နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

ဒီဇင်ဘာလ (၂၅)ရက်။

အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်(KSIP)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒီလိုဖိနှိပ်ချုပ်ချယ်ဖို့နဲ့ အကြမ်းဖက်လုပ်ငန်းတွေကို မီးကုန်ယမ်းကုန် အသုံးပြုပြီး ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ဖက်ဒရယ်ဒီမိုကရေစီကို ဖျက်ဆီးကာ အာဏာရှင်အုပ်စိုးမှုကို သက်ဆိုးရှည်စေဖို့ ကြိုးစားတဲ့ ဆင်ခြင်မဲ့ ဖြတ်လမ်းတခုကလွဲပြီး ဘယ်လိုမှ ထူးခြားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အဲ့ဒီအတုအယောင်ရွေးကောက်ပွဲဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ၂၀၀၈ခြေ/ဥကို ဖျက်သိမ်းပြီးဖြစ်ကာ အဲ့ဒီအခြေခံဥပဒေအောက်က ဖွဲ့စည်းကျင်းပဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ အဖွဲ့တွေက တရားမျှတမှု ကင်းမဲ့ပြီး ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖို့ တည်ထောင်ထားတဲ့ ယန္တရားတွေလို့ ဖော်ပြထားပါတယ်။

အခုလို စီစဉ်ထားတဲ့ ရွေးကောက်ပွဲမဲစနစ်ဟာ လိုရာဘက်လိုက် အနိုင်ပေးစနစ်သာဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ခြိမ်းခြောက်မှုနဲ့ပေးရတဲ့ မဲလက်မှတ်တွေက မသမာတဲ့မဲပြားတွေ၊ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့သာ သမိုင်းဆိုးတွင်သွားမှာသာဖြစ်တယ်လို့လဲ ရေးသားထားပါတယ်။

နောက်ပြီး အတုအယောင်ရွေးကောက်ပွဲကနေ မသမာတဲ့ သွေးစွန်းတဲ့မဲပြားတွေဟာ လက်ဝယ်ပိုင်ဆိုင်ရရှိထားတဲ့ ပြည်သူ့အချုပ်အခြာအာဏာနဲ့ ဖက်ဒရယ်ဒီမိုကရေစီရဲ့ တရားဝင်တာကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် KSIP အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် ပြည်သူကအပ်နှင်းထားတဲ့ အချုပ်အခြာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ကိုင်စွဲပြီး တရားဝင်မှုနဲ့ ကိုယ်စားပြုမှုတွေကို ပြည်သူတရပ်လုံး လက်ဝယ်ပိုင်ပိုင်ရရှိနိုင်ဖို့၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဒီနိုင်ငံကနေ အပြီးတိုင်ချုပ်ငြိမ်းဖို့ ပြည်သူတွေ မဟာမိတ်တွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။

အခု စစ်အာဏာရှင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ၊ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေ၊ နိုင်ငံတကာအဖွဲ့တွေ၊ သံတမန်တွေနဲ့အတူ ဆန့်ကျင်ကန့်ကွက်ပြီး ထွက်ပေါ်လာတဲ့ရလဒ်တွေနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို