နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦး မော်စကိုတွင် ကားဗုံးဖြင့် လုပ်ကြံခံရ၊ စစ်ဘက်အရာရှိကြီးများအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်

ရုရှားဗိုလ်ချုပ်တစ်ဦးသည် မော်စကိုမြို့တွင် ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့ပြီး၊ ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် အဆင့်မြင့်စစ်ဘက်အရာရှိအား လုပ်ကြံသတ်ဖြတ်မှုမှာ ယူကရိန်း၏လက်ချက်ဖြစ်ကြောင်း တာဝန်ရှိသူများက လက်ညှိုးထိုးထားကြသည်။

တပ်မတော်၏ စစ်ဆင်ရေးလေ့ကျင့်ရေးဌာနကို ဦးစီးနေသူ ဒုတိယဗိုလ်ချုပ်ကြီး ဖာနေးလ် ဆာဗာရော့ဗ် (Lt. Gen. Fanil Sarvarov) သည် တနင်္လာနေ့နံနက်ပိုင်းက ၎င်း၏ကား အောက်ခြေ တွင် တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုကြောင့် သေဆုံး ခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေအမျိုးမျိုးကို လိုက်လံစုံစမ်းနေပါတယ်။ ယူဆချက်တစ်ခုကတော့ ဒီရာဇဝတ်မှုဟာ ယူကရိန်း အထူးစစ်ဆင်ရေးအဖွဲ့တွေက စီစဉ်ခဲ့တာဖြစ်နိုင်တယ်ဆိုတာပါပဲ” ဟု အဆိုပါကော်မတီက ဆက်လက်ပြောကြားသည်။

ဗိုလ်ချုပ်ဆာဗာရော့ဗ် သေဆုံးမှုနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံသို့ အထူးသတင်းပေးပို့ရေးလမ်းကြောင်းများမှတစ်ဆင့် “ချက်ချင်းအကြောင်းကြား ခဲ့ပြီး ဖြစ်သည်” ဟု ကရင်မလင်နန်းတော်က ဆိုသည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း၊ ယူကရိန်း လုံခြုံရေးအဖွဲ့များ၏လက်ချက်ဟု ယူဆရသော မော်စကိုမြို့အတွင်း ပေါက်ကွဲမှုများ သို့မဟုတ် သေနတ်ဖြင့်ပစ်ခတ်မှုများကြောင့် ထင်ရှားကျော်ကြားသည့် ရုရှားနိုင်ငံသား အများအပြား သေဆုံးခဲ့ရသည်။

ရုရှားအစိုးရပိုင်မီဒီယာက တနင်္လာနေ့တွင် ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းအရ မော်စကိုမြို့ရှိ လူလတ်တန်းစားများနေထိုင်ရာ ရပ်ကွက်တစ်ခုရှိ ကားပါကင်တွင် ပြင်းထန်စွာ ပျက်စီး နေသည့် မော်တော်ယာဉ်တစ်စီးကို တွေ့ရှိရသည်။

အသက် ၅၆ နှစ်အရွယ်ရှိ ဆာဗာရော့ဗ်သည် လေ့ကျင့်ရေးဌာန၏ အကြီးအကဲအဖြစ် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း TASS သတင်းဌာနက ဖော်ပြသည်။ ၎င်းသည် ယခင်က ရုရှားတပ်ဖွဲ့များ အာဆတ်အစိုးရကို ကူညီပေးခဲ့သည့် “ဆီးရီးယား စစ်ဆင်ရေးကို စီစဉ်ခြင်းနှင့် လုပ်ဆောင်ခြင်းလုပ်ငန်းများကို တာဝန်ယူခဲ့သူ” လည်း ဖြစ်သည်။

လတ်တလော အခြားသေဆုံးမှုများ

မော်စကိုမြို့တွင် လုပ်ကြံခံရသည့် အခြားအဆင့်မြင့်စစ်အရာရှိများထဲတွင် စစ်ဦးစီးဌာနချုပ်၊ အဓိကစစ်ဆင်ရေးဌာန၏ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရာရိုဆလပ်ဗ် မော့စကာလစ် (Lt. Gen. Yaroslav Moskalik) လည်း ပါဝင်ပြီး၊ ၎င်းသည် ပြီးခဲ့သည့် ဧပြီလက မော်စကိုမြို့အနီးတွင် ကားဗုံးတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 37 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 47 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)