နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီဂျစ်

အမေရိကန်က ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် ကြိုးပမ်းနေစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီဂျစ်နှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ သဘောတူညီချက်ကို ကြေညာ

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်

တဲလ်အဗစ် (Tel Aviv) — အမေရိကန်ပြည်ထောင်စုက အစ္စရေးနှင့် အီဂျစ်ခေါင်းဆောင် နှစ်ဦးကြား ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် တွန်းအားပေးနေစဉ်အတွင်း၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီဂျစ်နိုင်ငံနှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ကြေညာခဲ့သည်။

ရုပ်သံမှတစ်ဆင့် ပြောကြားသည့်ထုတ်ပြန်ချက်တွင် နေတန်ယာဟုက ဤသဘောတူညီချက် ကို “အစ္စရေးသမိုင်းတွင် အကြီးမားဆုံးသော ဓာတ်ငွေ့ဆိုင်ရာသဘောတူညီချက်” အဖြစ် ချီးကျူးပြောဆိုခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ရှယ်ကယ်လ် ၁၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄.၆ ဘီလီယံခန့်) တန်ဖိုးရှိကြောင်း ၎င်းကဆိုသည်။

ယင်းသဘောတူညီချက်တွင် အမေရိကန်စွမ်းအင်ကုမ္ပဏီဖြစ်သော Chevron ပါဝင်ပြီး အီဂျစ်နိုင်ငံသို့ ဓာတ်ငွေ့များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

“ဒီသဘောတူညီချက်ဟာ အစ္စရေးကို ဒေသတွင်းစွမ်းအင်အင်အားကြီးနိုင်ငံအဖြစ် အခိုင်အမာ ဖြစ်စေသလို၊ ဒေသတွင်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုပါတယ်။ ဒါ့အပြင် တခြား ကုမ္ပဏီတွေကိုလည်း အစ္စရေးရဲ့စီးပွားရေး ရေပိုင်နက်အတွင်း ဓာတ်ငွေ့ရှာဖွေရေးမှာ ရင်းနှီး မြှုပ်နှံဖို့ တွန်းအားဖြစ်စေမှာပါ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

ကိစ္စရပ်နှင့် နီးစပ်သည့် အစ္စရေးသတင်းရင်းမြစ်တစ်ခု၏အဆိုအရ၊ အစ္စရေးသည် ဤသဘောတူညီချက်အား တရားဝင်အတည်ပြုရန် လပေါင်းများစွာ ကြန့်ကြာနေခဲ့ သော်လည်း နောက်ဆုံးတွင် ထရမ့်အစိုးရ၏ ဖိအားပေးမှုကြောင့် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒေသတွင်းငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် Abraham Accords ကို တိုးချဲ့ရန် ရည်ရွယ်ချက်ဖြင့် နေတန်ယာဟုနှင့် အီဂျစ်သမ္မတ အဗ္ဗဒဲလ် ဖာတာ အယ်လ်စီစီ (Abdel Fattah el-Sisi) တို့အကြား ထိပ်သီးဆွေးနွေးပွဲတစ်ခု စီစဉ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အီဂျစ်နိုင်ငံဘက်ကမူ ဤဓာတ်ငွေ့သဘောတူညီချက်သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သီးသန့်အရောင်းအဝယ်တစ်ခုသာဖြစ်ပြီး မည်သည့်နိုင်ငံရေးလှုံ့ဆော်မှုမျှ မပါဝင်ကြောင်း ပြောဆိုထားသည်။

ဤသဘောတူညီချက်တွင် “မည်သည့်နိုင်ငံရေးရှုထောင့် သို့မဟုတ် နားလည်မှုများ လုံးဝ မပါဝင်ပါ” ဟု အီဂျစ်နိုင်ငံတော်သတင်းပြန်ကြားရေးဌာန ဥက္ကဋ္ဌ ဒီယာ ရာရှဝမ် (Diaa Rashwan) က ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။

“ဒီသဘောတူညီချက်ဟာ အီဂျစ်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေနဲ့ ကိုက်ညီပါတယ်။ အထူးသဖြင့် အရှေ့မြေထဲပင်လယ်ဒေသရဲ့ အဓိကဓာတ်ငွေ့ကုန်သွယ်မှုဗဟိုချက်အဖြစ် အီဂျစ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါတယ်” ဟု ရာရှဝမ်က ဆက်လက်ပြောကြားသည်။

ထို့အပြင် ရာရှဝမ်က ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ အီဂျစ်၏ ခိုင်မာသော ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့ပြီး ပါလက်စတိုင်းပြည်သူတို့၏ တရားဝင် အခွင့်အရေးများအတွက် မယိုင်မလဲ ထောက်ခံသွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အစ္စရေးနှင့် အီဂျစ်တို့သည် ၁၉၇၉ ခုနှစ်တွင် သမိုင်းဝင်ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသော်လည်း၊ နှစ်နိုင်ငံခေါင်းဆောင်များသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း လူသိရှင်ကြား တွေ့ဆုံခြင်းမျိုး မရှိခဲ့ကြပေ။

အခြားအစ္စရေးသတင်းရင်းမြစ်တစ်ခုကမူ နေတန်ယာဟု၏ ဤကြေညာချက်သည် ၎င်းနှင့် သမ္မတစီစီတို့အကြား ဖြစ်လာနိုင်ဖွယ်ရှိသည့် တွေ့ဆုံပွဲအတွက် လမ်းခင်းပေးသည့် ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်း ပြောဆိုသည်။

နေတန်ယာဟုသည် ယခုလနှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကာ မာရာလာဂို (Mar-a-Lago) တွင် သမ္မတထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

နေတန်ယာဟုသည် ပြီးခဲ့သည့် အောက်တိုဘာလက အီဂျစ်နိုင်ငံ ရှမ်အယ်လ်ရှိတ် (Sharm el-Sheikh) တွင် ကျင်းပသည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲသို့ ထရမ့်နှင့်အတူ တက်ရောက် ရန် ခေတ္တစီစဉ်ခဲ့သော်လည်း ရုတ်တရက် ပြန်လည်နုတ်ထွက်ခဲ့ဖူးသည်။

အီဂျစ်နိုင်ငံသည် ဂါဇာစစ်ပွဲတစ်လျှောက် ကြားဝင်စေ့စပ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသော်လည်း၊ နေတန်ယာဟုနှင့် စီစီတို့အကြား ဆက်ဆံရေးမှာမူ ကာလရှည်ကြာစွာ တင်းမာလျက်ရှိသည်။

Israeli Prime Minister Benjamin Netanyahu participates in a joint news conference with US President Donald Trump in the White House on September 29.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက