ဒီဇင်ဘာလ (၁၈)ရက်။
ဒီကနေ့ နံနက် (၃)နာရီ (၄၅)မိနစ်အချိန်က လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ဘုရင့်နောင်လမ်းပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စခတွေ ထိခိုက်တာတွေရှိနိုင်ပေမယ့် အသေးစိတ်အခြေအနေကိုတော့ စုံစမ်းနေပါတယ်” လို့ ဆိုပါတယ်။
လှိုင်မြို့နယ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်း အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်တာတွေရှိနိုင်ပေမယ့် အသေးစိတ်ကို စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနယ်မြေရဲစခန်းဟာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လှုပ်ရှားနေပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီးနှိပ်စက်နေကာ အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် OF အနေနဲ့ အကြမ်းဖက်စစ်တပ်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်ခံမှာမဟုတ်သလို ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေနဲ့ လက်တွဲပြီး အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။








