နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း၏ နောက်ဆုံးငြိမ်းချမ်းရေးအစီအစဉ်တွင် ဇလန်းစကီးက စစ်မဲ့ဇုန်များဖန်တီးရန် အဆိုပြု

BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် အရှေ့ပိုင်းဒေသများမှ ယူကရိန်းတပ်ဖွဲ့များ ရုပ်သိမ်းပေးနိုင်ခြေနှင့် ထိုနေရာများတွင် စစ်မဲ့ဇုန် (Demilitarised Zone) များ ဖန်တီးရန် ပါဝင်သော အဆင့်မြှင့်တင်ထားသည့် ငြိမ်းချမ်းရေးအစီအစဉ် အသေးစိတ်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖလော်ရီဒါပြည်နယ်တွင် အမေရိကန်နှင့် ယူကရိန်း သံတမန် များ သဘောတူညီခဲ့ကြသည့် အချက် ၂၀ ပါ အစီအစဉ်အသေးစိတ်ကို ဇလန်းစကီး က ရှင်းလင်းပြောကြားခဲ့ပြီး၊ အမေရိကန်ဘက်က ရုရှားနှင့် ဆွေးနွေးပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရုရှားဘက်မှ တုံ့ပြန်လာလိမ့်မည်ဟု ဆိုသည်။

ဤအစီအစဉ်ကို “ စစ်ပွဲအဆုံးသတ်ရေးအတွက် အဓိကမူဘောင်” ဟု ဖော်ပြခဲ့ပြီး၊ ရုရှားက ယူကရိန်းကို ထပ်မံကျူးကျော်လာပါက အမေရိကန်၊ နေတိုး (Nato) နှင့် ဥရောပနိုင်ငံများက ပူးပေါင်းစစ်ရေးတုံ့ပြန်မှုပေးရန် လုံခြုံရေးအာမခံချက်များလည်း ထိုအစီအစဉ်တွင် ပါဝင် သည်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ် (Donbas) ဒေသနှင့်ပတ်သက်သည့် အဓိကမေးခွန်းအတွက် ဇီလန်းစကီးက “ လွတ်လပ်သော စီးပွားရေးဇုန်” (Free economic zone) တစ်ခု ဖန်တီးခြင်းမှာ ဖြစ်နိုင်ခြေရှိသော ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် တပ်ရုပ်သိမ်းရန် သဘောမတူသော်လည်း အမေရိကန်ညှိနှိုင်းရေးမှူး များက စစ်မဲ့ဇုန် သို့မဟုတ် လွတ်လပ်သော စီးပွားရေးဇုန်တစ်ခု တည်ထောင်ရန် ကြိုးပမ်းနေကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ယူကရိန်းတပ်ဖွဲ့များ ရုပ်သိမ်းပေးရမည့် မည်သည့်နယ်မြေမဆို ယူကရိန်းရဲတပ်ဖွဲ့ကသာ ကိုင်တွယ် ထိန်းသိမ်း ရမည်ဟု ၎င်းက အလေးပေးပြောဆိုခဲ့သည်။

“ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်၊ စစ်ပွဲကို ဆက်တိုက်မလား၊ ဒါမှမဟုတ် ဖြစ်နိုင်ခြေရှိတဲ့ စီးပွားရေးဇုန်တွေနဲ့ ပတ်သက်ပြီး တစ်ခုခု ဆုံးဖြတ်မလား ဆိုတာပါပဲ” ဟု ဇလန်းစကီးက ဆိုသည်။

ယခု အချက် ၂၀ ပါ အစီအစဉ်သည် လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က အမေရိကန် သံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ရုရှားတို့ သဘောတူခဲ့သည့် မူလ အချက် ၂၈ ပါ စာတမ်းကို အဆင့်မြှင့်ထားခြင်းဖြစ်သည်။ မူလစာတမ်းမှာ ကရင်မလင်၏ တောင်းဆိုချက် များဘက်သို့ များစွာယိမ်းနေသည်ဟု ဝေဖန်ခံခဲ့ရသည်။

ရုရှားဘက်ကမူ ငြိမ်းချမ်းရေးအတွက် ယူကရိန်းအရှေ့ပိုင်း ဒိုးနက် (Donetsk) ဒေသ၏ လေးပုံတစ်ပုံနီးပါးမှ ယူကရိန်းတပ်များ ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။ ကျန်ရှိသော ဒေသများကိုမူ ရုရှားက သိမ်းပိုက်ထားပြီးဖြစ်သည်။

နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ထိရှလွယ်သောကိစ္စရပ်များကို “ ခေါင်းဆောင်များအဆင့်” တွင် ဖြေရှင်းရမည်ဖြစ်သော်လည်း၊ မူကြမ်းသစ်သည် ယူကရိန်းအတွက် ခိုင်မာသော လုံခြုံရေး အာမခံချက်များနှင့် စစ်အင်အား ၈၀၀,၀၀၀ အထိ ထားရှိခွင့်ပေးမည်ဟု ဇီလန်းစကီးက ရှင်းပြသည်။

နယ်မြေဆိုင်ရာ အပေးအယူများ

အဆင့်မြှင့်တင်ထားသော အစီအစဉ်အများစုမှာ မကြာသေးမီက ဘာလင်မြို့တွင် အမေရိကန်ညှိနှိုင်းရေးမှူးများဖြစ်သော ဝစ်ကော့ဖ်၊ ဂျာရက် ကွတ်ရှ်နာ (Jared Kushner) တို့နှင့် ယူကရိန်း၊ ဥရောပခေါင်းဆောင်များအကြား ဆွေးနွေးမှုများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့နောက် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မိုင်ယာမီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အဖွဲ့သည် ရုရှားသံတမန် ကီရေးလ် ဒီမီထရီယက်ဗ် (Kirill Dmitriev) နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီးနောက် ယူကရိန်းနှင့် ဥရောပအရာရှိများနှင့် ထပ်မံတွေ့ဆုံခဲ့ကြသည်။

နယ်မြေကိစ္စနှင့် ပတ်သက်၍ ယခုအခါ ပိုမိုအသေးစိတ်ကျလာသော်လည်း ယူကရိန်းဘက်က အမေရိကန်နှင့် တူညီသော သဘောထားတစ်ခုမရရှိသေးသည်မှာ ထင်ရှားသည်။

ယူကရိန်းက ဒိုးနက်ဒေသတွင် လက်ကျန် ယူကရိန်းထိန်းချုပ်နယ်မြေ ၂၅ ရာခိုင်နှုန်းအတွင်း၌ စီးပွားရေးဇုန်ဖန်တီးရန် လက်နက်ကြီးများကို ၅ ကီလိုမီတာ၊ ၁၀ ကီလိုမီတာ သို့မဟုတ် ၄၀ ကီလိုမီတာအထိ နောက်ဆုတ်ပေးမည်ဆိုပါက ရုရှားဘက်ကလည်း ထိုအတိုင်းပင် အချိုးကျ ပြန်လည်ဆုတ်ခွာပေးရမည်ဟု ဇလန်းစကီးက ဆိုသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဒိုးနက်ဒေသအတွက် အဆိုပြုထားသည့် ဤညှိနှိုင်းမှုမျိုးကို စိတ်ဝင်စားဖွယ်မရှိပေ။ ယူကရိန်းတပ်များ ရုပ်သိမ်းမပေးပါက ယူကရိန်းအရှေ့ပိုင်းတစ်ခုလုံးကို အင်အားသုံး၍ သိမ်းပိုက်မည်ဟု ၎င်းက ယခုလအတွင်း ပြောကြားထားသည်။

သို့သော်လည်း ထရန့်သည် လေးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် တွန်းအားပေးနေပြီး၊ ရုရှားအနေဖြင့် အမေရိကန်၏ အစီအစဉ်ကို ငြင်းပယ်ရန် မတတ်နိုင်ဟု ယူကရိန်းသမ္မတက ယုံကြည်နေသည်။

“ သူတို့က သမ္မတထရန့်ကို ‘ကြည့်ပါဦး၊ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဖြေရှင်းတာကို ဆန့်ကျင်တယ်’ လို့ ပြောလို့မရဘူး” ဟု ဇလန်းစကီးက သတင်းထောက်များကို ပြောသည်။ “ အကယ်၍ သူတို့က အရာအားလုံးကို နှောင့်ယှက်ဖို့ ကြိုးစားရင် သမ္မတထရန့်က ကျွန်တော်တို့ကို လက်နက်တွေ အများကြီးတပ်ဆင်ပေးပြီး သူတို့အပေါ် ဖြစ်နိုင်သမျှ ပိတ်ဆို့မှုတွေ အကုန်လုပ်ပါလိမ့်မယ်။”

ဒိုးနက်တွင် လွတ်လပ်သော စီးပွားရေးဇုန် တည်ထောင်ပါက ယူကရိန်း၏ စီမံခန့်ခွဲမှုနှင့် ရဲတပ်ဖွဲ့အောက်တွင်သာ ရှိရမည်ဖြစ်ပြီး “ ရုရှားရဲတပ်ဖွဲ့ရဲ့ လက်အောက်မှာ လုံးဝမဖြစ်စေရဘူး” ဟု ဇလန်းစကီးက ပြတ်သားစွာ ပြောကြားခဲ့သည်။ လက်ရှိ ရှေ့တန်းစစ်မျက်နှာသည် စီးပွားရေးဇုန်၏ နယ်နိမိတ်ဖြစ်လာမည်ဖြစ်ပြီး ရုရှားတို့ ကျူးကျော်ဝင်ရောက်ခြင်း မရှိစေရန် နိုင်ငံတကာတပ်ဖွဲ့များက စောင့်ကြည့်ရမည်ဖြစ်သည်။

