နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ပြုပြင်ပြောင်းလဲရေး လူထုထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့သက်သေပြမယ်လို ယာယီသမ္မတပြော

ဒီဇင်ဘာလ (၁၉)ရက်။

NUG ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လူထရဲ့ထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့သက်သေပြဖို ကြိုးစားမယ်လို ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။

“ အစိုးရအဖွဲပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာ ကို ကျွန်တော်တို သိပါတယ်။ ကျွန်တော်တိုအနေနဲ့လဲ များပြားစုံလင်တဲ့ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ အဖွဲအစည်းပေါင်းစုကို လက်တွေ့ကျကျ ဆွဲစုပြီး၊ အရှိပကတိကို အခြေခံပြီး ပြုပြင်ပြောင်းလဲရေး လုပ်ရတာဖြစ်တာကြောင့်၊ အကန့်အသတ်တွေရှိပါတယ်။ အဲ့ဒီလို အကန့်အသတ်တွေကြားထဲမှာ အလုပ်ဖြစ်အောင် လုပ်ရသလို တော်လှန်ရေးရဲ့ မူလရည်မှန်းချက်ကိုလဲ သွေဖယ်မသွားအောင် အထူးဂရုစိုက်ပြီး လုပ်ခဲ့ကြရပါတယ်” လို ဆိုပါတယ်။

အခုပြုပြင်ပြောင်းလဲရေးဟာ အစုအဖွဲအားလုံးရဲ့ စိတ်ကြိုက် ဖြစ်ချင်မှဖြစ်မှာဖြစ်ပြီး နိုင်ငံရေးမှာလဲ အားလုံးဆန္ဒနဲ့ တစ်ထပ်ထဲကျတယ်ဆိုတာမျိုး မရှိကာ အများစုရဲ့ဆန္ဒနဲ့ စစ်မှန်တဲ့ ပြည်သူလူထုရဲ့ဆန္ဒနဲ့ အနီးစပ်ဆုံးဖြစ်ဖိုသာ အရေးကြီးဆုံးဖြစ်တယ်လို ပြောဆိုထားပါတယ်။

နောက်ပြီး ဒီပြုပြင်ပြောင်းလဲရေးဟာ ပထမခြေလှမ်းသာဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲရေးအဆင့်တချို ကျန်နေသေးကာ ပိုမိုကျယ်ပြန့်တဲ့ အမျိုးသားညီညွှတ်ရေးကို တည်ဆောက်ဖိုနဲ့ အစိုးရရဲ့ စွမ်းဆောင်ရည်ကို ကျစ်လစ်ထိရောက်စေဖို ရည်ရွယ်တယ်လို သိရပါတယ်။

ဒါ့အပြင် CRPH အနေနဲ့လဲ တော်လှန်ရေးအင်အားစုအချင်းချင်း လက်တွဲချိတ်ဆက်မှုကို တဖန်အားစိုက်ပေးဖို ယာယီသမ္မတက ထပ်မံတိုက်တွန်းထားသလို NUG အနေနဲ့ Federal Supreme Council ထွက်ပေါ်လာနိုင်ဖို အထူးအားစိုက်နေတယ်လို ‌‌ဆိုပါတယ်။

ယာယီသမ္မတရဲ့ မိန့်ခွန်းထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေအနေနဲ့ စိန်ခေါ်ချက်တချိုကို သယ်လာနိုင်တာကို သတိရှိရှိနဲ့ အမြော်အမြင်ကြီးကြီး ရှုမြင်ပြီးတော့ နိုင်ငံရေးလက်ဦးမှုရယူနိုင်ဖို ကြိုတင်ပြင်ဆင်ထားဖို တိုက်တွန်းခဲ့တယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 22 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested
မြန်မာသတင်း

ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက် ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 26 Views
စစ်တပ်ဘက်က လက်နက်မျိုးစုံ (၂၀၀)ခန့် ပျက်စီးခဲ့ပြီး (၄)ဦးသေဆုံးခဲ့ ဧပြီလ (၂၉)ရက်။ ဧပြီလ (၁၉)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ(၃၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အရောတော်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဒဏ်ရာရတဲ့ ပျူစောထီးမိသားစုကို ပကဖက ကယ်ဆယ်စောင့်ရှောက်ထား

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 18 Views
ဧပြီလ (၂၉)ရက်။ အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သလဲဘာရွာ ပြည်သူ့စစ်ရဲဘော် ငလင်းရဲ့ ဇနီးနဲ့ ကလေးငယ်တဦးဟာ အရာတော်ဒေသ တိုက်ပွဲထဲ စစ်တပ်ရဲ့
မြန်မာသတင်း

နွားထိုးကြီးနယ် ထိတွေ့တိုက်ပွဲထဲ စစ်တပ်ဘက်က (၂၀)ဦးခန့် ‌သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 36 Views
ဧပြီလ (၂၉)ရက်။ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ခံစပ်ကုန်း(န)ရွာကနေ အင်အား
မြန်မာသတင်း

CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 30 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၇)ရက်နေ့ နံနက် (၈)နာရီအချိန်မှာ CRPH နဲ့ NUG ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီတို့ ဗီဒီယိုကွန်ဖရင့်ကတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက လက်ရှိနိုင်ငံရေးနဲ့
မြန်မာသတင်း

မောတောင်မြိုပေါ်ကို စစ်တပ်က တရက်ထဲ ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချ၊ အရပ်သားဇနီးမောင်နှံ (၂)ဦး ထိမှန်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 27 Views
ဧပြီလ (၂၈)ရက်။ မနေ့က မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုအချိုကို စစ်တပ်က ပေါင် (၃၀၀)ဗုံး (၁၂)လုံးခန့် ကြဲချခဲ့တယ်လို KNU ရဲ့ ထုတိပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မယ်ဝါး(သဲဖြူ)ကျေးရွာအုပ်စုထဲကို (၂)ကြိမ်နဲ့ မောတောင်မြိုပေါ်ရှိ ရပ်ကွက်တွေထဲကို
မြန်မာသတင်း

(၅)နှစ်တာထဲ တိုက်ပွဲပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်အထိ တိုက်ခိုင်နိုင်ခဲ့တယ်လို SAF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 32 Views
ဧပြီလ (၂၈)ရက်။ (၅)နှစ်တာထဲ တိုက်ပွဲကြီး/ငယ် စုစုပေါင်း (၁၀၀)ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်ခန့် အထိ  တိုက်ခိုက်နိုင်ခဲ့တယ်လို ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ မနေ့က တပ်တည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ မြိုသိမ်းစစ်ဆင်ရေး (၂)ကြိမ်နဲ့ ဗျူဟာကုန်းသိမ်းတိုက်ပွဲ