ်နေတဲ့အခြေအနေကိုလက်မခံနိုင်လို့ဆန္ဒပြကြတာဖြစ်တယ်။

လယ်သမားတွေကို ထောက်ခံပြီး လူထုကလဲပါဝင်ဆန္ဒပြတယ် လယ်သမားတွေက သူတို့လယ်မြေတွေ မရှုံးဆုံးရအောင် အပြင်းအထန် ကာကွယ်နေတဲ့အချိန်မှာ အစိုးရဟာ စီးပွားရေးကိုခြေမှုန်းလိုက်တာတင်မဟုတ်ဘူး သင်ဟာနိုင်ငံရဲ့ အစားအစာလုံခြုံရေးကိုပါ လက်နက်ချစေလိုက်တာလို့ ဆန္ဒပြသူတွေကဆိုကြတယ်။

ဒီလိုပိတ်ဆို့လိုက်တဲ့အတွက် အသွားအလာတွေ ရပ်ဆိုင်းပြီး ကုန်ပစ္စည်းတွေ မပို့နိုင်တာ ကြောင့် ထိခိုက်နစ်နာမှာ ပေါင်စတာလင် ၈၂ သန်းရှုံးဆုံးသွားခဲ့တယ်။ စတာမာက စစ်တပ်ကတင့်ကားတွေလွှတ်ပြီးလယ်ထွန်စက်တွေကိုတားခိုင်းပေမဲ့မအောင်မြင်ခဲ့ပါဘူး။ ညနေပိုင်းမှာထောင်ပေါင်းများစွားသောလူအုပ်ကြီးကလမ်းမများပေါ်မှာထွက်ဆန္ဒပြကြပြီး ပုလိပ်များနဲ့ထိပ်တိုက်တိုးခဲ့ကြပါတယ်၊ လယ်သမားများနဲ့မတူဘဲ သူတို့က  အခြေချ နေထိုင် သူများ အပေါ် အစိုးရကအားပေးကူညီနေတာကိုဆန့်ကျင်ပြီး  မူဆလင်များ တိုင်းပြည်မှာ များပြားစွာ ဝင်ရောက်လာမှုကို ဆန်ကျင်ကြပြီး မင်းကိုရွေးထားတာ အစ္စလန်တွေ အတွက် မဟုတ်ဘူးဆိုတဲ့ စာတမ်းများကိုကိုင်ဆွဲခဲ့ကြပါတယ်။ သတင်းမီဒီယာတွေက သူတို့ကို လက်ယာစွန်းတွေလို့ အမည်တပ်ခဲ့ပါတယ်။ လယ်ယာမြေတွေဟာတန်ဖိုးရှိပါတယ် ဒါပေမဲ့ဒီမြေယာတွေကထွက်တဲ့ကုန်ပစ္စည်းတွေကဈေးအများကြီးမရကြပါဘူး ဒါကြောင့်သူတို့မိဘဘိုးဘွားတွေကွယ်လွန်တဲ့အခါဒီမြေကြီးကိုဆက်ပြီးပိုင်ဆိုင်နိုင်ဖို့ကြီးလေးတဲ့မြေခွန်ကိုသူတို့ကမပေးနိုင်ကြပါဘူး။

လယ်သမားများနှင့် အစိုးရအကြား အငြင်းပွားသည့် ပြဿနာများ

လယ်သမားများရဲ့ အဓိက တောင်းဆိုချက်များနဲ့ အစိုးရရဲ့ မူဝါဒအပေါ် မကျေနပ်ချက်များမှာ အောက်ပါ အချက်များ ပါဝင်ပါတယ်။

၁။ အဓိက ပြဿနာ – လယ်ယာမြေ အမွေဆက်ခံခွန် (Inheritance Tax on Farmland – IHT)

လယ်သမားများဘက်မှ ကန့်ကွက်ချက်။

အစိုးရက အမွေဆက်ခံခွန် (Inheritance Tax – IHT) မူဝါဒကို ပြောင်းလဲရန် အဆိုပြု ထားခြင်းက လယ်ယာမြေများကို သားသမီး မြေးမြစ်တွေကို အမွေလက်ဆင့်ကမ်းရာမှာ အခွန်နှုန်း မြင့်မားစွာ ပေးဆောင်ရနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်စေပါတယ်။

လယ်သမားအများစုဟာ ပိုင်ဆိုင်မှု (မြေယာ) ချမ်းသာပေမယ့် ငွေသား (Cash) အင်အား နည်းပါးတာကြောင့် ဒီအခွန်ကို ပေးဆောင်ဖို့အတွက် ခြံမြေရဲ့ တစ်စိတ်တစ်ပိုင်းကို ရောင်းချ ရမယ့် အန္တရာယ် ရှိနေပါတယ်။

ဒါက မိသားစုပိုင် လယ်ယာလုပ်ငန်းတွေ ရေရှည် ရပ်တည်ဖို့ ခက်ခဲစေပြီး ဗြိတိန်ရဲ့ စိုက်ပျိုးရေး အနာဂတ်ကို ခြိမ်းခြောက်နေတယ်လို့ ခံယူကြပါတယ်။

အစိုးရဘက်မှ အမြင်/တုံ့ပြန်မှု။

အမွေဆက်ခံခွန် စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်ခြင်းဟာ အခွန်ရှောင်ရှားမှုကို တားဆီးဖို့နဲ့ ပိုမိုမျှတသော အခွန်ကောက်ခံမှု ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုကြပါတယ်။ (သို့သော်နောက်ဆုံး အခြေအနေနှင့် ရှင်းလင်းချက်များ ထပ်မံ လိုအပ်နိုင်ပါသည်။)

၂။ စိုက်ပျိုးရေး မူဝါဒ ပြောင်းလဲမှုများ (Changes in Agricultural Policy)

လယ်သမားများဘက်မှ ကန့်ကွက်ချက်။

ဥရောပသမဂ္ဂ (EU) မှ ထွက်ခွာပြီးနောက် အစိုးရရဲ့ လယ်ယာလုပ်ငန်း ထောက်ပံ့မှု (Subsidy) ပုံစံများ ပြောင်းလဲသွားခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စီမံကိန်းတွေ (ဥပမာ- သစ်ပင်စိုက်ပျိုးရန် သို့မဟုတ် သဘာဝနေထိုင်ရာများအတွက် မြေ ၁၀% ခွဲပေးရခြင်း) ကို မဖြစ်မနေ လိုက်နာရခြင်းတို့ကြောင့် အစားအစာ ထုတ်လုပ်မှု လျှော့ချရမယ့်အပေါ် စိုးရိမ်ကြပါတယ်။

ဒါ့အပြင် ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာခြင်း၊ စူပါမားကတ်တွေရဲ့ ဝယ်ယူမှုပုံစံကြောင့် ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေအတွက် သင့်တင့်သော ဈေးနှုန်း မရရှိခြင်း စတဲ့ ဘဏ္ဍာရေး ဖိအားတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

အစိုးရဘက်မှ အမြင်/တုံ့ပြန်မှု။

အစိုးရရဲ့ မူဝါဒအသစ်တွေဟာ ရေရှည် တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပိုမို ဦးစားပေးဖို့ ရည်ရွယ်တယ်လို့ ရှင်းပြပါတယ်။ သို့သော် လယ်သမား များရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့ စီမံကိန်းများကို ပြန်လည်သုံးသပ်ခြင်းမျိုးလည်း ရှိခဲ့ပါတယ်။

၃။ ဆန္ဒပြခွင့်နှင့် ရဲတပ်ဖွဲ့၏ တားမြစ်ချက် (Protest Right and Police Restriction)

လယ်သမားများဘက်မှ ကန့်ကွက်ချက်။

အချို့သော ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က လန်ဒန်မြို့လယ်ရှိ Whitehall ကဲ့သို့ နေရာများသို့ ထွန်စက်များ ဝင်ရောက်ခြင်းကို တားမြစ်ခဲ့ခြင်းအပေါ် မကျေမနပ် ဖြစ်ခဲ့ကြပြီး ဆန္ဒပြခွင့် အပေါ် ကန့်သတ်သည်ဟု ခံယူခဲ့ကြသည်။

အစိုးရ/ရဲတပ်ဖွဲ့ဘက်မှ အမြင်။

ရဲတပ်ဖွဲ့က ထွန်စက်များ ဝင်ရောက်ပါက မြို့လယ်ခေါင်မှာ အကြီးအကျယ် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်စေနိုင်ခြင်း၊ အရေးပေါ် ဝန်ဆောင်မှုယာဉ်များကို အနှောင့်အယှက် ဖြစ်စေ နိုင်ခြင်းတို့ကြောင့် တားမြစ်ခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။

အနှစ်ချုပ်အားဖြင့် လယ်သမားများက မိသားစုပိုင် လယ်ယာလုပ်ငန်းများ ဆက်လက် ရှင်သန်ရေးကို ခြိမ်းခြောက်နေသော အမွေဆက်ခံခွန် အပြောင်းအလဲနှင့် မမျှတသော စိုက်ပျိုးရေး မူဝါဒများကို အဓိကထား ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ်
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN သတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်များ တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ အရေးကြီးသော အချက်အလက်များကို အောက်ပါအတိုင်း မြန်မာဘာသာ ဖြင့် အနှစ်ချုပ် တင်ပြအပ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက် ၁။ တိုက်ခိုက်ခံရသည့် နေရာများ အီရန်နိုင်ငံ ဆောက်ပါး(South Pars) ဓာတ်ငွေ့သိုက် ။ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး အီရန်နှင့် ကာတာနိုင်ငံတို့ ပူးတွဲပိုင်ဆိုင်သည့် နေရာဖြစ်သည်။ ယင်းနေရာကို အစ္စရေးက တိုက်ခိုက်ခဲ့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အားနည်းနေသည့် အီရန်က စစ်ပွဲကို အဘယ်ကြောင့် ဆက်လက်ဆွဲဆန့်ရန် ကြိုးပမ်းနေသနည်း

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် အီရန်နိုင်ငံသည် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း၊ ဒေသတွင်းအခြေအနေကို မိမိတို့အလိုကျ ပြန်လည်ပုံဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခကို ဆက်လက်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အီရန်စစ်ပွဲ ရပ်တည်ချက်နှင့် ပတ်သက်၍ ထရမ့်က ဗြိတိန်ကို ပြစ်တင်ဝေဖန်နေစဉ်အတွင်း ဘုရင်မင်းမြတ်၏ ခရီးစဉ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 22 Views
CNN- ၂၀၂၅ခုနှစ်၊ မတ်လ ၁၈ရက် လန်ဒန်မြို့ — ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) သည် စည်းကမ်းကြီးပြီး ရှေ့နေပီပီ စကားကို ချင့်ချိန်ပြောဆိုတတ်သူ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ စစ်ပွဲကို ဝေဖန်ခဲ့သည့် ထရမ့်ခန့်အပ်ထားသူ အထင်ကရပုဂ္ဂိုလ်တစ်ဦး၏ ပထမဆုံးသော နုတ်ထွက်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 16 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 109 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်