အဓိက အချက်အလက်များနှင့် နောက်ဆက်တွဲများ

ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုလုံးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ (Referendum) ကျင်းပရန် လိုအပ်မည်ဖြစ်ပြီး ဒွန်ဘတ်စ်တွင် စီးပွားရေးဇုန် ဖန်တီးမည့်ကိစ္စကိုလည်း ပြည်သူ့ဆန္ဒခံယူပွဲ ကသာ ဆုံးဖြတ်နိုင်မည်ဟု ဇလန်းစကီးက ဆိုသည်။

ထို့အပြင် လက်ရှိရုရှားသိမ်းပိုက်ထားသော ဇာပိုရစ်ရှား (Zaporizhzhia) နျူကလီးယား စက်ရုံဝန်းကျင်တွင်လည်း စီးပွားရေးဇုန်တစ်ခု တည်ထောင်ရမည်ဖြစ်ပြီး၊ ရုရှားတပ်များသည် ဒီနီပရိုပက်ထရော့ဗ်စကီး (Dnipropetrovsk)၊ မိုင်ကိုလေ့ဗ် (Mykolaiv)၊ ဆူမီ (Sumy) နှင့် ခါကိဗ် (Kharkiv) ဒေသများမှလည်း ရုပ်သိမ်းပေးရမည်ဖြစ်သည်။

နျူကလီးယားစက်ရုံအတွက် လက်ရှိအမေရိကန်၏ အဆိုပြုချက်မှာ ယူကရိန်း၊ အမေရိကန် နှင့် ရုရှားတို့ ပူးတွဲလည်ပတ်ရန်ဖြစ်သော်လည်း ကိဗ် (Kyiv) အစိုးရက ထိုအချက်ကို သဘောမတူကြောင်း ဇလန်းစကီးက ပြောသည်။

အစီအစဉ်၏ အဓိကအချက်များမှာ –

ယူကရိန်း၏ အချုပ်အခြာအာဏာကို ပြန်လည်အတည်ပြုရန်။

ရုရှားနှင့် ယူကရိန်းအကြား ကျူးကျော်ခြင်းမပြုရန် ကတိကဝတ်ပြုပြီး စောင့်ကြည့်ရေးစနစ် ထားရှိရန်။

နေတိုး၏ အပိုဒ် (၅) နှင့် ဆင်တူသော ခိုင်မာသည့် လုံခြုံရေးအာမခံချက်များပေးရန်။

ငြိမ်းချမ်းရေးကာလတွင် ယူကရိန်းကို စစ်အင်အား အများဆုံး ၈၀၀,၀၀၀ အထိ ထားရှိခွင့်ပြုရန်။

လုံခြုံရေးအာမခံချက်များအတွက် အပြန်အလှန်အနေဖြင့် အမေရိကန်သို့ လျော်ကြေးပေးရန် အစီအစဉ်ကိုမူ ဆွေးနွေးနေဆဲဖြစ်သဖြင့် လတ်တလော စာတမ်းတွင် ထည့်သွင်းထားခြင်း မရှိသေးပေ။

ထူးခြားချက်မှာ မူလ အချက် ၂၈ ပါ အစီအစဉ်တွင် ပါဝင်ခဲ့သည့် “ ယူကရိန်း နေတိုးမဝင်ရ” ဆိုသည့်အချက် ယခုမူကြမ်းတွင် မပါဝင်တော့ပေ။ ထို့အပြင် ယူကရိန်းအား ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်ခွင့်ရမည့်ရက်စွဲကို အတိအကျသတ်မှတ်၍ ပါဝင်ခွင့်ပြုရန် အဆိုပြုထားသည်။

စီးပွားရေးအရ အမေရိကန်နှင့် ဥရောပတို့ ပါဝင်သော ဒေါ်လာ ဘီလီယံ ၂၀၀ ခန့်ရှိသည့် ယူကရိန်းရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတစ်ရပ် ထူထောင်ရန်လည်း အစီအစဉ်ရှိသည်။ အခြားအချက်တစ်ချက်မှာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပရန်ဖြစ်သည်။ ယူကရိန်းတွင် လက်ရှိ စစ်အုပ်ချုပ်ရေး ကြေညာထား သော်လည်း ရုရှားနှင့် အမေရိကန်နှစ်ဖက်စလုံးက ရွေးကောက်ပွဲကျင်းပရန် တွန်းအား ပေးနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 31 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 24 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ ဖြစ်ပေါ်လာစေမည့် “ ကမ္ဘာပျက်ကိန်း” သတိပေးချက်ကို ရင်ဆိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်ထားသည့်