နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြစ်ဆုံဆည်ကို ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မယ်ဆိုပြီး ဒုစစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၁၇)ရက်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားနဲ့ ပြုလုပ်မှာဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က မြစ်ကြီးနားကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစီမံကိန်းအတွက် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေဖို့ တမံအမြင့်နဲ့ ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နဲ့ပတ်သက်ပြီး အဆိုပြုနည်းလမ်း (၆)မျိုးနဲ့ အကြိမ်ကြိမ် ဆွေးနွေးကာ စီးပွားရေးအရ တွက်ချေကိုက်မယ့် အဆိုပြုပုံစံ (၃)ရပ်ကို ဆန်ခါတင် စိစစ်ခဲ့တယ်လို့ ဆိုပါတယ်။

တမံအမျိုးအစားဟာ ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ပြီး တပ်ဆင်စက်အင်အား (၅၆၀၀)မဂ္ဂါဝပ်ကို အသုံးပြုသွားမှာဖြစ်သလို စစ်ကိုင်းပြတ်ရွေ့ကနေ အကွာအဝေး ၃၀ ဒသမ ၉ မီတာရှိ ဇောင်းတူဆည်မှာ မြေသားတမံဖြစ်ကာ ၆မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။

နောက်ပြီး စစ်ကိုင်းပြတ်ရွေ့ကျောပေါ်ရှိ ဖြူးမြို့အနီး ကွန်းရေလှောင်တမံဟာ ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ကာ ၇ ဒသမ ၉ မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ချိန်က တစုံတရာ ချို့ယွင်းတာမရှိခဲ့ဘူးလို့ ဆိုထားပါသေးတယ်။

မြစ်ဆုံတမံ တည်ဆောက်မယ့်နေရာကို အရင်က ၇ ဒသမ ၁ မဂ္ဂနီကျု့နဲ့ တွက်ချက်ထားပေမယ့် မန္တလေးငလျင်ကြီး လှုပ်ခတ်တဲ့ ပမာဏထက် ပိုမိုခံနိုင်ရည်ရှိတဲ့ ဒီဇိုင်းကို Asia Charter Professional Engineer(ACEP)အဖွဲ့က ပညာရှင်တွေနဲ့ အကြံပြုတွက်ချက်ပေးသွားမှာလို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရေအောင်ကြမ်းပြင် ထိန်းညှိတဲ့လုပ်ငန်းကိုပါ ထည့်သွင်းထားပြီး နှစ်စဉ် မြစ်ကြီးနားမြို့ ရေကြီးနစ်မြုပ်တာ‌ကနေ ကင်းရှင်းကာ ဧရာဝတီမြစ်တလျှောက် မြစ်ဝကျွန်းပေါ် ပင်လယ်ဝအထိ နှစ်စဉ် နွေမိုးဆောင်း ရေပြင်အမြင့် (၁၀)မီတာအမြဲရှိပြီး ဧရာဝတီတိုင်းကနေ မြစ်ကြီးနားအထိ သင်္ဘောကြီး/ငယ်တွေ သယ်ယူပို့ဆောင်နိုင်မှာဖြစ်တယ်လို့လဲ ဆက်ပြောပါတယ်။

အဲ့ဒီနောက် ရေအောက်ကြမ်းပြင်ကနေ ထွက်လာတဲ့ နုန်းမြေတွေကိုလဲ ဧရာဝတီမြစ်ဘေးတလျှောက်ရှိ လုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေအတွက် သဘာဝကပေးတဲ့ အဆီအနှစ်ပြည့်ဝတဲ့ မြေဩဇာကို အသုံးပြနိုင်မယ်ဆိုပြီး မက်လုံးပေး‌ပြောဆိုခဲ့ပါသေးတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်တာနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ တတ်ကျွမ်းတဲ့ပညာရှင်တွေက ငလျင်ကြောပေါ် ရှိနေတာကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေနဲ့ပတ်သက်ပြီး အကျေအလည်ဆွေးနွေးတာတွေ ရှိနေတာပါ။

မြစ်ဆုံစီမံကိန်း တည်ဆောက်ဖို့ကို သန်းရွှေလက်ထက်ကထဲကစပြီး ပြင်ဆင်လုပ်ဆောင်ခဲ့ကာ ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ဦးသိန်းစိန်လက်ထက်မှာ ယာယီရပ်နားခဲ့ပြီး အခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်စတင်ဖို့ ကြိုးစားနေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းကလဲ စစ်ကော်မရှင်ဟာ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 25 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ
မြန်မာသတင်း

ဒိုင်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ဖို့တောင်းဆိုတဲ့ နိုင်/ကျဉ်းသူတွေ တိုက်ပိတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 26 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒိုက်ဦးထောင်မှာ အချိန်ကြာမြင့်စွာ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ တိုက်ပိတ်ခံခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 25 Views
ဇန်နဝါရီလ (၃၁)ရက်။ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းဖို့ကနေ ပြည်ထောင်စု အားကောင်းဖို့ကို
မြန်မာသတင်း

မော်လူးဒေသမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေး(၂)ဦးအပါအဝင် (၈)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 25 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ည (၉)နာရီဝန်းကျင်က အင်းတော်မြို့ မော်လူးဒေသရှိ လေဘိုရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ Indaw Revolution-IR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မော်လူးဒေသ လေဘိုရွာကို
မြန်မာသတင်း

မင်းတုန်းမြို့ (၁၂)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 33 Views
စစ်တပ်ရဲ့ လေကြောင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကြောင့် PDF စခန်း အဆောင်အချို့ ပျက်စီးခဲ ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၁၇)ရက်နေ့ကစပြီး မင်းတုန်းမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်ဆက်ပေးပြီး အရေးပေါ်အခြေအနေ ထပ်ကြေညာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 31 Views
ဇန်နဝါရီလ (၃၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ တာဝန်တွေ ဆက်ပေးပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထပ်မံကြေညာထားတယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ် မင်းအောင်လှိုင်ကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေတွေကို ကိုယ်တိုင် ဒါမှမဟုတ်
မြန်မာသတင်း

ထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်အပေါ် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး အရေးယူမယ်လို့ Karenni-IEC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 37 Views
ဖြစ်စဉ်ကြောင့် ကရင်နီလူထုနဲ့ တော်လှန်ရေးအင်အားစုတရပ်လုံးကို တောင်းပန်ထား ဇန်နဝါရီလ (၂၉)ရက်။ ထောင်ဖောက်ထွက်ပြေးတဲ့ဖြစ်စဉ်အပေါ် အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူသွားမယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထွက်ဆိုချက်တွေမှာ ထောင်ဖောက်ထွက်ပြေးဖို့အတွက် အတွင်းအပြင်ချိတ်ဆက်တာတွေကို (၃)လခန့်
မြန်မာသတင်း

ကုလအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီး ကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 42 Views
ဇန်နဝါရီလ (၂၉)ရက်။ ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီကနေ့အထိ ပျက်ကွက်နေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုဟာ မတရားအာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ မြန်မာပြည်သူတရပ်လုံးအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေကို