နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မော်လိုက်ဒေသရှိ ရွာ (၁၃) ရွာကို ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် စစ်ကြောင်းထိုး၊ စစ်ဘေးရှောင်တသောင်းဝန်းကျင်ခန့် တောတောင်ထဲ တိမ်းရှောင်နေကြရ

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ (၂၀) ရက်က စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် မော်လိုက်ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

Photo -CJ – မော်လိုက်ဒေသစစ်ဘေးရှောင်များကိုတွေ့ရစဥ်။


မော်လိုက်ဒေသသည် အင်တာနက်နှင့် ဖုန်းလိုင်းအဆက်သွယ်များ ဖြတ်တောက်ခံထားရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။
မော်လိုက်မြို့နယ်ကို စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းများ​နှင့် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ရွာပေါင်း (၁၃) ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

Photo -CJ – မော်လိုက်ဒေသစစ်ဘေးရှောင်များကိုတွေ့ရစဥ်။


လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဦးရေ တသောင်းခွဲခန့်သည် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရပြီး ဖြစ်သလို တိမ်းရှောင်နေရသည့်အတွက် နေစရာ၊ စားစရာနဲ့ အဝတ်အထည်များနှင့် ကျန်းမာရေး ဆိုင်ရာ ပြုစုစောင့်ရှောက်မှုများလည်း အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

MoeZ/Era’seye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အစ္စလာမ်ဘာသာဝင်အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
မတ်လ (၃၁)ရက်။ အစ္စလာမ်ဘာသာဝင် အများအပြား ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့အပေါ် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ NUG ရဲ့ ဒီကနေ့မှာကျရောက်တဲ့ အီဒွလ်ဖိသ်ရ်နေ့မှာ
မြန်မာသတင်း

ငလျင်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံအဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီသတ်မှတ်

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
မတ်လ (၃၁)ရက်။ အင်အားပြင်းငလျင်ဖြစ်စဉ်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အနေနဲ့ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ
မြန်မာသတင်း

လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထုတ်အောင် စောင့်ကြည့်ဖို့ KNU တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
မတ်လ (၃၁)ရက်။ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ပေးအပ်တဲ့ လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထု‌တ်အောင် စောင့်ကြည့်ဖို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၀၈ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေအတွက် လက်ခံရရှိတဲ့
မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးမှာ ဝိုင်းဝန်းကူညီပေးဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
ငလျင်ကြောင့် စစ်ကောင်းစီဝန်ကြီး ရုံးခန်းပျောက်ပြီး အဆောက်အဦအပြင်ကနေ အစည်းအဝေးတက်ခဲ့ရ မတ်လ (၃၁)ရက်။ မနေ့က ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးကို စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အထူးအရေးပေါ်အစည်းအဝေးမှာ မြန်မာနဲ့ ထိုင်းတို့မှာ
မြန်မာသတင်း

Sky Villa ကွန်ဒို ရှာဖွေကယ်ဆယ်တာ ရပ်နားပေမယ့် မြောက်ဘက်ခြမ်းမှာ ဆက်လုပ်နေ

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 3 Views
မတ်လ (၃၁)ရက်။ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးရှိ Sky Villa ကွန်ဒိုမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားလိုက်ပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်လိုက်တာက တောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းတွေမှာပါ။ အဲ့ဒီဘက်တွေမှာ
မြန်မာသတင်း

နေပြည်တော်မှာ ပိတ်မိနေသူတစ်ဦးကို မြန်မာနဲ့ စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 12 Views
မတ်လ (၃၀) ရက်။ ငလျင်ကြောင့် နေပြည်တော်မှာ ပိတ်မိနေသူတွေကို မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်တင်နေရာ နေပြည်တော် သပြေကုန်းရုပ်ရှင်ရုံ သစ္စာလမ်းရှိ နေအိမ်အတွင်း နာရီ လေးဆယ်ကျော်ကြာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို မနေ့ည
မြန်မာသတင်း

နေပြည်တော်တွင် အပျက်အစီးများကြား နာရီ ၄၀ နီးပါးကြာ ပိတ်မိနေသူတစ်ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 13 Views
မတ်လ (၃၀) ရက်။ မြန်မာနိုင်ငံ၊ နေပြည်တော်မှာ မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က မတ် ၃၀ ရက် မနက် ၅ နာရီမှာ သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးအား ကယ်တင်နိုင်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း အပါအဝင် စစ်ကိုင်းမြိုက ပြိုကျအဆောက်အုံတွေမှာ ပိတ်မိနေတဲ့ ၃၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 11 Views
မတ်လ (၃၀) ရက်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်တွေ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က) (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