နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန်

ပါကစ္စတန်မြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး ၃၁ ဦး သေဆုံး

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်။

ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦးကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

၎င်းသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက အနောက်မြောက်ပိုင်းရှိ ပရှဝါမြို့ (Peshawar) ဗလီတစ်ခုတွင် လူတစ်ရာကျော် သေဆုံးခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နောက်ပိုင်း နိုင်ငံအတွင်း အသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်သည်။

“ကျွန်တော်တို့ ဝတ်ပြုဆုတောင်းပွဲ စတင်ကာရှိသေးတယ်၊ သေနတ်ပစ်ခတ်သံတွေ ကြား လိုက်ရပြီးနောက် ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတာပဲ” ဟု အသက် ၄၇ နှစ် အရွယ် ဝတ်ပြုသူ ဆယဒ် အာမီယာ ဟူစိန် ရှား (Syed Ameer Hussain Shah) က CNN သို့ ပြောကြားခဲ့သည်။

“ကျွန်တော်လည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗလီခန်းမထဲမှာ ဝတ်ပြုသူ ၄၀၀ ကျော်နဲ့ ပြည့်နေတာပါ”

ပါကစ္စတန်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း စစ်သွေးကြွလှုပ်ရှားမှုများ မြင့်တက် လာခြင်းကို ကြုံတွေ့နေရသော်လည်း လုံခြုံရေးတင်းကျပ်ထားသည့် မြို့တော်တွင်မူ တိုက်ခိုက်မှုများ ဖြစ်ခဲလှသည်။ နိုဝင်ဘာလအတွင်းက အစ္စလာမ္မာဘတ်တွင် လူ ၁၂ ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုသည် မြို့တော်၌ ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်း ဖြစ်ပွားခဲ့သော အသေအပျောက်အများဆုံး အသေခံတိုက်ခိုက်မှု ဖြစ်ခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြင်ကွင်းများတွင် ဖန်ကွဲစများနှင့် အပျက်အစီးများကြား ဗလီကြမ်းပြင်ပေါ်၌ သွေးအိုင်ထဲတွင် လဲလျောင်းနေသော ရုပ်အလောင်းများကို တွေ့ရသည်။

“ဒါဟာ ကျွန်တော့်ဘဝမှာ တစ်ခါမှ မမှန်းဆဖူးတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းပါပဲ” ဟု ဒဏ်ရာရရှိသွားသော ၎င်း၏ဝမ်းကွဲညီအစ်ကိုထံ လာရောက်ကြည့်ရှုသည့် အသက် ၂၄ နှစ်အရွယ် ရှိုအစ်ဘ် (Shoaib) က အစ္စလာမ္မာဘတ်ရှိ PIMS ဆေးရုံတွင် CNN သို့ ပြောကြား ခဲ့သည်။

“သောကြာနေ့ ဝတ်ပြုနေတုန်း သေနတ်သံတစ်ချက် ကြားလိုက်ရတယ်၊ စက္ကန့်ပိုင်းအတွင်း မှာပဲ နားကွဲမတတ် ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ထွက်လာတာ။ လူတိုင်း အပြင်ကို ပြေး ကြသလို တချို့ကလည်း ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ဖို့ ကြိုးစားကြတယ်။ ကျွန်တော့် ညီကတော့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရသွားတယ်”

အစ္စလာမ္မာဘတ်ရှိ အမေရိကန်သံရုံးကလည်း အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ “အရပ်သားတွေနဲ့ ဘာသာရေးဝတ်ပြုရာနေရာတွေအပေါ် အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှုတွေ ဟာ လက်ခံနိုင်စရာ မရှိပါဘူး” ဟု X လူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။ “ပါကစ္စတန် ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာရှိမှုနဲ့ မိမိတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကို ကြောက်ရွံ့မှုမရှိဘဲ ကျင့်သုံးခွင့် ရသင့်ပါတယ်”

အပြစ်မဲ့အရပ်သားများကို ပစ်မှတ်ထားခြင်းသည် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်ခံစားရသည့် မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ရပ်တည်ကြောင်း ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) က ပြောကြားခဲ့သည်ဟု Associated Press က သတင်းဖော်ပြသည်။

အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ “အစ္စလာမ္မစ် စော်ဘွားများနိုင်ငံအနေနဲ့ ဗလီကျောင်းကန်တွေရဲ့ သန့်ရှင်းစင်ကြယ်မှုနဲ့ ဘာသာရေးဆိုင်ရာ ကျင့်ထုံးတွေကို ချိုးဖောက်ပြီး ဝတ်ပြုသူတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေဟာ အစ္စလာမ့်တန်ဖိုးတွေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ တန်ဖိုးတွေကို ဆန့်ကျင်နေတယ်လို့ ယူဆပါတယ်” ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးစုံစမ်းစစ်ဆေးမှုများအရ ပါကစ္စတန်တာလီဘန် (သို့မဟုတ်) Tehrik-i-Taliban Pakistan (TTP) အပေါ် သံသယရှိကြောင်း ရဲတပ်ဖွဲ့သတင်း ရင်းမြစ်များက ပြောဆိုသော်လည်း TTP ကမူ သောကြာနေ့တိုက်ခိုက်မှုနှင့် “လုံးဝပတ်သက် ခြင်း မရှိကြောင်း” ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည်။

“Tehreek-e-Taliban Pakistan ရဲ့ ပစ်မှတ်တွေက ရှင်းလင်းပြီး တိကျပါတယ်။ ပါကစ္စတန်ရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်သူတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

သောကြာနေ့က အစ္စလာမာဘတ်မြို့ရှိ ဗလီတစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် ဒဏ်ရာရ အမျိုးသားတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်နေစဉ်။ Aamir Qureshi/AFP/Getty Images(ပုံ)

အသက်ဆုံးရှုံးမှုဖြစ်စေသော တိုက်ခိုက်မှုတစ်ခုအပြီး ဗလီအပြင်ဘက်တွင် ရှီးအိုက်မွတ်စလင်များ ဝမ်းနည်းပူဆွေးနေပုံ Farooq Naeem/AFP/Getty Images (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက