နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကန်နာဘစ် (ဆေးခြောက်) လုပ်ငန်းရှင်များ၏ တိုက်တွန်းမှုကြောင့် ဆေးခြောက် အမျိုးအစား ပြန်လည်သတ်မှတ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ထရန့်က အမိန့်ဒီကရီ ကို လက်မှတ်ရေးထိုး

CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆေးခြောက် (Marijuana) အား အမျိုးအစား ပြန်လည်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် အမှုဆောင်အမိန့်တစ်ရပ်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းမှာ ဆေးဘက်ဆိုင်ရာ အသုံးချမှု အတွက် သုတေသနလုပ်ငန်းများကို တိုးမြှင့်ရန် ကြိုးပမ်းချက်ဖြစ်သော်လည်း အပြည့်အဝ တရားဝင်ခွင့်ပြုပေးခြင်း (Legalization) မဟုတ်ပေ။

“ ဒီလို အမျိုးအစား ပြန်လည်သတ်မှတ်ပေးတဲ့ အမိန့်ဟာ ဆေးခြောက်နဲ့ ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာ သုတေသနတွေ လုပ်ရတာကို ပိုပြီးလွယ်ကူစေမှာပါ။ ဒါမှလည်း ယင်းရဲ့ အကျိုးကျေးဇူးတွေ၊ ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ နောင်မှာ ကုသနိုင်မယ့် နည်းလမ်းတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်” ဟု ထရန့်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် ပြောကြားခဲ့သည်။ “ ဒါဟာ အလွန်ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာမှာပါ”

ဖက်ဒရယ်အစိုးရ၏ ကန့်သတ်ချက်များကို လျှော့ချရန် ရှေ့နေချုပ် ပမ်ဘွန်ဒီ (Pam Bondi) အား လုပ်ငန်းစဉ်များ အရှိန်မြှင့်တင်ရန် ညွှန်ကြားထားသည့် ထိုအမိန့်တွင် အချိန်ကာလ အတိအကျကိုမူ ဖော်ပြထားခြင်း မရှိပေ။ ယင်းအမိန့်သည် ကန်နာဘစ်လုပ်ငန်းရှင်များ၏ ပြင်းထန်သော တိုက်တွန်းနှိုးဆော်မှုများ (Lobbying) နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီကို လာရောက်တောင်းဆိုကြတဲ့သူတွေဟာ တခြား ဘယ်ကိစ္စထက်မဆို ပိုများပါတယ်” ဟု ထရန့်က ဆိုသည်။

လက်ရှိတွင် ဆေးခြောက်ကို ဟီးရိုးအင်း၊ LSD နှင့် စိတ်ကြွဆေးများကဲ့သို့ပင် ဆေးဘက်ဆိုင်ရာ အသုံးပြုရန် လက်ခံနိုင်စရာ မရှိသော အဆင့် ၁ (Schedule 1) မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) အရ သိရသည်။ ယခုအခါ ၎င်းကို “ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှု ဖြစ်နိုင်ခြေ နည်းပါးသော” အဆင့် ၃ (Schedule 3) ဆေးဝါးအဖြစ် ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်သည်။

“ သေချာစွာ စီမံခန့်ခွဲမယ်ဆိုရင် ဆေးခြောက်ဟာ ဆေးဘက်ဆိုင်ရာမှာ အကျိုးရှိနိုင်တယ် ဆိုတာကို ဖက်ဒရယ်အစိုးရအနေနဲ့ အသိအမှတ်ပြုရမှာပါ။ အချို့ကိစ္စတွေမှာ စွဲလမ်း စေတတ်ပြီး အသက်အန္တရာယ်ရှိတဲ့ အိုပီယွိုက် (Opioid) အကိုက်အခဲပျောက်ဆေးတွေအစား အစားထိုး အသုံးပြုနိုင်ပါတယ်” ဟု ထရန့်က ပြောကြားကာ ဤလုပ်ဆောင်ချက်မှာ “ ကျိုးကြောင်းဆီလျော်မှုရှိသည့် လုပ်ရပ်” ဟု ခေါ်ဆိုခဲ့သည်။

အမေရိကန် ပြည်နယ်အတော်များများတွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားပြီး ဖြစ်သော်လည်း၊ ထရန့်၏ လုပ်ဆောင်ချက်သည် ဖက်ဒရယ်အဆင့်တွင် အပြည့်အဝ တရားဝင်ဖြစ်စေခြင်း မဟုတ်ပေ။ ယခုအမိန့်သည် ပျော်ရွှင်မှုအတွက် အသုံးပြုသော (Recreational) ဆေးခြောက်အပေါ် သက်ရောက်မှုမရှိသလို၊ ရာဇဝတ်မှုဆိုင်ရာ ဥပဒေပြောင်းလဲမှုများလည်း မပါဝင်ပေ။

