နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီဂျစ်

အမေရိကန်က ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် ကြိုးပမ်းနေစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီဂျစ်နှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ သဘောတူညီချက်ကို ကြေညာ

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်

တဲလ်အဗစ် (Tel Aviv) — အမေရိကန်ပြည်ထောင်စုက အစ္စရေးနှင့် အီဂျစ်ခေါင်းဆောင် နှစ်ဦးကြား ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် တွန်းအားပေးနေစဉ်အတွင်း၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီဂျစ်နိုင်ငံနှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ကြေညာခဲ့သည်။

ရုပ်သံမှတစ်ဆင့် ပြောကြားသည့်ထုတ်ပြန်ချက်တွင် နေတန်ယာဟုက ဤသဘောတူညီချက် ကို “ အစ္စရေးသမိုင်းတွင် အကြီးမားဆုံးသော ဓာတ်ငွေ့ဆိုင်ရာသဘောတူညီချက်” အဖြစ် ချီးကျူးပြောဆိုခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ရှယ်ကယ်လ် ၁၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄.၆ ဘီလီယံခန့်) တန်ဖိုးရှိကြောင်း ၎င်းကဆိုသည်။

ယင်းသဘောတူညီချက်တွင် အမေရိကန်စွမ်းအင်ကုမ္ပဏီဖြစ်သော Chevron ပါဝင်ပြီး အီဂျစ်နိုင်ငံသို့ ဓာတ်ငွေ့များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

“ ဒီသဘောတူညီချက်ဟာ အစ္စရေးကို ဒေသတွင်းစွမ်းအင်အင်အားကြီးနိုင်ငံအဖြစ် အခိုင်အမာ ဖြစ်စေသလို၊ ဒေသတွင်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုပါတယ်။ ဒါ့အပြင် တခြား ကုမ္ပဏီတွေကိုလည်း အစ္စရေးရဲ့စီးပွားရေး ရေပိုင်နက်အတွင်း ဓာတ်ငွေ့ရှာဖွေရေးမှာ ရင်းနှီး မြှုပ်နှံဖို့ တွန်းအားဖြစ်စေမှာပါ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ကိစ္စရပ်နှင့် နီးစပ်သည့် အစ္စရေးသတင်းရင်းမြစ်တစ်ခု၏အဆိုအရ၊ အစ္စရေးသည် ဤသဘောတူညီချက်အား တရားဝင်အတည်ပြုရန် လပေါင်းများစွာ ကြန့်ကြာနေခဲ့ သော်လည်း နောက်ဆုံးတွင် ထရမ့်အစိုးရ၏ ဖိအားပေးမှုကြောင့် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒေသတွင်းငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် Abraham Accords ကို တိုးချဲ့ရန် ရည်ရွယ်ချက်ဖြင့် နေတန်ယာဟုနှင့် အီဂျစ်သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီ (Abdel Fattah el-Sisi) တို့အကြား ထိပ်သီးဆွေးနွေးပွဲတစ်ခု စီစဉ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အီဂျစ်နိုင်ငံဘက်ကမူ ဤဓာတ်ငွေ့သဘောတူညီချက်သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သီးသန့်အရောင်းအဝယ်တစ်ခုသာဖြစ်ပြီး မည်သည့်နိုင်ငံရေးလှုံ့ဆော်မှုမျှ မပါဝင်ကြောင်း ပြောဆိုထားသည်။

ဤသဘောတူညီချက်တွင် “ မည်သည့်နိုင်ငံရေးရှုထောင့် သို့မဟုတ် နားလည်မှုများ လုံးဝ မပါဝင်ပါ” ဟု အီဂျစ်နိုင်ငံတော်သတင်းပြန်ကြားရေးဌာန ဥက္ကဋ္ဌ ဒီယာ ရာရှဝမ် (Diaa Rashwan) က ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။

“ ဒီသဘောတူညီချက်ဟာ အီဂျစ်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေနဲ့ ကိုက်ညီပါတယ်။ အထူးသဖြင့် အရှေ့မြေထဲပင်လယ်ဒေသရဲ့ အဓိကဓာတ်ငွေ့ကုန်သွယ်မှုဗဟိုချက်အဖြစ် အီဂျစ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါတယ်” ဟု ရာရှဝမ်က ဆက်လက်ပြောကြားသည်။

ထို့အပြင် ရာရှဝမ်က ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ အီဂျစ်၏ ခိုင်မာသော ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့ပြီး ပါလက်စတိုင်းပြည်သူတို့၏ တရားဝင် အခွင့်အရေးများအတွက် မယိုင်မလဲ ထောက်ခံသွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အစ္စရေးနှင့် အီဂျစ်တို့သည် ၁၉၇၉ ခုနှစ်တွင် သမိုင်းဝင်ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသော်လည်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း လူသိရှင်ကြား တွေ့ဆုံခြင်းမျိုး မရှိခဲ့ကြပေ။

အခြားအစ္စရေးသတင်းရင်းမြစ်တစ်ခုကမူ နေတန်ယာဟု၏ ဤကြေညာချက်သည် ၎င်းနှင့် သမ္မတစီစီတို့အကြား ဖြစ်လာနိုင်ဖွယ်ရှိသည့် တွေ့ဆုံပွဲအတွက် လမ်းခင်းပေးသည့် ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်း ပြောဆိုသည်။

နေတန်ယာဟုသည် ယခုလနှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကာ မာရာလာဂို (Mar-a-Lago) တွင် သမ္မတထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

နေတန်ယာဟုသည် ပြီးခဲ့သည့် အောက်တိုဘာလက အီဂျစ်နိုင်ငံ ရှမ်အယ်လ်ရှိတ် (Sharm el-Sheikh) တွင် ကျင်းပသည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲသို့ ထရမ့်နှင့်အတူ တက်ရောက် ရန် ခေတ္တစီစဉ်ခဲ့သော်လည်း ရုတ်တရက် ပြန်လည်နုတ်ထွက်ခဲ့ဖူးသည်။

အီဂျစ်နိုင်ငံသည် ဂါဇာစစ်ပွဲတစ်လျှောက် ကြားဝင်စေ့စပ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသော်လည်း၊ နေတန်ယာဟုနှင့် စီစီတို့အကြား ဆက်ဆံရေးမှာမူ ကာလရှည်ကြာစွာ တင်းမာလျက်ရှိသည်။

Israeli Prime Minister Benjamin Netanyahu participates in a joint news conference with US President Donald Trump in the White House on September 29.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