ထို့အပြင် နောက်ဆုံးထွက်ရှိထားသော အစိုးရရန်ပုံငွေ ဥပဒေတွင် THC (စိတ်ကြွစေသော ဓာတ်) ၀.၄ မီလီဂရမ်ထက် ပိုပါသော ထုတ်ကုန်များကို ကန့်သတ်ထားရာ၊ ယင်းကို ပြန်လည် ပြင်ဆင်ရန် အိမ်ဖြူတော်နှင့် လွှတ်တော်တို့ ပူးပေါင်းဆောင်ရွက်သွားရန်လည်း အမိန့်တွင် ဖော်ပြထားသည်။ ယင်းသည် CBD (ဆေးဘက်ဆိုင်ရာဓာတ်) အားပေးသူများ၊ လျှော်ပင် (Hemp) စိုက်ပျိုးသူများနှင့် CBD ကို အားကိုးနေရသော လူနာများအတွက် သတင်းကောင်း တစ်ခု ဖြစ်သည်။

ဆေးဝါးသုတေသနအတွက် အထိမ်းအမှတ် ခြေလှမ်းတစ်ခု

ဤအမိန့်သည် ဆေးဝါးသုတေသနအတွက် အထိမ်းအမှတ် ခြေလှမ်းတစ်ခု ဖြစ်သော်လည်း ဆေးခြောက်ပင် စိုက်ပျိုးခြင်း၊ အသုံးချမှုကို လေ့လာခြင်း သို့မဟုတ် တရားဝင် လုပ်ငန်းစတင်ခြင်းတို့တွင်မူ လုပ်ထုံးလုပ်နည်း အခက်အခဲများစွာ ကျန်ရှိနေသေးကြောင်း ပညာရှင်များက ထောက်ပြသည်။

“ ဆေးခြောက်ကို အဆင့် ၃ ဆေးဝါးတွေလိုပဲ သတ်မှတ်မယ်လို့ ယူဆရပေမဲ့၊ လက်တွေ့မှာ တခြားဆေးတွေလို ဖြစ်မလာနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေပါသေးတယ်” ဟု မူးယစ်ဆေးဝါးမူဝါဒ မဟာမိတ်အဖွဲ့မှ ရှေ့နေ Cat Packer က ဆိုသည်။

ဝေဖန်သူများကမူ ဆေးခြောက်ကို အမျိုးအစား ပြောင်းလဲသတ်မှတ်လိုက်ခြင်းသည် ၎င်းကို ဘေးကင်းသည်ဟု မှားယွင်းသော အချက်ပြမှုကို ပေးနိုင်ကြောင်း သတိပေးထားကြသည်။ “ ဒါဟာ စီးပွားရေးသမားတွေရဲ့ လောဘအပေါ်မှာပဲ အခြေခံတာပါ။ လုပ်ငန်းရှင်တွေအတွက် အခွန်သက်သာခွင့်တွေ အများကြီး ရသွားစေမှာပါ” ဟု Smart Approaches to Marijuana (SAM) ဥက္ကဋ္ဌ Kevin Sabet က ဝေဖန်ခဲ့သည်။

ကန်နာဘစ် လုပ်ငန်းရှင်များအတွက် သတင်းကောင်းဖြစ်သော်လည်း စိန်ခေါ်မှုများရှိနေ

ကန်နာဘစ် လုပ်ငန်းရှင်များသည် ယခုနှစ်အတွင်း ထရန့်အား သြဇာလွှမ်းမိုးနိုင်ရန် လော်ဘီလုပ်ငန်းများအတွက် ဒေါ်လာ သန်းနှင့်ချီ အသုံးပြုခဲ့ကြသည်။ ရွေးကောက်ပွဲ ကာလအတွင်းတွင်လည်း ထရန့် လိုလားသော အဖွဲ့အစည်းများသို့ သိသာထင်ရှားသော အလှူငွေများ ထည့်ဝင်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။

ဆေးခြောက်လုပ်ငန်းရှင်များအတွက် အကြီးမားဆုံး အခက်အခဲမှာ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ အသုံးပြုခွင့် မရခြင်းနှင့် အဆင့် ၁ မူးယစ်ဆေးအဖြစ် သတ်မှတ်ခံထားရ သဖြင့် ပုံမှန်လုပ်ငန်းများကဲ့သို့ အခွန်သက်သာခွင့် မရရှိခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ယခု အမျိုးအစား ပြောင်းလဲသတ်မှတ်ခြင်းသည် “ ကန်နာဘစ် လုပ်ငန်းရှင် အားလုံးအတွက် အကြီးမားဆုံးသော ခရစ္စမတ် လက်ဆောင်” ဖြစ်နိုင်ကြောင်း အခွန်မူဝါဒဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ ကြာသပတေးနေ့တွင် အိမ်ဖြူတော်၏ Oval ရုံးခန်း၌ လက်မှတ်ရေးထိုးသည့် အမိန့်တစ်ရပ်အတွင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားနေစဉ်။ Evan Vucci/AP (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော